What's happening?

Video Sources 2994 Views Report Error

  • Watch trailer
Behind You (2020)

Behind You (2020)

Blood makes you family.Jul. 30, 2020USA86 Min.R
Your rating: 0
9.5 2 votes

Synopsis

သရဲ၊တစ္ဆေ ဆိုတာမျိုးက လိပ်ပြာလှတဲ့သူတွေကို သဘောကျတယ်၊ ပူးကပ်လွယ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိပြီးသားပါ။

အဲ့လိုပူးကပ်ရတဲ့ရည်ရွယ်ချက်က သူတို့တွေက အကူအညီတောင်းချင်လို့ မဟုတ်ရင်တော့ လူတွေကို အသုံးချချင်လို့ပါပဲ။ အသုံးချချင်လို့ ပူးကပ်တာဆိုရင်တော့ အရမ်းအန္တရာယ်ရှိပါတယ်။ တစ်နည်းအားဖြင့် ဝိဉာဏ်နှုတ်ယူတဲ့အထိ ခံရနိုင်ပါတယ်။

ကဲ ဇာတ်လမ်းအကြောင်း ပြောတော့မယ်နော်။ ဒီ Behind you 2020 ဆိုတဲ့ဇာတ်ကားမှာတော့ ဝိဉာဏ်ဘုံနဲ့ လူ့လောကကြား ပိတ်မိနေတဲ့ ဝိညဥ်အကြောင်းကို ရိုက်ကူးထားတာပါ။ ဝိဉာဏ်က လူ့လောကထဲထွက်လာဖို့ ကြိုးစား‌ေနတာပါ။

အမေဆုံးသွားပြီးနောက် အဖေနဲ့လည်း အဆက်အသွယ်မရသေးတဲ့ အားကိုးရာမဲ့နေတဲ့ အိုလီဗီယာနဲ့ ကလယ်ရာတို့ မောင်နှမ 2 ယောက်က သူတို့ရဲ့ အန်တီဘက်သ် ဆီကို ခဏလာနေကြတယ်။ သူတို့အဖေနဲ့ အဆက်အသွယ် မရခင်အထိ လာနေတာ ဆိုပါတော့။

အငယ်မလေး ကလယ်ရာက ရိုးသားဖြူစင်တဲ့ ကလေးဖြစ်တာကြောင့် ဝိဉာဏ်က သူ့ကို ပစ်မှတ်ထားပါတော့တယ်။တစ်နည်းအားဖြင့် လိပ်ပြာလှတဲ့ ကလေးပေါ့ဗျာ။

အစပိုင်းကတော့ ကလယ်ရာကို ဝိဉာဏ်က မှန်ထဲကနေ ဆက်သွယ်ပြီး တစ်ခုပြီးတစ်ခု ခိုင်းပါတယ်။ နောက်ပိုင်း အိမ်ကလူတွေ သတိထားမိသွားတော့ ဝိဉာဏ်က ကလယ်ရာရဲ့ ခန္ဓာကိုယ်ထဲကိုပါ ၀င်ရောက်ပူးကပ်လာပါတော့တယ်။

အဲ့ဒီမှာ ပြဿနာက စပါတော့တယ်။ ပြဿနာကတော့ ဝိဉာဏ်ကို တားနိုင်ဖို့ နည်းလမ်းက သေခြင်းတရားပဲ ရှိပါတယ်တဲ့။ အဲ့ဒီအကြောင်းကိုသိထားတဲ့ သူတို့ရဲ့ အန်တီဘက်သ်ကတော့ စိတ်မကောင်းဖြစ်နေမိတယ်။တူမလေးရဲ့ အသက်ကို စတေးပစ်လိုက်ရမှာကိုးဗျ။

အဲ့တော့ သူတို့တွေ ဝိဉာဏ်ကို တခြားနည်းလမ်းနဲ့ ပြန်မောင်းထုတ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တကယ်ပဲ သေခြင်းတရားနဲ့ပဲ ရင်ဆိုင်ရမလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပါ။

  • Format……….: MP4
  • Quality………..: Web-DL
  • Resolution….: 1080p, 720p, 480p
  • Duration……..: 1h 26min
  • Translator…..: Oot Poppy
  • Encoder………: MZM
Original title Behind You
IMDb Rating 4.2 931 votes
TMDb Rating 4.3 4 votes
Behind You (2020)
Behind You (2020)
Behind You (2020)

Similar titles

Hubie Halloween (2020)
A Quiet Place Part II (2021)
Synchronic (2020)
The Medium (2021)
Roohi (2021)
Mr. Vampire (1985)
The Closet (2020)
Escape from the Shark’s Mouth (2021)
The Night They Knocked (2020)
Run (2020)
Death of Me (2020)
The Swarm (2020)
ဇာတ်ကားအသစ်များကို www.ShweFlix.com မှာ ဆက်လက်တင်ပေးနေပါတယ် Go to www.ShweFlix.com
+