
လမ်းဆုံးနေတဲ့ကင်ဆာရောဂါတစ်ခု သူ့မှာရှိနေတဲ့ အချိန်မှာ သူလျှိုတစ်ယောက်ဖြစ်တဲ့ ရန်နာဟာ သူ့ရဲ့ အန္တရာယ်ကြီးမားတဲ့ စတေးစရာတွေ များပြားလွန်းတဲ့ အလုပ်ကိုစွန့်လွှတ်ပြီး သူပျက်ကွက်ခဲ့တဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ ဇနီးနဲ့ သမီးတို့ကို နွေးထွေးမှု ပြန်လည်ရယူဖို့ ကြိုးစားခဲ့ပါတယ်။
အရင်တုန်းကတော့ သူ့အလုပ်ရဲ့ အခြေအနေကြောင့် တမင် ခပ်ဝေးဝေးကို တွန်းပို့ထားခဲ့တာ လဲဖြစ်တယ်။ အခုတော့ သူ့ဘဝကိုကယ်တင်နိုင်တဲ့ ဆေးဝါးတစ်ခုပေါ်လာနေပြီဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်ချက်ကြောင့် နောက်ဆုံး မစ်ရှင်တစ်ခုကို သူပြီးအောင် ထမ်းဆောင်ရဖို့ဖြစ်လာခဲ့တယ်။
ကမ္ဘာ့ ညှာတာမှု အကင်းမဲ့ဆုံး လူဆိုးတစ်ယောက်ကို ဖမ်းဆီးရမိဖို့ ကြိုးစားရမယ့် သူ့လုပ်ငန်းမှာ သူ့မိခင်လက်အောက်ရှိမနေတဲ့ သူ့သမီးကို စောင့်ရှောက်ရဖို့ပါ တစ်ပြိုင်တည်းဖြစ်လာတဲ့အခါ..။