
မက်ထ်နဲ့ ဂျိုဝီတို့ဟာ ကင်ဆာရောဂါသည်မိခင် မုဆိုးမကြီးကိုစောင့်ရှောက်နေကြတဲ့ ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ပါ၊
တစ်နေ့တော့ မက်ထ်ရဲ့အကြံအစည်နဲ့ ရွာထိပ်က ခြသတ်ထားပြီးဆေးတွေဖြန်းရွက်ဖျင်တဲဖုံးလွှမ်းထားတဲ့ အဘွားကြီးတစ်ယောက်ရဲ့အိမ်ကိုဝင်ခိုးကြပါတယ်။ ပြန်အထွက်မှာ သူတို့ကိုမြင်သွားတဲ့ လုံခြုံရေးအစောင့်တစ်ယောက်ရဲ့လက်က လွတ်အောင်ထွက်ပြေးရင်းနဲ့လုံခြုံရေးအစောင့်ဟာ တွင်းတစ်ခုထဲလိမ့်ကျသွားပါတော့တယ်။
ဂျိုဝီက အဲ့ဒီလူကို ကယ်တင်ဖို့ပြောပေမယ့် သူ့အစ်ကို မက်ထ်ကို မလွန်ဆန်နိုင်တဲ့အတွက်ကယ်တင်လို့မရခဲ့ပါဘူး။ ဒါပေမယ့် အပြစ်ရှိသလိုခံစားရတဲ့ဂျိုဝီတစ်ယောက် အဲ့ဒီလူလိမ့်ကျနေတဲ့ တွင်းပေါက်ဝဆီမှာ စကားသွားသွားပြော လိုအပ်တာတွေသွားပို့ရင်းနဲ့ အဲ့ဒီလူကို မရှိတော့တဲ့ သူ့ဖခင်နေရာကိုအစားထိုးမိတော့မလို သံယောဇဉ်တွယ်လာမိပါတယ်။
မိခင်ကို ကယ်တင်ဖို့ ဆေးဖိုးလိုအပ်တယ်လို့တွင်တွင်ပြောတတ်ပေမယ့် ငွေတွေကို ကိုယ်ကျိုးအတွက်သုံးသူ့ကိုလဲ အမြဲအနိုင်ကျင့်တတ်တဲ့ အစ်ကို မက်ထ်၊ တစ်ချိန်လုံး အိမ်က ဆိုဖာမှာ ထိုင်ရင်း တီဗွီက သတင်းလေးတွေကိုထိုင်ကြည့်နေတတ်တဲ့ရောဂါသည်မိခင်၊ တွင်းထဲက သူ့ကိုကယ်တင်ဖို့ အမြဲပြောနေတတ်တဲ့(ကယ်တင်မိရင် သူတို့ကိုလက်ထောက်ချ ရဲတိုင်နိုင်တဲ့) လူစိမ်း တွေကြားထဲမှာ ဂျိုဝီတစ်ယောက်
ဘယ်လိုဆုံးဖြတ်မှာလဲ၊
ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပြီး အဆုံးထိ လှည့်ကွက်တွေအပြည့်နဲ့ ကြိုမတွက်ထားမိလောက်တဲ့ အချိုးအကွေ့တွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်၊
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 953 MB | |
720p | ⚡Fast Drive | 420 MB | |
480p | ⚡Fast Drive | 255 MB | |
🔥 1080p 5.1CH | G Drive | 953 MB | |
720p | G Drive | 420 MB | |
480p | G Drive | 255 MB | |
🔥 1080p 5.1CH | Solid Drive | 953 MB | |
720p | Solid Drive | 420 MB | |
480p | Solid Drive | 255 MB | |
🔥 1080p 5.1CH | Yandex | 953 MB | |
720p | Yandex | 420 MB | |
480p | Yandex | 255 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 953 MB | |
720p | Yandex | 420 MB | |
480p | Yandex | 255 MB |