
ဇာတ်လမ်းအစကနေ စပြောရရင် Howard StarkကPym Particle Formula ကိုတီထွင်ထားပြီး သူ့ရဲ့ နည်းပညာကိုပုံတူပွားပြီးထုတ်လုပ်ဖို့ ခံခဲ့ရတဲ့အတွက် ၄င်းရဲ့လက်ရှိအဖွဲ့ထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်ကာလမှာပဲ Scott lang က ခိုးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာခဲ့ပါတယ်။ ထောင်ကထွက်လို့ အလုပ်ရှာဖွေနေပေမဲ့ အလုပ်မရရှိနိုင်တဲ့ Scott ကို Hank က အကူအညီတောင်းဖို့အတွက်သတိထားစောင့်ကြည့်နေခဲ့ပါတယ်။
အကြောင်းရင်းကတော့ Hankရဲ့တပည့် Darren Cross က hank ရဲ့နည်းပညာကိုအသုံးပြုပြီး စမ်းသပ်အောင်မြင်ထားတဲ့ Yellowjacket ဝတ်စုံကို တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Ant-man ဝတ်စုံလိုတော့ အစွမ်းမထက်သေးပါဘူး။
မိမိတည်ထောင်ထားတဲ့Companyကနေ ဘုတ်အဖွဲ့ကပြန်လည်ပြီးပြန်ဖြုတ်ခံထားရတဲ့ Hank တစ်ယောက် Scott ရဲ့အကူအညီကိုယူခဲ့ပြီး Ant-man အဖြစ်တာဝန်ယူခိုင်းကာ Yellowjacketနဲ့
Dataတွေကိုဖျက်ဆီးဖို့ စတင်ခဲ့ကြတော့ပါတယ်။