
Books of Blood ဟာ ၁၉၈၄/၈၅ ကထွက်ရှိခဲ့ပြီး စာရေးဆရာကို နေ့ချင်းညချင်းဆိုသလိုအောင်မြင်စေခဲ့တဲ့စာအုပ်တွဲတွေဖြစ်ပါတယ်။ သဲထိတ်ရင်ဖိုတို့ရဲ့ ဖခင်ကြီး Stephen King ကိုယ်တိုင် “the future of horror”လို့ ချီးကျူးခဲ့ပြီး ရုပ်ရှင်တီဗွီဇာတ်လမ်းတွေအဖြစ်လဲ ပြန်အသက်သွင်းခဲ့ကြပါတယ်။ ဒီနာမည်နဲ့လဲ 2009 ခုနှစ်ကတစ်ကားထွက်ရှိထားပြီးအောင်မြင်ခဲ့ပါတယ်။
အခု ဒီကားကိုတော့ hulu ကနေတင်ဆက်ထားပေးတာပါ။ Anthology ပုံစံနဲ့ဖြစ်ပြီး မတူညီတဲ့ဇာတ်လမ်းသုံးခုကိုတွေ့မြင်ရပါလိမ့်မယ်။
ပထမဆုံးအဖွင့်ဇာတ်လမ်းမှာ လူဆိုးနှစ်ယောက်ဟာ စာအုပ်ဆိုင်ပိုင်ရှင်ဆီကို အကြွေးသွားတောင်းကြပါတယ်။ အဲ့ဒီစာအုပ်ဆိုင်ပိုင်ရှင်က ဒေါ်လာမီလျံချီတန်မယ့်စာအုပ်တစ်အုပ်ရှိနေမယ့်နေရာကိုပြောပြလိုက်တဲ့အတွက် သူတို့ အဲ့ဒီစာအုပ်နောက်ကိုရေစုံရေဖျားလိုက်ကြပါလိမ့်မယ်။ စာအုပ်နာမည်ကတော့ Books of Blood ဖြစ်ပါတယ်။
ဒုတိယတစ်ခုမှာတော့ ဂျန်နာဆိုတဲ့ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် စိတ်မူမမှန်တဲ့ မိန်းကလေးတစ်ယောက်၊ သူ့အမေက သူ့ကိုမနိုင်တော့တဲ့အတွက်စိတ္တဇဆေးရုံကို ပို့တော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အိမ်ကထွက်ပြေးပြီး သူစိမ်းမြို့တစ်မြို့ကိုရောက်ခဲ့ပါတယ်။ အဲ့ဒီမြို့မှာတွေ့ဆုံရတဲ့ တည်းခိုခန်းပိုင်ရှင်အရမ်းသဘောကောင်းတဲ့လင်မယားနှစ်ယောက်။ ဒါပေမယ့် သူတို့သဘောကောင်းပုံက ကြောက်စရာကောင်းလို့နေပြန်ပါတယ်။
တတိယ တစ်ခုမှာတော့ အန်နာဆိုတဲ့ သူ့သားလေး သေဆုံးမှုအတွက်သောကရောက်နေတဲ့ မိန်းမတစ်ယောက် ကိုတွေ့ကြရပါမယ်။ သူ့ဆီကိုမှ သူ့သားလေးရဲ့ဝိဉာဉ်ကနေတစ်ဆင့်သူ့ကိုဆက်သွယ်ခိုင်းလာတယ်ဆိုတဲ့ သေလွန်ပြီးတဲ့သူတွေနဲ့စကားပြောနိုင်တယ်လို့ သူ့ကိုယ်သူအခိုင်အမာပြောနေတဲ့ လူငယ်တစ်ယောက်က ချဉ်းကပ်လာတဲ့အခါ..။
မတူညီတဲ့ လုံးဝကွဲပြားခြားနားနေတဲ့ ဇာတ်လမ်းသုံးခုလို့ထင်ရပေမယ့် အားလုံးကို ပြန်ချိတ်ဆက်ပြသွားပါတယ်။ Jump scare မသုံးထားပဲခြောက်ခြားစေနိုင်တဲ့ခံစားချက်ကိုလဲ အပြည့်အဝရကြပါလိမ့်မယ်။
ဒီလကတော့ Holloween လဖြစ်တဲ့အတွက် ထိတ်လန့်သည်းဖိုကားတွေ တစ်ဝကြီး ကြည့်ကြရမှာပါ။ Books of blood ဟာအဲ့ဒါတွေထဲက တစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
480p | Backup | 284 MB | |
720p | Backup | 458 MB | |
1080p | Backup | 878 MB | |
480p | G Drive | 284 MB | |
480p | Solid Drive | 284 MB | |
480p | Yandex | 284 MB | |
720p | G Drive | 458 MB | |
720p | Solid Drive | 458 MB | |
720p | Yandex | 458 MB | |
1080p | G Drive | 878 MB | |
1080p | Solid Drive | 878 MB | |
1080p | Yandex | 878 MB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 284 MB | |
720p | Backup | 458 MB | |
1080p | Backup | 878 MB | |
480p | Yandex | 284 MB | |
720p | Yandex | 458 MB | |
1080p | Yandex | 878 MB |