/
Million Dollar Baby 2004

Million Dollar Baby 2004



Genre: , Director: Actors: , , , Country: Released: 28 Jan 2005 Score: 8.1 Duration: 132 min Quality: 1080p 5.1, Bluray 720p Years: View: 1,546

#Unicode

Million Dollar Baby (2004)
____________________________

မြန်မာစာတန်းထိုးအမှန်
_____________________

ဒီ Million Dollar Baby ဆိုတဲ့ဇာတ်ကားလေးက အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဆိုတာကို
ပထမဦးစွာပြောပါရစေ။
ကျွန်တော်တို့တွေငယ်စဉ်ဘဝတုန်းက ကြိုးဝိုင်းပေါ်မှာ လက်ဝှေ့ထိုးကြတာကို တီဗီကနေပဲဖြစ်ဖြစ် အပြင်မှာသွားကြည့်ဖူးသည်ပဲဖြစ်ဖြစ်
ကြည့်ဖူးကြမှာပါ။
လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ။ ကြံ့ခိုင်ရည်၊ ဖြတ်ထိုးဉာဏ်နဲ့ ဇွဲလုံ့လတို့လိုအပ်ပါတယ်။
ဇာတ်လမ်းအညွှန်းကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ စကားကိုဘုကန့်ကန့်ပြောတတ်တဲ့ လက်ဝှေ့ Trainer တစ်ယောက်ရယ်၊ တစ်ချိန်တုန်းက
လက်ဝှေ့အကျော်အမော်ဖြစ်ခဲ့ပေမဲ့ မျက်လုံးတစ်ဖက်မကောင်းတော့လို့ လက်ဝှေ့ရုံမှာအောက်ခြေသိမ်းအလုပ်တွေ လုပ်နေရတဲ့သူတစ်ယောက်ရယ်၊ လက်ဝှေ့သမားဖြစ်ချင်စိတ်ပြင်းပြပြီးတော့
ဇွဲလုံ့လ ရှိတဲ့ကောင်မလေးတစ်ယောက်ရယ်ကို ဇာတ်အိမ်တည်ထားပါတယ်။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော်များများမှာတော့ တစ်ချိန်တုန်းကဘယ်လိုဒုက္ခခံပြီးတော့
အောင်မြင်လာတယ်ဆိုတဲ့သူ အကြောင်းကိုရိုက်ကူးထားပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာကျတော့အဲ့လိုမဟုတ်ပါဘူး။ လက်ဝှေ့ရုပ်ရှင်တော်တော်များများနဲ့ကွာလို့
ကျွန်တော်ကိုယ်တိုင်ကလဲ ဒီဇာတ်ကားကိုကြည့်ပြီးသဘောကျသွားမိတာကြောင့် ဘာသာပြန်လိုက်တာပါ။ လက်ဝှေ့ထိုးသမားဖြစ်ချင်လွန်းလို့
အပင်ပန်းခံ စားသောက်ဆိုင်မှာအလုပ်လုပ်ပြီးတော့ သူများအကြွင်းအကျန်တွေပဲစားရတဲ့ကောင်မလေးတစ်ယောက်၊ အဲ့ကောင်မလေးက လက်ဝှေ့ပညာကိုအခြေခံကျကျသင်ချင်လွန်းလို့
ဖရန်ကီဆိုတဲ့ နာမည်ကြီးလက်ဝှေ့ထရိန်နာတစ်ယောက်ဖွင့်ထားတဲ့ ကလပ်မှာသွားလေ့ကျင့်ပါတယ်။ ဖရန်ကီကရောသူမကိုသင်ပေးပြီးတော့ နာမည်ကြီးလက်ဝှေ့ထိုးသမားတစ်ယောက်
ဖြစ်အောင်လုပ်ပေးမှာလားဆိုတာရယ် ပြီးကျတော့ စားပွဲထိုးမလေးက ဘယ်လိုမျိုး လောကဓံတရားအနိမ့်အမြင့်အတက်အကျတွေကြားမှာ
နောက်ဆုံးမှာ အောင်မြင်မှုကိုရနိုင်မလား။ ဒါမှမဟုတ် သူမ မရွေးချယ်ထားတဲ့ အရှုံပေးထွက်ခွာသွားရမယ့် ဘဝကိုလျှောက်လှမ်းရမှာလားဆိုတာကို ပရိသတ်တွေပဲကြည့်ရှူခံစားပေးကြပါဦးဗျာ။
နောက်ခံစကားပြောတွေကလဲ ဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူးအပြောင်းမှာ
ဘာတွေဖြစ်သွားမလဲဆိုတာ ကြည့်ရှူရတဲ့ ပရိတတ်တွေမပျင်းရအောင် ဆွဲခေါ်သွားပေးမှာပါ။

IMDb – 8.1/10

Genres: Drama | Sport

Translated And Encoded By Lin Htike Aung (7568LA)

Download Type – Megaup, Archive, Myandrive
Download Size – 1080p Bluray 5.1CH (2.15GB), 720p Bluray (1.10GB)
Download Link – First Comment

