
MCU ရဲ့ မှော်ဆရာထိပ်ခေါင်ကြီး ဒေါက်တာစထရိန်း အကြောင်း ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါ။
အလွန်အင်မတန်တော်တဲ့ခွဲစိတ်ဆရာဝန် စတီဖင်စထရိန်းဟာ အင်မတန်ဆိုးဝါးတဲ့ ကားအက်စီးဒန့် ဖြစ်ကာ သူ့အတွက် အသက်လို့ပြောလို့ရတဲ့ လက်နှစ်ဖက်လုံး ခွဲစိတ်ဓါး မကိုင်နိုင်တော့တဲ့အထိ ဆုံးရှံးခဲ့ရပါတယ်။
လက်နှစ်ဖက်ကို ပြန်လည်ကုသဖို့ နည်းလမ်းရှာပေမယ့်လဲ ပိုက်ဆံတွေသာကုန်သွားတယ် အဆင်မပြေခဲ့ပါဘူး
နောက်ဆုံး ဆရာဝန်ဆိုတဲ့ မာနတွေ အကုန်ခဝါချပြီး ဘဝကိုဖြစ်သလို နေတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ချိန် သူ့ကို မျှော်လင့်ချက်အလင်းရောင် ပြန်ပေးသူကတော့ တချိန်က သူ့ဆီကို လာကုဖို့ ရက်ချိန်းလာယူတဲ့ အောက်ပိုင်းသေလူနာ ဂျော်နသန်ပါ။
ဘယ်လိုမှ ကုမရနိုင်တော့တဲ့ လူနာမို့ သူငြင်းလိုက်ပေမယ့် အခု ဂျော်နသန်ဟာ လူကောင်းပကတိ လုံးလုံး ဖြစ်နေတာမို့ စတီဖင် ဟာ သူ့ကို ဘယ်သူ ကုသပေးတာလဲ ဟု မေးပါတော့တယ်.
ဒါပေမယ့် ဂျော်နသန် ကို ကုသပေးတာ စတိဖင် ထင်ထားသလို ဆရာဝန်သမားတော် မဟုတ်ပဲ ဂန္ဘီရနယ်မြေ ရှမ်ဘဲလား မှာ ကာမာတာ့ဂျ် ဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ခု ဆိုတာ သိလိုက်သောအခါ….