
ဒီကားလေးကတော့ 14ရာစုလောက်က ကွန်စတင်တီနိုဗယ်မြို့(ယခု အစ်စတန်ဘူမြို့)ကို တူရကီတွေက အခက်အခဲတွေကြားကနေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပုံကို အခြေခံပြီးရိုက်ကူးထားတဲ့ Action, Drama, History အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.7/10 အထိရရှိထားပါတယ်။
ဒီကားအစမှာတော့ ပုရောဟိတ်ကြီးတစ်ယောက်က တစ်နေ့ကျရင် တူရကီတွေထဲမှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တစ်ယောက် ပေါ်ပေါက်လာပြီးတော့ ကွန်စတင်တီနိုဗယ်ကို သိမ်းပိုက်နိုင်မယ်လို့ဟောခဲ့ပါတယ်။ဒီလိုနဲ့ပဲ တစ်ရက်မှာဟောကိန်းထဲက နိမိတ်တွေနဲ့ကိုက်ညီသူတစ်ယောက် မွေးဖွားလာခဲ့ပါတယ်။ သူမွေးဖွားလာခဲ့ချိန်မှာ ဖခင်ရဲ့ထီးနန်းကို အသက်၁၂နှစ်နဲ့လွှဲပြောင်းယူနိုင်ခဲ့ပေမဲ့ နန်းတွင်းအမတ်တွေက မလိုလားလို့ နယ်စပ်မြို့မှာငါးနှစ်လောက် သွားနေခဲ့ရပြီး ထီးနန်းကိုဖခင်ထံပြန်အပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ဖခင်နတ်ရွာစံချိန်မှာတော့ ထီးနန်းကိုပြန်လည်ရရှိခဲ့ပြီး ကွန်စတင်တီနိုဗယ်ကို အခွန်ဆက်နေရတဲ့ အားနည်းတဲ့နိုင်ငံအဖြစ်ကနေ နိုင်ငံတွင်းပဋိပက္ခတွေ၊ ရန်သူနိုင်ငံတွေရဲ့ ထိုးနှက်ချက်တွေ၊ ဘာသာခြားတွေရဲ့ ပရိယာယ်တွေ စတဲ့အခက်အခဲပေါင်းစုံကို အောင်မြင်အောင်ဖြေရှင်းနိုင်ပြီး အော်တိုမန်အင်ပါယာကို တည်ထောင်နိုင်ခဲ့ပုံကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။
သမိုင်းကြောင်းတွေကို စိတ်ဝင်စားပြီး ရှေးခေတ်ကစစ်ပွဲတွေကို သဘောကျသူတွေ အကြိုက်တွေ့စေမဲ့ ကားလေးပဲဖြစ်ပါတယ်။
ဒေါင်ပြီးကြည့်တဲ့အခါ အသံမထွက်ဘူး အသံမရဘူးဆိုသူများ ဒီနေရာလေး ကိုနှိပ်ပြီး အရင်ဖတ်ကြည့်ပေးပါ။