#Zawgyi

Million Dollar Baby (2004)
____________________________

ျမန္မာစာတန္းထိုးအမွန္
_____________________

ဒီ Million Dollar Baby ဆိုတဲ့ဇာတ္ကားေလးက အေတာ္ကိုၾကည့္လို႔ေကာင္းတဲ့ ဇာတ္ကားေလးတစ္ကားဆိုတာကို
ပထမဦးစြာေျပာပါရေစ။
ကြ်န္ေတာ္တို႔ေတြငယ္စဥ္ဘ၀တုန္းက ၾကိဳး၀ိုင္းေပၚမွာ လက္ေ၀ွ႕ထိုးၾကတာကို တီဗီကေနပဲျဖစ္ျဖစ္ အျပင္မွာသြားၾကည့္ဖူးသည္ပဲျဖစ္ျဖစ္
ၾကည့္ဖူးၾကမွာပါ။
လက္ေ၀ွ႔သမားေကာင္းတစ္ေယာက္ျဖစ္ဖို႔ ဘာေတြလိုအပ္မလဲ။ ၾကံ႕ခိုင္ရည္၊ ျဖတ္ထိုးဥာဏ္နဲ႔ ဇြဲလံု႔လတို႔လိုအပ္ပါတယ္။
ဇာတ္လမ္းအညြႊန္းကိုမိတ္ဆက္ေပးရမယ္ဆိုရင္ေတာ့ စကားကိုဘုကန္႔ကန္႔ေျပာတတ္တဲ့ လက္ေ၀ွ႔ Trainer တစ္ေယာက္ရယ္၊ တစ္ခ်ိန္တုန္းက
လက္ေ၀ွ႔အေက်ာ္အေမာ္ျဖစ္ခဲ့ေပမဲ့ မ်က္လံုးတစ္ဖက္မေကာင္းေတာ့လို႔ လက္ေ၀ွ႔ရံုမွာေအာက္ေျခသိမ္းအလုပ္ေတြ လုပ္ေနရတဲ့သူတစ္ေယာက္ရယ္၊ လက္ေ၀ွ႔သမားျဖစ္ခ်င္စိတ္ျပင္းျပျပီးေတာ့
ဇြဲလံု႔လ ရွိတဲ့ေကာင္မေလးတစ္ေယာက္ရယ္ကို ဇာတ္အိမ္တည္ထားပါတယ္။ သာမန္လက္ေ၀ွ႔ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ တစ္ခ်ိန္တုန္းကဘယ္လိုဒုကၡခံျပီးေတာ့
ေအာင္ျမင္လာတယ္ဆိုတဲ့သူ အေၾကာင္းကိုရိုက္ကူးထားပါတယ္။ ဒါေပမဲ့ ဒီဇာတ္လမ္းမွာက်ေတာ့အဲ့လိုမဟုတ္ပါဘူး။ လက္ေ၀ွ႔ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားနဲ႔ကြာလို႔
ကြ်န္ေတာ္ကိုယ္တိုင္ကလဲ ဒီဇာတ္ကားကုိၾကည့္ျပီးသေဘာက်သြားမိတာေၾကာင့္ ဘာသာျပန္လိုက္တာပါ။ လက္ေ၀ွ႔ထိုးသမားျဖစ္ခ်င္လြန္းလို႔
အပင္ပန္းခံ စားေသာက္ဆုိင္မွာအလုပ္လုပ္ျပီးေတာ့ သူမ်ားအၾကြင္းအက်န္ေတြပဲစားရတဲ့ေကာင္မေလးတစ္ေယာက္၊ အဲ့ေကာင္မေလးက လက္ေ၀ွ႔ပညာကိုအေျခခံက်က်သင္ခ်င္လြန္းလို႔
ဖရန္ကီဆိုတဲ့ နာမည္ၾကီးလက္ေ၀ွ႔ထရိန္နာတစ္ေယာက္ဖြင့္ထားတဲ့ ကလပ္မွာသြားေလ့က်င့္ပါတယ္။ ဖရန္ကီကေရာသူမကိုသင္ေပးျပီးေတာ့ နာမည္ၾကီးလက္ေ၀ွ႔ထိုးသမားတစ္ေယာက္
ျဖစ္ေအာင္လုပ္ေပးမွာလားဆိုတာရယ္ ျပီးက်ေတာ့ စားပြဲထိုးမေလးက ဘယ္လိုမ်ိဳး ေလာကဓံတရားအနိမ့္အျမင့္အတက္အက်ေတြၾကားမွာ
ေနာက္ဆံုးမွာ ေအာင္ျမင္မႈကိုရႏုိင္မလား။ ဒါမွမဟုတ္ သူမ မေရြးခ်ယ္ထားတဲ့ အရံႈေပးထြက္ခြာသြားရမယ့္ ဘ၀ကိုေလွ်ာက္လွမ္းရမွာလားဆိုတာကို ပရိသတ္ေတြပဲၾကည့္ရွဴခံစားေပးၾကပါဦးဗ်ာ။
ေနာက္ခံစကားေျပာေတြကလဲ ဇာတ္ကားရဲ႕တစ္ခန္းနဲ႔တစ္ခန္းအကူးအေျပာင္းမွာ
ဘာေတြျဖစ္သြားမလဲဆိုတာ ၾကည့္ရွဴရတဲ့ ပရိတတ္ေတြမပ်င္းရေအာင္ ဆြဲေခၚသြားေပးမွာပါ။

IMDb – 8.1/10

Genres: Drama | Sport

Translated And Encoded By Lin Htike Aung (7568LA)

Download Type – Megaup, Archive, Myandrive
Download Size – 1080p Bluray 5.1CH (2.15GB), 720p Bluray (1.10GB)
Download Link – First Comment

Leave a Reply

Your email address will not be published. Required fields are marked *