
ဒီကားလေးကတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Drama, Thriller အမျိုးအစား ရုပ်ရှင်ကားလေးပါ။
မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ မိန်းမဖြစ်သူရဲ့စာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေနိုင်ငံကို ကားမောင်းပြီးထွက်လာကြပါတယ်။ သူတို့သွားတဲ့လမ်းမှာ ညဘက်ရောက်တော့ ဆီးနှင်းမိုးတွေရွာချပြီး ကားမောင်းမရဖြစ်လာတဲ့အတွက် လမ်းဘေးချရပ်ပြီး မနက်မှဆက်မောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မနက်ရောက်ချိန် သူတို့တွေနိုးလာချိန်မှာတော့ ကားတစ်စီးလုံးဟာ ဆီးနှင်းထဲနစ်မြုပ်နေပြီး တံခါးတွေဖွင့်မရတော့တဲ့အပြင် စက်ပါနှိုးလို့မရတော့ပါဘူး။ မိန်းမဖြစ်သူက ကားမှန်ကိုခွဲပြီး နှင်းကိုတူးထွက်ပြီးတော့ သွားကြဖို့ပြောပေမဲ့ မိန်းမဖြစ်သူမှာကိုယ်ဝန်ရှိနေတဲ့အတွက် နှင်းမုန်တိုင်းထဲသွားမယ့်အစား လေလုံနေလို့အနွေးဓာတ်ရှိနေတဲ့ကားထဲမှာ ကယ်ဆယ်ရေးလာအောင်စောင့်တာက ပိုသင့်တော်တယ်လို့ မက်ကဆုံးဖြတ်ခဲ့ပါတယ်။
သူတို့တွေ ရေခဲအတိဖုံးနေတဲ့ အဲဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလား။ ကယ်ဆယ်ရေးတွေကရော ရောက်လာပါ့မလား။ သူတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘဲ ပြဿနာတွေရှိလာတဲ့အခါရော အတူပိတ်မိနေတဲ့သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီကားလေးမှာရှုစားရမှာပါ။
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 169 MB | |
720p | Backup | 241 MB | |
1080p | Backup | 453 MB | |
480p | Yandex | 169 MB | |
720p | Yandex | 241 MB | |
1080p | Yandex | 453 MB |