/
Maleficent (2014)

Maleficent (2014)



Genre: , , , , Director: Actors: , , , Country: Released: 30 May 2014 Score: 7.0 Duration: 97 min Quality: 1080p 5.1, Bluray 720p Years: View: 2,632

#Unicode

Maleficent (2014)
==================

မြန်မာစာတန်းထိုး (အကြည်)
=====================

Translated By Rashida And Encoded By Lin Htike Aung

Download Type – Megaup, Soliddrive, Filerocks
Download Size – 1080p Bluray 5.1CH H265 (1.92GB), 720p Bluray H265 (1.15GB)
Download Link – First Comment

ဒီကားလေးကို စစကြည့်မိတော့ Dracula Untold ကိုသတိရမိတယ်။ ဒရက်ကူလာရဲ့ ရှုထောင့်ကနေပြန်ရိုက်ပြထားတဲ့ဇာတ်လမ်းလေးကိုပေါ့။ ဒီကားမှာလဲ Sleeping Beauty ပုံပြင်လေးကို ဗီလိန်ဖြစ်တဲ့ Maleficent ရဲ့ရှုထောင့်ကကြည့်ရမှာပါ။ Maleficent နေရာကသရုပ်ဆောင်ထားတာလဲ အားလုံးရဲ့ အချစ်တော် အိန်ဂျလီနာဂျိုလီဆိုတော့ ဒီကားကြည့်ပြီးရင် ကိုယ်ငယ်ငယ်ထဲက ကြားဖူးတဲ့ပုံပြင်လေးက ဒီအတိုင်းဖြစ်ရင်ပိုကောင်းမှာပဲတောင် တွေးမိမှာပါ။
လူတိုင်းက Sleeping Beauty ပုံပြင်ကို ဖန်တရာတေအောင် ကြားဖူးကြမှာပါ။ ကျိန်စာသင့်သွားတဲ့ မင်းသမီးလေးရယ် သနားစရာ မိဘတွေရယ်၊ မင်းသမီးလေးရဲ့ ကယ်တင်ရှင်မင်းသားလေးရယ် ပြီးတော့ မကောင်းဆိုးဝါးကြီး မယ်လီဖီးဆန့်ရောပေါ့။
လူတော်တော်များများပြောကြတာက မယ်လီဖီးဆန့်က ပွဲလေးမဖိတ်ခံရတာနဲ့ ကျိန်စာတိုက်တဲ့ထိတောင် လုပ်ရလားပေါ့။ ဒီကားထဲမှာတော့ မယ်လီဖီးဆန့်ရဲ့ အမှန်တရားကို ရှုထောင့်အသစ်က မြင်ရမှာပါ။ သူ့အမုန်းတရားနောက်ကွယ်က ဇာတ်လမ်းကဘာများလဲ။
မယ်လီဖီးဆန့်က ငယ်စဉ်က မောတိုင်းပြည်ရဲ့ကာကွယ်သူလေးဖြစ်ခဲ့ပြီး လူတိုင်းက ချစ်ခင်ခဲ့တဲ့နတ်သမီးလေးပါ။ သူမ စိတ်တွေခက်ထန်သွားအောင် သူမကိုနာကျင်မှုတွေပေးခဲ့တာဘာများလဲ။ ဒါပေမဲ့ သူမဘယ်လိုတွေကြုံခဲ့ရပါစေ အပြစ်မဲ့တဲ့ အော်ရိုရာကို ကျိန်စာတိုက်ခဲ့တာတော့ သူမလွန်တယ်မဟုတ်လား။ ဒီဇာတ်လမ်းထဲမှာရော အော်ရိုရာရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ မယ်လီးဖီးဆန့်ကရော သူမအမှားတွေကို မြင်နိုင်ပါ့မလား။ သူမကျိန်စာကြောင့်ဖြစ်ခဲ့တဲ့ ဝမ်းနည်းမှုတွေအပေါ် ပျော်ရွှင်မြူးထူးနေမလားဆိုတာ လူအများရဲ့အထင်လွဲခံရတဲ့ ဗီလိန် ‘Maleficient’ ရဲ့ဇာတ်လမ်းမှာ ကြည့်ရှုလိုက်ပါဦး။

#Zawgyi

Maleficent (2014)
==================

=====================


