
ဒီကားလေးကတော့ 2020မှာထွက်ရှိထားတဲ့ အသစ်စက်စက်Animationကားလေးဖြစ်ပြီး သီချင်းဆိုခန်းလေးတွေအများကြီးနဲ့ ရိုက်ကူးထားပြီး IMDb rating 6.7/10အထိရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကိုပြောရရင် ရုစ်ဆိုတဲ့ကျွန်းလေးမှာ ဗိုက်ကင်းတွေနဲ့အတူ နဂါးစီးပြီးလူတွေကိုကူညီပေးနေတဲ့ မောင်နှမနှစ်ယောက် နေထိုင်ပါတယ်။ နဂါးတွေက အမျိုးအစားစုံလင်စွာရှိပြီး လူသားတွေရဲ့အဖော်ပါပဲ။ တစ်နေ့မှာ သီချင်းဆိုတဲ့နဂါးအမျိုးအစားတစ်ကောင်ပေါ်လာပြီး နဂါးတွေကိုသူ့သီချင်းတွေနဲ့ညှို့ယူပြီး သူ့အနားမှာသီချင်းဆိုရင်းနေစေပါတယ်။ ပုံမှန်ဆိုရင် သံစဥ်နဂါးလေးတွေက နှစ်ကောင်တွဲနေတတ်ပေမဲ့ သူကတော့အဖော်ပျောက်လို့ အခြားနဂါးတွေကိုညှို့ယူပြီးအဖော်ပြုနေတာပါ။
ဒီလိုနဲ့ ရိုစ်ကျွန်းကနဂါးစီးသူတို့ရဲ့ သူငယ်ချင်းလေးတွေ အညှို့ခံရချိန်မှာ ပြန်ကယ်တင်ဖို့ကြိုးစားရင်းနဲ့ ဘယ်လိုတွေကြုံရမလဲ။ သူတို့တွေ ကယ်တင်နိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါး၊ ရယ်ရယ်မောမောနဲ့ သီချင်းလေးတွေနားဆင်ရင်းကြည့်ရမယ့် ကားလေးပဲဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 175 MB | |
720p | Yandex | 284 MB | |
1080p | Yandex | 514 MB |