
ဒီကားလေးကတော့ 2017ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama, Romance, Sci-Fi အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 5.5/10အထိရရှိထားပါတယ်။
ရုရှားပြည်ရဲ့ မြို့တစ်မြို့မှာ အနှစ်50လောက်မှတစ်ခါကြုံရတဲ့ ကြယ်ကြွေတဲ့ဖြစ်ရပ်တစ်ခု မြင်တွေ့ရဖို့အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကောင်းကင်ပေါ်က ပြုတ်ကျလာတာက ဥက္ကာခဲအစအနတွေတင်မကဘဲ ကိုယ်ယောင်ဖျောက်ပြီးလာနေတဲ့ ဂြိုလ်သားယာဥ်ပျံတစ်စီးကလည်း သူတို့ကြားမှာရောပါလာပါတယ်။ ပျက်ကျတဲ့နေရာမှာ ကာကွယ်ရေးဗိုလ်မှူးရဲ့သမီးလေးဂျူလီယာနဲ့ သူ့ကောင်လေးလည်းရှိနေပါတယ်။ ဒီပျက်ကျမှုကြောင့် မြို့တစ်ဝက်လောက်ပျက်စီးသွားပြီး အဲဒီနယ်မြေကို စစ်တပ်ကပိတ်ချထားလိုက်ပါတယ်။
ဒါပေမဲ့ ဂြိုလ်သားလာရတာက ဘာရည်ရွယ်ချက်နဲ့လဲ၊ သူတို့ရဲ့ပုံစံကဘယ်လိုဖြစ်မလဲ။ ဒါ့အပြင် ဂျူလီယာဆိုတဲ့ကောင်မလေးနဲ့ အဲဒီဂြိုလ်သားနဲ့ မထင်မှတ်ဘဲရင်းနှီးသွားတဲ့အခါ သူတို့ရဲ့ဆက်ဆံရေးမှာ ဘာတွေကြုံလာရမလဲ စတာတွေနဲ့ အဖေနဲ့သမီးကြားက ကတောက်ကဆတွေ၊ စိတ်ကူးယဥ်သိပ္ပံဇာတ်ဝင်ခန်းကောင်းကောင်းတွေအပြင် ခံစားချက်ကိုနားမလည်တဲ့ဂြိုလ်သားနဲ့ ဂျူလီယာတို့ကြားက ခံစားချက်လေးတွေ စတဲ့ရသမျိုးစုံကို ခံစားရစေမယ့် ကားလေးပဲဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 493 MB | |
720p | Yandex | 847 MB | |
1080p | Yandex | 1.78 GB |