
ဒီဇာတ်ကားကတော့ ၂၀၁၉ ဇန်နဝါရီလထဲက ထွက်ထားတဲ့ ကားတစ်ကားဖြစ်ပါတယ်။ My Dramalist မှာ Raing 7.6 ထိရထားတဲ့ ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
လူတိုင်းဟာ ကိုယ်စီကိုယ်စီ ရုန်းကန်နေရတာချည်းပါပဲ။ ဘဝကို လက်လျှော့ဖို့ ကြိုးစားတဲ့သူတွေလည်းရှိမယ်။ ဆက်ပြီးတောင့်ခံနေတဲ့သူတွေလည်းရှိမယ်။
ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ဆေးရုံဟောင်းတစ်ခုမှာစုပြီးသတ်သေကြဖို့ချိန်းထားတဲ့ လူငယ် ၁၂ ယောက်… သူတို့သတ်သေမယ့်အခန်းထဲမှာ အရင်သေနေပုံရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ….
ဒီလူဟာ ဘယ်သူလဲဆိုတော ဖော်ထုတ်ဖို့ကြိုးစားရင်း သူတို့ရဲ့ ဘဝအကြောင်းတွေ၊ ဘာလို့သတ်သေချင်ရတာလဲဆိုတာကို ကြည့်ရှုရမှာပါ။
စိတ်ဓါတ်ကျနေတဲ့သူတွေအတွက် ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…