/
Mickey’s Christmas Carol (1983)

Mickey’s Christmas Carol (1983)



Genre: , , Released: 1983 Score: 8.1 Duration: 26min Quality: 1080p Years: View: 2,085

 

Rotten Tomatoes… 100%
IMDb… 8.1

Disney ရဲ့ အမှတ်​အသားဖြစ်​တဲ့ ကမ္ဘာကျော်
Mickey Mouse ဇာတ်​ကောင်​နဲ့
Christmas ရဲ့ ပြယုဂ်​တစ်​ခုလို့တောင်​ဆိုရတဲ့ A Christmas Carol ဝတ္ထုကို အကောင်းဆုံး ပုံဖော်​ရိုက်​ကူးထားတဲ့ Animation ဇာတ်​ကားကောင်းတစ်​ကားကို တင်​ဆက်​ပေးလိုက်​ပါတယ်​။

Christmas အမှတ်​တရတစ်​ခုလည်း ဖြစ်​အောင်​ပေါ့။

ကမ္ဘာကျော်​စာရေးဆရာကြီး Charles Dickens ရဲ့ A Christmas Carol ဝတ္ထုကို
ပုံဖော်​ရိုက်​ကူးထားတဲ့ ရုပ်​ရှင်​တွေမှ
ဒုနဲ့ ဒေးပါပဲ။
အမြင်​လွယ်​ဆုံး ပုံပမာပြရရင်
ဟာသမင်းသားကြီး Jim Carrey တောင်​မှ
2009 ခုနှစ်​မှာ A Christmas Carol ဆိုတဲ့
ရုပ်​ရှင်​ကို ရိုက်​ကူးထားဖူးပါတယ်​။
အတော်​လေးလည်း အောင်​မြင်​ခဲ့ပါတယ်​။

Disney ကတော့ 1983 ခုနှစ်​ကတည်းက
သူတို့ရဲ့ အမှတ်​အသား Mickey Mouse ဇာတ်​ကောင်​ကို အသုံးပြုပြီး A Christmas Carol ဝတ္ထုကို ပုံဖော်​ခဲ့ပြီးသားပါ။
Mickey သာမကဘဲ တခြားသော
ကျွန်​တော်​တို့ရဲ့ အချစ်​တော်​ Disney
Characters တွေကိုပါ ထည့်​သွင်းရိုက်​ကူးပေးထားတဲ့အတွက်​ ငယ်​ငယ်​ကတည်းက
Disney နဲ့ကြီးပြင်းလာတဲ့သူတွေအတွက်
ငယ်​ဘဝကို အလွမ်းပြေစေမှာတော့ အမှန်​ပါ။

Rating အနေနဲ့လည်း Rotten Tomatoes မှာ 100% ရရှိထားတဲ့အတွက်
ပေါ့ပေါ့ပါးပါး Animation တွေထဲတောင်
ကြည့်​ကိုကြည့်​သင့်​တဲ့ ဇာတ်​ကားလို့
ပြောလို့ရပါတယ်​။

ကဲ… ဇာတ်​လမ်းအကျဉ်းကို စလိုက်​ရအောင်​။

ဒီဇာတ်​လမ်းဟာ ယနေ့ December 24 ရက်
ခရစ်​မတိုင်​ခင်​ တစ်​ရက်​အလိုမှာ ဖြစ်​ပျက်​သမျှကို အခြေတည်​ထားပါတယ်​။

မစ္စတာ စခရုဂ်ျ​ က ကပ်​စေးနည်း၊ အပေးအကမ်းမရှိ၊ လူ့ဂွစာငနဲတစ်​ယောက်​။

တစ်​ပြားကိုတောင်​ နှစ်​ပြားခွဲတဲ့ ငနဲကြီး။

ခရစ်​စမတ်​ကာလမှာတောင်​ အေးအေးလူလူ
မဖြတ်​သန်းချင်​ဘဲ လောဘဇောတိုက်​ပြီး
အလုပ်​တွေပဲ ဖိလုပ်​ချင်​နေတယ်​။

ဒီလိုလူ့ဂွစာကြီးမှာ စီးပွားဖက်​မိတ်​ဆွေတစ်​ယောက်​တော့ ရှိခဲ့ဖူးလေရဲ့၊ နာမည်​ကတော့
ဂျက်​ကော့ မာလေ တဲ့။

မာလေကတော့ ဆုံးပါးသွားတာ ကြာခဲ့ပြီ။

မစ္စတာ စခရုဂ်ျ​ ရဲ့ လွဲမှားတဲ့အကျင့်​တွေကို
ပြင်​စေဖို့ တစ်​နေ့တော့ မိတ်​ဆွေကြီး
မာလေရဲ့ ဝိဥာဉ်​ရောက်​လာခဲ့ပါတယ်​။

မာလေက မစ္စတာ စခရုဂ်ျ​ ကို
မင်းကို ဆုံးမမယ့်
အခြား အတိတ်​၊ ပစ္စုပ္ပန်​၊ အနာဂတ်​ ဆိုတဲ့
တစ္ဆေသုံးကောင်​လည်း ရောက်​လာလိမ့်​မယ်​ဆိုပြီး သတိပေးသွားခဲ့ပါတယ်​။

မစ္စတာ စခရုဂ်ျ​တစ်​ယောက် ဘာတွေကြုံတွေ့ရမလဲ။

ဘယ်​လိုတွေ ဆုံးမခံရမလဲ။

မာလေကရော သူ့မိတ်​ဆွေကြီးကို လမ်းမှန်​ပေါ်ဆွဲခေါ်နိုင်​ပါ့မလား။

ပရလောကကို animation အသွင်​ဆန်းဆန်းနဲ့ တင်​ပြထားပါတယ်​။

နှင်းဦးဝေလွင်​ မှ ဘာသာပြန်​ပေးထားပြီး
ရဲကျော်​အောင်​ မှ Encode ပေးထားပါတယ်​။

Translated by Hnin Oo Wai Lwin
Encoded by Ye Kyaw Aung

Comments are closed.