
၁၉၉၀ ဝန်းကျင်တွေဆီကတန်ဖိုးနည်းအိမ်ယာတစ်ခုဖြစ်ခဲ့တဲ့ ကာဘရီနီတိုက်မြင့်တွေဖြိုဖျက်အပြီး နှစ်ပေါင်းသုံးဆယ်နီးပါးမှာ စက္ခုအနုပညာရှင်အန်သိုနီနဲ့ သူ့ချစ်သူတို့ဟာ တန်ဖိုးကြီးအိမ်ယာစီမံကိန်းအဖြစ်အသစ်ပြုပြင်ထားတဲ့ ကာဘရီနီကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။
တစ်ချိန်က ဒီပတ်ဝန်းကျင်ဟာ နာမည်ဆိုးအတိတ်ဆိုးတွေနဲ့ကျော်ကြားခဲ့ဖူးတဲ့နေရာတစ်ခုပါ။ လူတွေပြောကြတဲ့ ပါးစပ်ရာဇဝင်တွေထဲ ကန်ဒီမန်းဆိုတဲ့ လက်တစ်ဖက်မှာအသားချိတ်တဲ့ချိတ်ကောက်နဲ့လောင်းကုတ်ကြီးနဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းဟာထင်ရှားပါတယ်။ မှန်ရှေ့မှာ ဒီနာမည်ကို ငါးခါရွတ်ခဲ့ရင် ကန်ဒီမန်းရောက်ရှိလာပြီးခေါ်တဲ့သူကိုသတ်ဖြတ်ပစ်တယ်လို့ဆိုကြတာပါ။
ဒီလိုနဲ အန်သိုနီဟာပြပွဲအတွက် စိတ်ကူးကွန့်မြူးစရာအသစ်ကုန်ကြမ်းရှာဖွေရင်းနဲ့ အရင်ရပ်ကွက်ဟောင်းတွေဆီကလက်ကျန်လူဟောင်းတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အဲ့ဒီကြောက်မက်ဖွယ်ဇာတ်လမ်းတွေရဲ့နောက်ကွယ်ကကြေကွဲဖွယ်အဖြစ်တွေကိုထဲထဲဝင်ဝင်သိခွင့်ရခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းကို အနုပညာတစ်ခုအဖြစ်ပုံဖော်လိုက်မိခြင်းနဲ့အတူ အဲ့ဒီအဖြစ်အပျက်တွေတစ်ပတ်ပြန်လည်လာဖို့ လမ်းဖွင့်ပေးလိုက်မိပြီဆိုတာ သူမသိခဲ့ပါဘူး။
1992 ကနာမည်ကျော် Classic Horror Film တစ်ခုဖြစ်တဲ့ Candyman ကိုတိုက်ရိုက်ချိတ်ဆက်ထားပြီး အဲ့ဒီထဲကအဖြစ်အပျက်တွေအပြီး ၂၇ နှစ်အကြာမှာ ဒီဇာတ်လမ်းကိုပြန်လည်စတင်ထားတာဖြစ်သလို မူရင်းသရုပ်ဆောင်တစ်ချို့ကိုလဲပြန်မြင်တွေ့ရပါလိမ့်မယ်။
Jordon Peele လက်ရာဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်အိမ်နဲ့သရုပ်ဆောင်တွေပြောစရာမလိုအောင် သေသပ်ပါတယ်။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့အတွက်၊ဝင်ငွေလဲကောင်းRating လဲမြင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 2.22 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.03 GB | |
720p | ⚡Fast Drive | 371 MB | |
480p | ⚡Fast Drive | 233 MB | |
🔥 4K | G Drive | 2.22 GB | |
🔥 1080p 5.1CH | G Drive | 1.03 GB | |
720p | G Drive | 371 MB | |
480p | G Drive | 233 MB | |
🔥 4K | Solid Drive | 2.22 GB | |
🔥 1080p 5.1CH | Solid Drive | 1.03 GB | |
720p | Solid Drive | 371 MB | |
480p | Solid Drive | 233 MB |