
ဒီကားဟာ2020မှာထွက်ရှိတဲ့ ကားသစ်တစ်ကားဖြစ်ပြီး IMDb 5.6 ရရှိထားကာ ဒါရိုက်တာ Stephen Gaghan ရိုက်ကူးထားပြီး လူကြိုက်များတဲ့IronMan ကားထဲကမင်းသားကြီး Robert Downey Jr. အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒေါက်တာဂျွန်ဒူးလစ်တဲဟာ ၁၉ရာစုက အင်္ဂလန်န်ိုင်ငံက သူ့ခြံကျယ်ကြီးထဲမှာ ဝမ်းနည်းစရာကိစ္စတစ်ခုကြောင့် အထီးကျန်နေထိုင်နေပါတယ်။ သူ့အဖော်တွေကတော့ သူစကားပြောနိုင်တဲ့ တိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ဒီလိုနေလာရင်းကနေ တစ်ရက်မှာ ဘုရင်မကြီးဖျားနာလာတာကြောင့် ကုသဖို့အခေါ်လွှတ်လိုက်တဲ့အခါ ဘာတွေတွေ့ကြုံရမလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်နော် ။ ဒီကားမှာ အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland. Selena gomez. John Cenaစတဲ့ နာမည်ကြီးတွေက သရုပ်ဆောင်ထားပါတယ်