
Brian Barnes (Johnny Messner)တစ်ယောက်ဟာ ကန္တာရတစ်ခုမှာ ဒဏ်ရာတစ်ခုနဲ့ လဲနေရာကနေ သတိရလာပါတယ်။ ဒါပေမယ့် သူဘယ်သူလဲ ဆိုတာ သူမမှတ်မိတော့ဘူး။ အလောင်း၈လောင်း ဒေါ်လာ၄မီလီယမ် နဲ့အတူ ဘန်ကားတစ်စီးအပြည့် ကိုကင်းတွေနဲ့ အတူ သူဘာလို့ ဒီကိုရောက်နေတာဆိုတာကိုလဲ လုံးဝမမှတ်မိဘူး ဖြစ်နေပါတယ်။
ထို့နောက် Brain နောက်ကို သူ့ပိုက်ဆံထုပ်ကို အသည်းအသန်လိုချင်နေတဲ့မူးယစ်ဘုရင် Danny Perez (Danny Trejo) နဲ့ မူးယစ်ရဲအရာရှိ Rooker (Dolph Lundgren)တို့က လိုက်ကြပါတော့တယ် ။ ဒါတင်မကသေးပါဘူး အကျင့်ပျက်ရဲတစ်ယောက်ဖြစ်တဲ့ ရဲမှူးOlson (Michael Pare) ကလဲ Brain ဆီက ပိုက်ဆံထုပ်ကို အပိုင်ကြံဖို့ လိုက်နေပါတယ်။
အဲ့လိုပြေးရင်းလွှားရင်းနဲ့ Brain တစ်ယောက် သူ့ကိုယ်သူဘယ်သူမှန်း မှတ်မိသွားတဲ့အခါမှာတော့…………..