
ဒီရုပ်ရှင်ကားအတွက် စကားပြောခန်းတွေကို အိန္ဒိယက နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Anurag Kashyapကိုယ်တိုင် ရေးသားထားပြီးတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy, Crime, Drama အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb ratingလည်း 7.3/10အထိ ရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ အာနုရမ်ကာရှာ(AK)ဆိုတဲ့ နာမည်ကြီးဒါရိုက်တာက သူမအောင်မြင်ခင်တုန်းက အာနေးကပူး(AK)ဆိုတဲ့ ထိပ်တန်းမင်းသားကို ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အာနေးကပူးက လက်မခံခဲ့ပါဘူး။ ဒါကိုမကျေနပ်တဲ့ အာနုရမ်တစ်ယောက် သူအောင်မြင်လာချိန်အထိ အာနေးကပူးကို မကျေမချမ်းစိတ်တွေနဲ့ အငြှိုးအတေးထားနေပါတယ်။
တစ်ရက်မှာ သူတို့နှစ်ယောက်ကို ပွဲတစ်ခုမှာမေးခွန်းတွေမေးနေတုန်း စကားအချေအတင်ဖြစ်ပြီး အာနုရမ်က အာနေးကို ရေနဲ့ပက်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် လူအတော်များများက အာနုရမ်ကို အပြစ်တင်ခဲ့ကြပြီး သူ့အလုပ်ကိုပါထိခိုက်လာခဲ့ပါတယ်။ အာနုရမ်ကတော့ အရင်တုန်းကမကျေနပ်ခဲ့တဲ့စိတ်အခံနဲ့ လက်ရှိပြဿနာဖြစ်ရတာကို အာနေးအပေါ် အပြစ်ပုံချပြီး ဒေါသစိတ်နဲ့လက်စားချေချင်နေပါတယ်။ ဒါကြောင့် အာနေးရဲ့သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး အာနေးကပူးကိုလိုက်ရှာခိုင်းပါတယ်။ သူကတော့ ဒီအဖြစ်အပျက်တွေ အကုန်လုံးကို ကင်မရာနဲ့မှတ်တမ်းတင်ပြီး အကောင်းဆုံးရုပ်ရှင်တစ်ခုအဖြစ် အသက်သွင်းဖို့ အကြံနဲ့ပါ။ တကယ်တမ်းမှာရော သူစီစဥ်သလိုဖြစ်လာပါ့မလား။
AKနှစ်ယောက်ကြားက ပြဿနာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာမသိနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ ရုပ်ရှင်ကားထဲမှာ ရုပ်ရှင်ရိုက်နေတာဖြစ်လို့ သူတို့တွေThe Endလို့ပြတိုင်း ပြီးတာမဟုတ်ဘဲ နောက်ဆုံးခန်းအထိ စောင့်ကြည့်ဖို့ကိုတော့ မမေ့ပါနဲ့နော်။
ဒေါင်ပြီးကြည့်တဲ့အခါ အသံမထွက်ဘူး အသံမရဘူးဆိုသူများ ဒီနေရာလေး ကိုနှိပ်ပြီး အရင်ဖတ်ကြည့်ပေးပါ။
Download | Server | Quality | Size |
---|---|---|---|
Download | ⚡Fast Drive | 🔥 4K | 5.33 GB |
Download | ⚡Fast Drive | 🔥 1080p 5.1CH | 2.20 GB |
Download | ⚡Fast Drive | 720p | 901 MB |
Download | ⚡Fast Drive | 480p | 508 MB |
Download | G Drive | 🔥 4K | 5.33 GB |
Download | G Drive | 🔥 1080p 5.1CH | 2.20 GB |
Download | G Drive | 720p | 901 MB |
Download | G Drive | 480p | 508 MB |
Download | Solid Drive | 🔥 4K | 5.33 GB |
Download | Solid Drive | 🔥 1080p 5.1CH | 2.20 GB |
Download | Solid Drive | 720p | 901 MB |
Download | Solid Drive | 480p | 508 MB |
Download | Yandex | 🔥 1080p 5.1CH | 2.20 GB |
Download | Yandex | 720p | 901 MB |
Download | Yandex | 480p | 508 MB |
Download | Backup | 🔥 4K | 5.33 GB |
Download | Backup | 🔥 1080p 5.1CH | 2.20 GB |
Download | Backup | 720p | 901 MB |
Download | Backup | 480p | 508 MB |
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 🔥 1080p 5.1CH | 2.20 GB |
Watch online | Yandex | 720p | 901 MB |
Watch online | Yandex | 480p | 508 MB |
Watch online | Backup | 🔥 1080p 5.1CH | 2.20 GB |
Watch online | Backup | 720p | 901 MB |
Watch online | Backup | 480p | 508 MB |