
ခရစ်စတင်း (Maggie Q) နဲ့ နေးလ်(Luke Hemsworth) တို့ဟာ ငယ်ချစ်ဇနီးမောင်နှံတွေဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကျွန်းလေးတစ်ကျွန်းကိုရောက်နေကြပါတယ်။ နေးလ်ဟာ ခရီးသွားသတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ပရိသတ်တွေကို သွားနေကျမဟုတ်တဲ့ လမ်းကြောင်းတွေ နေရာတွေကိုရှာကြံခေါ်ဆောင်ရာကနေ ဒေသခံအများစုထိုင်တဲ့ ဘားလေးတစ်ခုမှ သောက်ကြရာက အမူးလွန်သွားခဲ့ကြပါတယ်။
နောက်တစ်နေ့မနက်မှာတော့ သူတို့နှစ်ယောက်ဟာ ရှုပ်ပွပေရေနေတဲ့အခန်းထဲမှာ သူတို့ကိုယ်တိုင်လဲ ရွှံ့အလူးလူး မနေ့ညက ကိစ္စတွေကိုဘာမှ မမှတ်မိပဲနိုးထလာကြပါတယ်။ ဘာမှသိပ်စဉ်းစားချိန်မရပဲ ကူးတို့အမှီအမြန်ပြေးကြရတယ်။ ဟိုရောက်တော့ ပတ်စ်ပို့မပါတဲ့အတွက် ကူးတို့ပေါ်တက်ခွင့်မရပဲတည်းတဲ့နေရာကိုပြန်လာရပါတယ်။ အဲ့ဒီမှာ သူတို့သတိရလိုက်တာက မနေ့ညကအဖြစ်အပျက်တွေကို နေးလ် ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာပါ။ သူ့ကင်မရာကို ပြန်ကြည့်ရင်းနဲ့က ထူးခြားတဲ့ ဗီဒီယိုတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီဗီဒီယိုမှာပါဝင်တာကတော့ နေးလ်နဲ့ခရစ်စတင်းဟာ နေရာစိမ်းတစ်ခုမှာချစ်တင်းနှောနေရင်းနဲ့ နေးလ်က ခရစ်စတင်းကို လည်ပင်းညှစ်သတ် တစ်ခါတည်းနေရာမှာတင် မြေမြုပ်ပစ်ခဲ့တာပါပဲ။
ဒီလိုဆိုရင် အဲ့ဒီဗီဒီယိုကိုအတူတူကြည့်နေတဲ့ ခရစ်စတင်းက ဘယ်သူလဲ? ဒါမှမဟုတ် ဒီနေရာကို ဘယ်လိုရောက်လာလဲ? သူတို့လုံး၀ မှတ်ဉာဏ်ပျောက်သွားရလောက်အောင် ပြီးတော့ နေးလ်က သူသိပ်ချစ်တဲ့ဇနီးကိုသတ်ပစ်ရလောက်အောင် ဘယ်လိုအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့လဲ? သူတို့ တစ်စတစ်စ ခြေရာလိုက်ကောက်ရင်းက ကျွန်းသူကျွန်းသားတွေရဲ့ ထူးခြားတဲ့ ဆက်ဆံရေး အပြုအမူ တွေကိုသတိထားမိလာတဲ့အခါ..။
မြန်မာပရိသတ်တွေ Naked Weapon,Nikita တို့နဲ့သိကြတဲ့ Maggie Q နဲ့ Luke Hemsworth (Westworld) တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 366 MB | |
720p | Backup | 668 MB | |
1080p | Backup | 1.38 GB | |
480p | G Drive | 366 MB | |
480p | Solid Drive | 366 MB | |
480p | Yandex | 366 MB | |
720p | G Drive | 668 MB | |
720p | Solid Drive | 668 MB | |
720p | Yandex | 668 MB | |
1080p | G Drive | 1.38 GB | |
1080p | Solid Drive | 1.38 GB | |
1080p | Yandex | 1.38 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 366 MB | |
720p | Backup | 668 MB | |
1080p | Backup | 1.38 GB | |
480p | Yandex | 366 MB | |
720p | Yandex | 668 MB | |
1080p | Yandex | 1.38 GB |