
အီနစ်ဟာ ရုပ်ရှင်ဆင်ဆာကြည့်ပေးရတဲ့သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကိုစနစ်တကျလုပ်ကိုင်ပြီး ဂုဏ်ယူတတ်သူပါ။ အဲ့ဒီအချိန် ၁၉၈၀ ဝန်းကျင်ဗြိတိန် ဈေးကွက်မှာရေပန်းစားနေတဲ့အပေါစား ရက်စက်ကြမ်းကြုတ်မှု ဦးစားပေးလူသတ်ကားတွေကြောင့် ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေတိုးမြှင့်လာနေတယ်လို့ ဝေဖန်သံတွေကျယ်လောင်နေပြီး အဲ့ဒီလိုကားတွေအပေါ်တင်းတင်းကျပ်ကျပ်နှိမ်နင်းနေချိန်လဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာငယ်ဘဝတုန်းက ပျောက်ဆုံးသွားခဲ့တဲ့ညီမဖြစ်သူနဲ့ပတ်သက်ပြီးအပြစ်မကင်းနိုင်တဲ့ခံစားချက်ကိုရင်ဆိုင်နေရဆဲဖြစ်သလို အဲ့ဒီ ကိစ္စနဲ့ပတ်သက်တဲ့အတိတ်မှတ်ဉာဏ်တွေဟာလဲ အခုချိန်ထိ ပေါ်ပေါ်လာနေဆဲဖြစ်ပါတယ်။ သူ့မိဘတွေကတော့ ဒီအဖြစ်တွေကနေ သူ့ကိုလွတ်မြောက်စေချင်တဲ့အတွက် ပျောက်ဆုံးသွားတဲ့ သမီးငယ်ကိုသေစာရင်းလက်မှတ်ထိုးပြီး ပြည်ဖုံးကားချလိုက်ကြပါတယ်။
တစ်နေ့ ဆင်ဆာကြည့်ရင်း သူတို့အဖြစ်နဲ့တိုက်ဆိုင်တဲ့ ကိုယ်တွေ့ကြုံဖူးတဲ့အတိတ်မှတ်ဉာဏ်တွေကိုသတိရစေတဲ့ရုပ်ရှင်တစ်ကားကို ကြည့်မိချိန်မှာတော့ ဒါတွေဟာ သူ့အတိတ်နဲ့ဘယ်လိုဆက်စပ်နေတဲ့အကြောင်းကိုအဖြေရှာကြိုးစားပါတော့တယ်။
လူတွေရဲ့ စိတ်ဒဏ်ရာ၊ အစွဲအလန်း ဥပါဒါန်တွေဟာ ဘယ်လောက်ဝေးဝေးသွားနိုင်သလဲဆိုတာကို တစ်ဖြည်းဖြည်း သူတွေ့ကြုံလာတဲ့ရုပ်ရှင်လား လက်တွေ့လား မပိုင်းခြားနိုင်တော့တဲ့ စိတ္တဇဆန်ဆန် အခြေအနေတွေမှာ တွေ့မြင်ရပါလိမ့်မယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 823 MB | |
720p | ⚡Fast Drive | 328 MB | |
480p | ⚡Fast Drive | 202 MB | |
🔥 1080p 5.1CH | G Drive | 823 MB | |
720p | G Drive | 328 MB | |
480p | G Drive | 202 MB | |
🔥 1080p 5.1CH | Solid Drive | 823 MB | |
720p | Solid Drive | 328 MB | |
480p | Solid Drive | 202 MB |