
ဒီတစ်ခါတော့ လက်ရှိအခြေအနေနဲ့လည်းတိုက်ဆိုင်၊ IMDb ratingလည်း 7.8/10 အထိရရှိထားပြီး၊ ဆုပေါင်း 25 ဆုအထိရရှိထားတဲ့ တောင်ကိုးရီးယားမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုမှီငြမ်းရိုက်ကူးထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ တောင်ကိုးရီးယားမှာ ဒီမိုကရေစီမရခင် အာဏာရှင်လက်အောက်မှာနေနေရတုန်း ကွန်မြူနစ်စနစ်ကိုဆန့်ကျင်သူလို့နာမည်ခံထားတဲ့ အဖွဲ့အစည်းတစ်ခုက ကွန်မြူနစ်လို့သူတို့သံသယရှိသူတွေကို ဖမ်းဆီးနှိပ်စက်ပြီး အတင်းအဓမ္မမေးမြန်းမှုတွေ လုပ်နေပါတယ်။ ဒီလိုမေးမြန်းခံရတဲ့ထဲမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါဝင်ပြီး နှိပ်စက်ခံရလို့သေဆုံးသွားပါတယ်။ ဒီဖြစ်ရပ်ကို သူတို့ဘက်က အတတ်နိုင်ဆုံးဖုံးကွယ်တာတွေလုပ်ခဲ့ပေမဲ့ သတင်းသမားတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေက မရမကစုံစမ်းပြီး သူတို့ရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို လူတွေသိအောင်ဖော်ထုတ်ပြီး တစ်တိုင်းပြည်လုံးဒီမိုကရေစီစိတ်ဓာတ် နိုးကြားလာအောင် နှိုးဆော်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့တွေ ဒီမိုကရေစီမရခင် ဘယ်လိုတွေကြိုးစားခဲ့ရလဲဆိုတာကို တွေ့ရမှာပါ။
အာဏာရထားရင် လက်မလွှတ်ချင်ပုံတွေ၊ ဥပဒေကို လက်တစ်လုံးခြား မထီမဲ့မြင်လုပ်တာတွေ၊ လူတစ်ယောက်ရဲ့အသက်က စနစ်ဆိုးအောက်မှာဆိုရင် တန်ဖိုးမရှိပုံတွေကို သေချာရိုက်ပြထားပါတယ်။ မြန်မာနိုင်ငံအခြေအနေကလည်း ဒီရုပ်ရှင်ထဲမှာလို ကြုံနေရတာကြောင့် ဒီကားကြည့်ရင်း ဆဲချင်သူကိုဆဲလို့ရပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.58 GB | |
720p | ⚡Fast Drive | 1.02 GB | |
480p | ⚡Fast Drive | 575 MB | |
🔥 1080p 5.1CH | G Drive | 2.58 GB | |
720p | G Drive | 1.02 GB | |
480p | G Drive | 575 MB | |
🔥 1080p 5.1CH | Solid Drive | 2.58 GB | |
720p | Solid Drive | 1.02 GB | |
480p | Solid Drive | 575 MB | |
🔥 1080p 5.1CH | Yandex | 2.58 GB | |
720p | Yandex | 1.02 GB | |
480p | Yandex | 575 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 2.58 GB | |
720p | Yandex | 1.02 GB | |
480p | Yandex | 575 MB |