What's happening?

Video Sources 11585 Views Report Error

  • Watch trailer
Army of One (2020)

Army of One (2020)

They left her for dead. Big mistake.Dec. 14, 2020USA87 Min.PG
Your rating: 0
6.4 5 votes

Synopsis

ဘရန်နာဘိတ်ကာနဲ့ဒီလွန်တို့ လင်မယားနှစ်ယောက်ဟာ မြို့ပြနဲ့ဝေးရာ တောဘက်ဆီကို ခရီးထွက်လာကြပါတယ်။ ဘရန်နာက စစ်တပ်ထဲက အထူးတပ်သားရိန်းဂျားတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူဒီလွန်ကလည်း ရဲဝန်ထမ်းတစ်ယောက်ပါ။ ခရီးထွက်လာရတဲ့အကြောင်းအရင်းက ဒီလွန်ရဲ့တွဲဘက် အမှုလိုက်ရင်း အသတ်ခံလိုက်ရတာကြောင့် စိတ်ပြေလက်ပျောက် ထွက်လာကြတာပါ။

ဒါပေမဲ့ သူတို့လာခဲ့တဲ့နေရာမှာ ဒေသခံတွေက ဖော်ဖော်ရွေရွေမရှိဘဲ ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ သူတို့တွေနောက်မှသိလာရတာက အဲဒီတစ်ဝိုက်မှာ မာမားဂိုဏ်းဆိုတဲ့လူဆိုးဂိုဏ်းကြီးစိုးနေပြီးတော့ ဒုစရိုက်မှုမျိုးစုံလုပ်​နေကြပါတယ်။ ဒီလွန်တို့နှစ်ယောက် ခရီးသွားနေတုန်းမှာပဲ ရုတ်တရက်မိုးရွာလာတဲ့အတွက် အနီးကအိမ်တစ်အိမ်မှာ မိုးခိုမိရာကနေ မာမားဂိုဏ်းကလူတွေဆီမှာ အဖမ်းခံလိုက်ရပါတယ်။ သူတို့တွေက ဘယ်သူဆိုတာကိုစုံစမ်းရင်း ဒီလွန်ကရဲဆိုတာကို လူဆိုးတွေသိသွားတော့ သူတို့ကိုလက်စဖျောက်ပြီး သတ်ပစ်လိုက်ပေမဲ့ လူဆိုးတွေကံဆိုးသွားတာက ဇနီးဖြစ်သူ ဘရန်နာဘိတ်ကာမသေဘဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ နာကျင်မှုတွေနဲ့ ပြန်နိုးထလာတဲ့ ဘရန်နာတစ်ယောက် သူ့မျက်စိရှေ့မှာတင် သူ့ခင်ပွန်းကို ရက်ရက်စက်စက်သတ်သွားတဲ့ မာမားဂိုဏ်းကို လက်စားချေဖို့ကြိုးစားပါတော့တယ်။

ဒါပေမဲ့ နယ်မြေတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ မာမားဂိုဏ်းကို ဘရန်နာတစ်ယောက်တည်း လက်စားချေနိုင်ပါ့မလား။ ရိန်းဂျားတပ်သားရဲ့ တိုက်ခိုက်ရည်ကျွမ်းကျင်မှုတွေ၊ အကြမ်းပတမ်းခံပုံတွေကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြထားပါတယ်။ ဒါ့အပြင် ဘရန်နာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Ellen Hollman ကလည်း ဆွဲဆောင်မှုရှိရှိနဲ့ ခပ်ကြမ်းကြမ်းဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်ထားတာကြောင့် ကြည့်ရှုသူတွေအကြိုက်တွေ့စေမှာပါ။

  • Format……….: .mp4
  • Quality………..: Web-DL
  • Resolution….: 1080p , 720p, 480p
  • Duration……..: 1h 30min
  • Translator…..: Cyanide
  • Encoder………: MZM
Original title Army of One
IMDb Rating 6.3 529 votes
Army of One (2020)

Similar titles

Outside the Wire (2021)
Ninja Assassin (2009)
Tribal: Get Out Alive (2020)
Gunpowder Milkshake (2021)
Army of Thieves (2021)
The Rebels of PT-218 (2021)
Batman: Mystery of the Batwoman (2003)
Tom Clancy’s Without Remorse (2021)
300: Rise of an Empire (2014)
The Bodyguard (1992)
Ip Man 3 (2015)
Justice League vs. Teen Titans (2016)
ဇာတ်ကားအသစ်များကို www.ShweFlix.com မှာ ဆက်လက်တင်ပေးနေပါတယ် Go to www.ShweFlix.com
+