What's happening?

Video Sources 2710 Views Report Error

  • Watch trailer
Baba Yaga: Terror of the Dark Forest (2020)

Baba Yaga: Terror of the Dark Forest (2020)

Feb. 27, 2020RussiaPG
Your rating: 0
7.8 6 votes

Synopsis

ဟိုးရှေးရှေးတုန်းက ကျွန်တော်တို့ကမ္ဘာနဲ့ သေသူတွေရဲ့ ကမ္ဘာနှစ်ခုခြားနယ်စပ်မှာနေထိုင်တဲ့ စုန်းမကြီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူက သူ့ သစ္စာရှိကျေးကျွန်တွေဖြစ်တဲ့ နက်ဗ်လို့ခေါ်တဲ့ လူတစ်ပိုင်းငှက်တစ်ပိုင်းသတ္တဝါတွေကို စေလွှတ်ပြီးကလေးတွေကို ဖမ်းဆီးစေပါတယ်။ နက်ဗ်တွေက ကလေးတွေကို စုန်းသိုက်ဆီ သွေးဆောင်ခေါ်ယူကြတယ်။ အဲ့ဒီနေရာမှာကလေးတွေရဲ့ ဝိဉာဉ်တွေကိုစုန်းမကြီးက စားသုံးပါတယ်။ မိဘတွေကလဲ သူတို့ကလေးတွေကို ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို မေ့လျော့သွားကြတော့တယ်။

တစ်နေ့မှာတော့ သန့်စင်ပြီးတောက်ပတဲ့ ဝိဉာဉ်ရှင် ကောင်လေးတစ်ယောက်ဟာ စုန်းမကြီးကိုအနိုင်ယူပြီး သေသူတွေရဲ့ ကမ္ဘာဘက်ခြမ်းမှာ အကျဉ်းချထားလိုက်ပါတယ်။ ဒါပေမယ့် စုန်းမကြီးကတော့ လက်မလျှော့ခဲ့ပါဘူး။ သူ့ကိုပြန်ခေါ်လာပေးနိုင်မယ့်သူတစ်ယောက်ကို စပြီးရှာဖွေပါတော့တယ်။ သန့်စင်တဲ့ဝိဉာဉ်ပိုင်ရှင် ကမ္ဘာလောကတွေရဲ့နယ်ခြားတွေကိုဖြတ်ကျော်နိုင်မယ့်သူ ပြီးတော့ တစ်ကြိမ်တစ်ခါ သေဆုံးပြီးသားဖြစ်တဲ့သူ..။

တစ်ဖြည်းဖြည်းအချိန်တွေလွန်လာတဲ့ အနောက်လက်ရှိခေတ်ကာလမှာ ဒီစုန်းမရဲ့အကြောင်းဟာ ဒဏ္ဍာရီလိုဖြစ်ပြီး လူတွေ သိပ်မသိကြတော့ပါဘူး။

လက်ရှိခေတ်ကာလ မြို့စွန်က ရပ်ကွက်လေးတစ်ခုကို ပြောင်းလာတဲ့ မိသားစုငယ်လေးတစ်ခု။မွေးကင်းစ သမီးငယ်လေးနဲ့ ဆယ်ကျော်သက် သားတစ်ယောက်ပါလာပါတယ်။ သူ့အဖေ အမေ အလုပ်တွေကြောင့် ကလေးထိန်းတစ်ဦးမဖြစ်မနေ ငှားလိုက်ရပြီး အဲ့ဒီ ကလေးထိန်း အမျိုးသမီးရဲ့ ထူးဆန်းတဲ့ တစ်ခါတစ်လေ ကြောက်မက်ဖွယ် အပြုအမူတွေကို ကောင်လေးကသာ သတိထားမိပြီး သူ့မိဘတွေကိုပြောပြပေမယ့် မယုံကြည်ခဲ့ပါဘူး။

တစ်နေ့တော့ အဲ့ဒီကလေးထိန်းအမျိုးသမီးနဲ့ အတူ သူ့ညီမငယ်လေးပါ ခြေရာလက်ရာမကျန်အောင်ပျောက်ဆုံးသွားတဲ့နောက် သူ့မိဘတွေကိုယ်တိုင်ကပါ.. ဒီကလေးမလေး သူတို့မှာရှိခဲ့ဖူးတာကို မသိတော့သလိုဖြစ်လာတဲ့အခါမှာတော့..။

Slavic တွေရဲ့ရိုးရာပုံပြင်ကိုအခြေခံထားတဲ့ ၂၀၂၀ ရုရှားထိတ်လန့်သည်းဖိုဇာတ်ကားပါ။ မြင်နေကျ ဟောလိဝုဒ်ကားတွေကနေ ကွဲပြားနေပြီး ကြည့်ရတာ ဆန်းသစ်ပါတယ်။ မကောင်းဆိုးဝါးကိုပုံဖော်ထားတဲ့ပုံစံတွေ ဘာတွေကလဲ ထူးခြားပြီး အတော်မိုက်ပါတယ်။

  • Format……….: MP4
  • Quality………..: Blu-ray
  • Resolution….: 1080p, 720p, 480p
  • Duration……..: 1h 53min
  • Translator…..: Dreamy
  • Encoder………: MZM
Original title Яга. Кошмар тёмного леса
IMDb Rating 4.7 669 votes
TMDb Rating 6.2 32 votes
Baba Yaga: Terror of the Dark Forest (2020)
Baba Yaga: Terror of the Dark Forest (2020)
Baba Yaga: Terror of the Dark Forest (2020)
Baba Yaga: Terror of the Dark Forest (2020)
Baba Yaga: Terror of the Dark Forest (2020)

Similar titles

Old (2021)
The Medium (2021)
Boys from County Hell (2021)
The Maid (2020)
Freaky (2020)
Escape Room: Tournament of Champions (2021)
Traffik (2018)
The Unholy (2021)
Escape Room (2019)
Willy’s Wonderland (2021)
Wrong Turn (2021)
Annihilation (2018)
FB ဂရုလေးကိုလည်း join ထားပါ  Join FB Group
+