
Halloweenကလည်း ရောက်ခါနီးပြီဆိုတော့ တစ္ဆေကားလေးထဲကမှ မိသားစုနဲ့ကြည့်လို့ကောင်းတဲ့ ဟာသကားလေးဖြစ်တဲ့ ခင်မင်တတ်တဲ့တစ္ဆေလေးကတ်စပါဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်စပါဆိုရင် မသိတဲ့လူမရှိသလောက်ဖြစ်ကြမှာပါ။ 1995ခုနှစ်က ကားဟောင်းလေးဆိုပေမဲ့ ဆုလေးခုအထိရရှိထားတဲ့ကားလေးပါ။ ဒါ့အပြင် ဒီကားလေးက လူမဟုတ်တဲ့ CGI characterကို ခေါင်းဆောင်တင်ရိုက်ထားတဲ့ ပထမဆုံးကားလေးလည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကိုပြောရရင် မိန်းမြို့ကဝှစ်စတက်အိမ်မှာ တစ္ဆေကလေးကတ်စပါနဲ့ သူ့ဦးလေးသုံးယောက် နေကြပါတယ်။ ဒီအိမ်မှာလူမနေတာကြာပေမဲ့ ပိုင်ရှင်ဖြစ်တဲ့သူဌေးကြီးသေဆုံးချိန်မှာ သူ့သမီးဖြစ်သူကို အမွေပေးခဲ့ပါတယ်။ သူ့သမီးကအိမ်ဆီမှာ ရတနာတွေရှိတယ်ဆိုပြီးလာရှာတော့ တစ္ဆေခြောက်ခံလိုက်ရပါတယ်။ ဒါကြောင့် တစ္ဆေနှိမ်နှင်းပေးတယ်ဆိုတဲ့ ဒေါက်တာဂျိမ်းဟာဗေးနဲ့ သူ့သမီးကတ်တို့ကို ခေါ်ဖို့ဖြစ်လာပါတယ်။ သူတို့ရောက်လာချိန်မှာတော့ ကတ်စပါနဲ့ကတ်တို့ ရင်းနှီးသွားပြီးတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြပါတယ်။
ကတ်စပါက ဘာလို့တစ္ဆေဖြစ်နေရတာလဲ။ အိမ်ထဲမှာရော ရတနာတွေတကယ်ရှိတာလား။ ကတ်စပါရဲ့ ဦးလေးသုံးယောက်ကရော ဘယ်လိုတွေနှောင့်ယှက်ကြမလဲဆိုတာတွေကို စိတ်ကူးယဥ်ဆန်ဆန်လေးရိုက်ပြထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 368 MB | |
720p | Backup | 661 MB | |
1080p | Backup | 1.37 GB | |
480p | G Drive | 368 MB | |
480p | Solid Drive | 368 MB | |
480p | Yandex | 368 MB | |
720p | G Drive | 661 MB | |
720p | Solid Drive | 661 MB | |
720p | Yandex | 661 MB | |
1080p | G Drive | 1.37 GB | |
1080p | Solid Drive | 1.37 GB | |
1080p | Yandex | 1.37 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 368 MB | |
720p | Backup | 661 MB | |
1080p | Backup | 1.37 GB | |
480p | Yandex | 368 MB | |
720p | Yandex | 661 MB | |
1080p | Yandex | 1.37 GB |