
အထက်တန်းကျောင်းဆရာ အလန်(ဟော့ဂီ)၊ ဇနီးသည် ဂျီလ်နဲ့ မယားပါသားတွေဖြစ်ကြတဲ့ မိုင်ကယ်နဲ့ ဂျော်ဒန်တို့ ဝေးလံခေါင်ဖျားတဲ့ကမ်းရိုးတန်းဒေသဘက်ကို အပန်းဖြေခရီး ထွက်လာရာကနေ ကလေကလွင့်နှစ်ယောက်ဖြစ်တဲ့၊ စိတ္တဇ မူမှန်ပုံမရတဲ့ မန်ဒရိတ်နဲ့ ကျပ်မပြည့်တဲ့ သူ့အဖော် တပ်ဘ်တို့နဲ့ရင်ဆိုင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အစပိုင်းကတော့ သူတို့ကားအပါအဝင် ပါလာတဲ့ပစ္စည်းမှန်သမျှ လုယက်ပြီးရင်ထားခဲ့မလို့ရည်ရွယ်ဟန်ရှိပေမယ့် စကားတစ်ခွန်းကြောင့်အလန်ရဲ့ နာမည်ပြောင် ဟော့ဂီကို သိသွားတဲ့အချိန်မှာ သူတို့ဟာ တစ်စုံတစ်ရာကိုမှတ်မိသွားပါတော့တယ်။ အဲ့ဒီတစ်စုံတစ်ရာကြောင့်ပဲ ဟော့ဂီနဲ့တကွ သူနဲ့ပတ်သက်သူတွေ ကြမ္မာဆိုးကြုံရဖို့ဖြစ်လာပါတော့တယ်။
ဟော့ဂီရဲ့ အတိတ်မှာ ဘာတွေရှိခဲ့မလဲ၊ ဒီလူတွေနဲ့ရော ဘယ်လိုပတ်သက်နေမလဲ၊ ဟော့ဂီကိုယ်တိုင်တောင်မမှတ်မိတဲ့ဖြစ်ရပ်တစ်ချို့ကို စွဲစွဲမြဲမြဲမှတ်သားနာကျည်းရလောက်အောင် ဟော့ဂီ ဘာတွေကျူးလွန်ခဲ့တာဖြစ်မလဲ။
ဟော့ဂီဆိုတာ သိသိချင်းမှာတင်ပဲ ဘယ်လိုမှထင်မထားရတဲ့ လှည့်ကွက်ကြီးတစ်ခုနဲ့ စကြမ်းထားတဲ့အတွက် နောက်ပိုင်းတွေမှာလဲဘယ်အချက် ဘယ်လိုအချိန်မှ ထဖောက်ကြမလဲ မသိနိုင်တဲ့ လူဆိုးဘဲနှစ်ပွေကြောင့်ရော အဓိကသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့်ရဲ့တကယ့်ကို သည်းထိတ်ရင်ဖို ခံစားကြည့်ရှုရမယ့် psychological/thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 910 MB | |
720p | Solid Drive | 339 MB | |
480p | Solid Drive | 211 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 910 MB | |
720p | ⚡Fast Drive | 339 MB | |
480p | ⚡Fast Drive | 211 MB | |
🔥 1080p 5.1CH | G Drive | 910 MB | |
720p | G Drive | 339 MB | |
480p | G Drive | 211 MB |