
ဒီတစ်ခါတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ အကြိုက်တွေ့တဲ့ပရိတ်သတ်တွေအတွက် IMDb rating 6.5အထိရထားတဲ့ ကားကောင်းလေးလာပါပြီ။
ဇာတ်လမ်းအကျဥ်းကတော့ တက်ဒီမူရက်တိုဆိုတာ အထက်တန်းလွှာလောကရဲ့ လူ့မလိုင်တွေကြားမှာ ကလိမ်ကကျစ်ဥာဏ်နဲ့ကျင်လည်နေတဲ့ လူလိမ်တစ်ယောက်ပါ။ ဒီလိုနဲ့အလည်လွန်တဲ့ဘီးက တစ်ရက်တော့အီးနင်းမိပါတယ်။ သူ့ကိုအလုပ်အပ်ထားတဲ့လူတွေဆီကနေ သန်းနဲ့ချီတဲ့ဒေါ်လာတွေကို ဘုံးပစ်မိတဲ့တက်ဒီနောက်ကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းသတ်ဖို့ ကြေးစားလူသတ်သမားတွေ အများကြီးလိုက်လာပါတော့တယ်။ ဒီလိုနဲ့ပြေးမလွတ်တဲ့အဆုံး ဂန်းခရိမြို့လေးက ရဲမေတစ်ယောက်ကို အသားလွတ်ပြေးထိုးပြီး အချုပ်ခန်းထဲဝင်ခံလိုက်ပါတယ်။ ဘာလို့ဆိုတော့ သူ့အတွက်အချုပ်ခန်းက အလုံခြုံဆုံးနေရာဆိုတာကို သူသိလို့ပါပဲ။ ဒါပေမဲ့ လက်ရဲဇက်ရဲရှိတဲ့အပြင် လူသတ်ပုံတွေကကြမ်းလွန်းလို့နာမည်ကြီးတဲ့ ဘော့ဗစ်ဒစ်ဆိုတဲ့ကြေးစားတစ်ယောက်ကလည်း တက်ဒီရဲ့အကြံကိုအတုခိုးပြီး အရက်မူးပြီးကားမောင်းချင်ယောင်ဆောင်ပြီးတော့ အချုပ်ခန်းထဲထိလိုက်လာပါတယ်။ သူတို့ကြားက ရန်ငြှိုးတွေပြဿနာတွေကြားမှာ ကြားညှပ်တာကတော့ ရဲတပ်ဖွဲ့ဝင်တွေပါ။ အထူးသဖြင့် ဒီကိစ္စကိုအရမ်းဖော်ထုတ်ချင်နေတဲ့ ရဲမေလေးဗဲလာရီယန်းပါ။
ဒီလိုအရှုပ်ထုပ်တွေကြားမှာ တက်ဒီရော အသက်ရှင်နိုင်ပါ့မလား။ သူ့နောက်ကိုလိုက်လာတဲ့လူတွေက ဗစ်ဒစ်တစ်ယောက်တည်းမဟုတ်တဲ့အခါ ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ရဲမေလေးဗဲလာရီရော အသက်ဘေးကင်းပါ့မလား။ နောက်ဆုံးမှာ ဘယ်လိုလှည့်ကွက်တွေသုံးသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ ဇာတ်လမ်းကပျင်းချိန်မရအောင် ဆွဲဆောင်သွားနိုင်တဲ့အပြင် ကြာချိန်ကလည်း နှစ်နာရီနီးပါးဆိုတော့ အဝကြည့်ရမယ့် ကားကောင်းလေးပါပဲနော်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.38 GB | |
720p | Solid Drive | 520 MB | |
480p | Solid Drive | 318 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.38 GB | |
720p | ⚡Fast Drive | 520 MB | |
480p | ⚡Fast Drive | 318 MB | |
🔥 1080p 5.1CH | G Drive | 1.38 GB | |
720p | G Drive | 520 MB | |
480p | G Drive | 318 MB |