What's happening?

Video Sources 7928 Views Report Error

  • Watch trailer
Dune (2021)

Dune (2021)

Beyond fear, destiny awaits.Sep. 15, 2021Canada155 Min.PG-13
Your rating: 0
8.2 5 votes

Synopsis

ဒီကားလေးကတော့ Sci-Fiလောကမှာ နာမည်ကြီးပြီးသား စာရေးဆရာကြီး Frank Herbertရဲ့ Duneကိုပဲ အခြေယူရိုက်ကူးထားတာပါ။ စာအုပ်ထွက်တုန်းကဆိုရင်လည်း sci-fiစာအုပ်တွေထဲမှာ best-selling ရခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ခေတ်လွန်အနာဂတ်မှာ လူသားတွေဟာ စကြဝဠာတစ်ခွင်ခြေဆန့်နိုင်ကြပါပြီ။ စကြဝဠာကြီးထဲမှာ ဧကရာဇ်က သြဇာအာဏာအရှိဆုံးဖြစ်ပြီး အိမ်တော်တွေက ဧကရာဇ်အမိန့်အောက်မှာ ဂြိုလ်တွေကိုအပိုင်စားအုပ်ချုပ်ရပါတယ်။ ဒါပေမဲ့ ကျယ်​​ပြောလှတဲ့ စကြဝဠာထဲမှာသွားလာနိုင်ဖို့အတွက် Spiceဆိုတဲ့အရာကို လိုအပ်ပါတယ်။ Spiceမရှိတော့ရင် အာကာသထဲမှာ ဂြိုလ်တစ်ခုကအခြားတစ်ခုဆီသွားလာဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီအချက်ကပဲ Spiceတွေကို စကြဝဠာထဲက တန်ဖိုးအရှိဆုံးအရာဖြစ်လာစေပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Spiceကိုသုံးစွဲရင် အသက်ရှ​ည်စေပြီး စိတ်အာရုံကိုလည်း နိုးကြားစေပါတယ်။ ဒီလိုမျိုး စကြဝဠာရဲ့ အသက်သွေးကြောလိုဖြစ်နေတဲ့ Spiceတွေကို အာရာကစ်(a.k.a)Duneဂြိုလ်ပေါ်မှာပဲ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီဂြိုလ်ကိုအုပ်စိုးခွင့်ရတဲ့ ဟာကွန်နင်အိမ်တော်က ဧကရာဇ်ထက်ပိုချမ်းသာလာပါတော့တယ်။ ဧကရာဇ်ကလည်း ဒီအချက်ကိုမကြိုက်လို့ အာရာကစ်ဂြိုလ်ကို အေထရိဒိစ်အိမ်တော်ဆီ ပြောင်းလဲအုပ်ချုပ်ခိုင်းလိုက်ပုံနဲ့ ဇာတ်လမ်းကအသက်ဝင်လာပါတယ်။

ဒီလိုစကြဝဠာရဲ့ အရေးပါဆုံးဂြိုလ်တစ်ခုကို လက်လွှဲယူရပြီးတဲ့နောက်မှာ ပါလာတဲ့ပြဿနာတွေ၊ ဟာကွန်နင်အိမ်တော်ဘက်က စပိုက်တွေကို လက်မလွှတ်ချင်တဲ့အခါ အေထရိဒိစ်တွေအပေါ်ကျရောက်လာမယ့် ကြမ္မာဆိုးတွေကြားမှာ စောင့်ကြည့်စရာလူတစ်ယောက် ရှိလာပါတယ်။ သူကတော့ အေထရိဒိစ်အိမ်တော်ရဲ့ သားတော်လေး ပေါလ်အေထရိဒိစ်ပဲဖြစ်ပါတယ်။ သူ့မှာမွေးကတည်းက မိခင်ဘက်ကစွမ်းအားတွေ ဆက်ခံထားရပြီး အာရာကစ်ဂြိုလ်ကို ကယ်တင်ပေးမဲ့ ပြင်ပဂြိုလ်ကအမိန့်စကားရှင်ဆိုပြီးတော့ ရွေးချယ်ခံရသူအဖြစ် လူတွေသိထားကြပါတယ်။ ဒီလိုကံကြမ္မာတွေအောက်မှာ ပေါလ်တစ်ယောက် သူ့ဘဝလမ်းအတိုင်း ဆက်လျှောက်နိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ရှုစားရမှာပါ။

ဒီစိတ်ကူးယဥ်universeကြီးမှာ အရာအားလုံးကို နောက်ကြောင်းခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားတဲ့အပြင် ရိုက်ကူးထားတဲ့ CGI effectတွေ၊ သုံးထားတဲ့ sound effectတွေကလည်း ရုပ်ရှင်ကားကောင်းတစ်ကောင်းဆိုတာကို သိသာစေပါတယ်။ ကြာချိန်ကလည်း နှစ်နာရီခွဲတောင်ဆိုတော့ ကိုယ်ကိုယ်တိုင် အဲဒီလောကထဲရောက်သွားသလို အားရပါးရလိုက်ပါခံစားပြီး ကြည့်ရှုရမယ့် ကားကောင်းလေးပါပဲနော်။

  • Format……….: .mp4 & .mkv
  • Quality………..: HDrip
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 2h 35min
  • Translator…..: Cyanide
  • Encoder………: MZM
Original title Dune
IMDb Rating 8.3 94,823 votes
TMDb Rating 8.1 2,064 votes

Director

Cast

Rebecca Ferguson isLady Jessica
Lady Jessica
Oscar Isaac isDuke Leto Atreides
Duke Leto Atreides
Zendaya isChani
Chani
Jason Momoa isDuncan Idaho
Duncan Idaho
Stellan Skarsgård isBaron Vladimir Harkonnen
Baron Vladimir Harkonnen
Josh Brolin isGurney Halleck
Gurney Halleck
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)
Dune (2021)

Similar titles

Jathi Ratnalu (2021)
Ip Man 4: The Finale (2019)
Kung Fu Panda (2008)
Naandhi (2021)
No Escape (2015)
Shang-Chi and the Legend of the Ten Rings (2021)
One Shot (2021)
Inside Man (2006)
Bill & Ted Face the Music (2020)
Like Stars on Earth (2007)
Night Teeth (2021)
John Wick (2014)
FB ဂရုလေးကိုလည်း join ထားပါ  Join FB Group
+