/
Mortal Engines (2018)

Mortal Engines (2018)




ဝတ္တုစာအုပ်ကို ပြန်ရိုက်တဲ့ကားတွေ
အတော်များများ အောင်မြင်ကြတာရှိသလို စုတ်ပြတ်သပ်နေအောင် ဝေဖန်ခံရတာတွေလဲ ဒုနဲ့ ဒေးပါ။ ဒီကားကတော့ ဝတ္တုဖတ်ထားတဲ့
ပရိသတ်တွေအတွက် အဆင်ပြေသလို ရှိပေမယ့် ဝတ္တုဖတ်မထားတဲ့သူတွေအတွက်ကျ Intro သေချာပြမသွားတော့ ရွာနည်းနည်းလည်ဖို့ရှိတယ်။ မကြည့်ခင် နားလည်အောင် ဇာတ်လမ်းကျောရိုးကို
ကျွန်တော် အတတ်နိုင်ဆုံးလေး ရှင်းပြလိက်ပါတယ်။

အချိန်က ၃၅ ရာစု ကျွန်တော်တို့တွေ သိထားတဲ့ ကမ္ဘာကြီးက အရင်လိုမဟုတ်တော့ဘူး မြေအနေအထားကအစ ကွဲပြားခြားနားသွားပြီ အဲ့လိုဖြစ်သွားရတာကလဲ ရှေးခေတ်လူသားတွေလို့ သူတို့ ခေါ်ကြတဲ့ ကျွန်တော်တို့ အခု လက်ရှိခေတ်က လူတွေရဲ့ ဆက်ဆော့မှုကြောင့်ဖြစ်လာတဲ့ ကမ္ဘာစစ်ကြီးကြောင့်ပဲ။ အဲ့ဒီစစ်ကြီးရဲ့ ကြာမြင့်ချိန်က ခြောက်မိနစ်တည်းပါ ထို ခြောက်မိနစ်တည်းနဲ့ ကမ္ဘာတစ်ခုလုံး ရစရာမရှိဖြစ်သွားခဲ့ရတယ်။ အပုန်းကောင်းလို့ အသက်ရှင်ကျန်ရစ်တဲ့ လူတွေကလွဲရင် ကမ္ဘာပေါ်မှာ စားစရာရယ်လို့ ဘာမှမကိုမကျန်တော့ဘူး သီးနှံလဲစိုက်မရ တိရိစ္ဆာန်ဆိုတာလဲမရှိ ဂေဟစနစ်တစ်ခုလုံး ပျက်စီးသွားတော့တယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ကမ္ဘာမြေပေါ်မှာ တစ်နေရာတည်း ကြာကြာနေလို့မရတော့လောက်အောင် ရာသီဥတုအပြောင်းအလဲက မြန်ကုန်တော့တာပဲ အဲ့လိုနဲ့ပဲ အနောက်တိုင်းမှာ ဧရာမအင်ဂျင်ကြီးတွေတပ်ထားတဲ့ ရွေ့လျားမြို့တွေ စတင်ပေါ်ပေါက်လာခဲ့တော့တာပဲ။ ရွေ့လျားမြို့ကြီးတွေဟာ အင်အားနည်းတဲ့မြို့တွေကို လိုက်လံ အမဲလိုက် ဝါးမြိုကြပြီး မြို့ငယ်တွေကလဲ ကိုယ်နိုင်ရာ ရွာငယ်လေးတွေကို အမဲလိုက်ကြပါတယ်။ အဲ့လိုနဲ့ တဖြည်းဖြည်း အမဲလိုက်ပွဲတွေ ကျင်းပလာလိုက်တာ အနောက်တိုင်းတင်မက ဥရောပမှာပါ အမဲလိုက်စရာနေရာမရှိတော့တဲ့အထိပါပဲ။ ထို အမဲလိုက်မြို့ကြီးထဲမှာ လန်ဒန်မြို့ဟာ အလွန်အင်အားကြီးထွားပါတယ် ။ အရှေ့တိုင်းကတော့ ဆန့်ကျင်ဘက်ပါ အမဲလိုက်တာတွေဘာတွေမလုပ်ပဲ စုစည်းမှု နဲ့ အတည်တကျရပ်တည်ပါတယ် အနောက်တိုင်းမြို့တွေ ရန်ကို ကာကွယ်ဖို့ မဟာတံတိုင်းကြီး ဆောက်ထားတဲ့အပြင် အင်မတန်စွမ်းရည်ထက်တဲ့ လေတပ်ကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ အနောက်တိုင်းက မြို့တွေ ဟာ အရှေ့တိုင်းကို မကြာခန သိမ်းယူဖို့ ကြိုးစားကြပေမယ့် အရှေ့တိုင်းရဲ့ မဟာခံစစ်ကြောင့် ပြန်ပြေးချိန်တောင်မရပဲ မသာပေါ်ကုန်ကြတာချည်းပါပဲ။

ကဲ ဒီလောက်သိထားရင် အေးဆေးကြည့်လို့ရပါပြီ။

ဘာသာပြန်နဲ့ အညွှန်း – Myo Khant

Comments are closed.