/
/ Episode 3

Le Coup De Foudre

Genre: Actors: , Country: Released: 2019-04-29 Networks: , Type: TV Episodes: 35 Score: N/A Duration: 45 min Quality: 720p Years: View: 59

” ကျောင်းတုန်းက မင်းတစ်ဖက်သတ်ချစ်ခဲ့ဖူးတဲ့သူ အခုဘယ်မှာဘာလုပ်နေလဲ ” တဲ့
ဒီစာသားလေးဟာ ဒီဇာတ်လမ်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်
လူတိုင်း အထက်တန်းကျောင်းမှာ အမှတ်ရချင်ခဲ့တဲ့သူတစ်ယောက် ရှိခဲ့ဖူးကြမှာပါ
တချို့ကံကောင်းတဲ့သူတွေအတွက်ကတော့ အဲဒီအမှတ်ရချင်ခဲ့တဲ့သူဟာ အထက်တန်းကျောင်းကနေ တက္ကသိုလ်ကို
တက္ကသိုလ်ကနေ လုပ်ငန်းခွင် လုပ်ငန်းခွင်ကနေ ကိုယ့်ဖူးစာဖက်ဖြစ်တဲ့အချိန်အထိ ကိုယ့်ဘေးမှာရှိနေခဲ့တဲ့အဖြစ်တွေလဲ ရှိခဲ့မှာပါ
အားလုံးခံစားဖို့အတွက် အဲဒီအမှတ်တရတွေဆီကို ပြန်လည်ခေါ်သွားပေးမယ့် တရုတ်ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းနာမည်ကတော့ Le Coup De Foudre ( I only like you) လို့ခေါ်ပါတယ်
ဇာတ်ဆောင်မင်းသမီးအနေနဲ့ တရုတ်ကားပရိသတ်အားလုံးချစ်ကြတဲ့ လော့လော့လို့ခေါ်ကြတဲ့ မင်းသမီးလေး Wu Qianက
ကျောက်ချောင်ရိဆိုတဲ့ တစ်အိမ်လုံးရဲ့အငယ်ဆုံးသာမန်မိန်းကလေးတစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပြီး
လော့လော့နဲ့အတူ Oriental Odyssey ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Zhang YuJianက
တစ်ကျောင်းလုံးရဲ့အဆင့်၁ စာအရမ်းတော်ပေမယ့် ဆက်ဆံရေးမကောင်းတဲ့ ခပ်အေးအေးကောင်လေး ရန်းမိုနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်
ချောင်ရိရဲ့ အမြွှာအစ်ကိုဖြစ်သူ တစ်ကျောင်းလုံးရဲ့အဆင့်၂တဖြစ်လဲ ညီမလေးကိုအရမ်းချစ်တဲ့ ကျောက်ကွမ်းချောင်အဖြစ် Idol မင်းသားလေး Zhao Zhi Wei က သရုပ်ဆောင်ထားပါတယ်
ပြီးတော့ ချောင်ရိရဲ့အချစ်ရဆုံးသူငယ်ချင်းမလေး ဟောက်ဝူရိအဖြစ် မျက်နှာသစ်မင်းသမီးလေး Ma Li က သရုပ်ဆောင်ထားပါသေးတယ်
မင်မင် ၂၀၁၉အတွက် recommend ပေးချင်တဲ့ တရုတ်ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်ပြီးတော့
သိသိသာသာရိုဆန်နေတာမျိုးမဟုတ်ပဲ ရုပ်တည်ကြီးနဲ့ မသိမသာချစ်ပေးတတ်တဲ့ ရေခဲတုံးမင်းသားကာရိုက်တာမျိုးကို သဘောကျတဲ့သူတွေအတွက် စွဲလမ်းစေမယ့်ဇာတ်လမ်းတွဲတစ်ခုလို့ပဲပြောပါရစေ
I don’t like the world, I only like you. ဆိုတဲ့ Joey နဲ့ Mr.F ရဲ့ ချစ်စရာကောင်းတဲ့ကိုယ်တိုင်ရေးဖြစ်ရပ်မှန်ဝတ္ထုလေးကို ဇာတ်လမ်းဖွဲ့ပြန်ရိုက်ထားပြီးတော့
စာအုပ်အရင်ဖတ်ထားဖူးတဲ့သူတွေ ကြုံရတတ်တဲ့ “စာအုပ်ထဲက တချို့အပိုင်းတွေမပါလာဘူး” ဆိုတာမျိုး လုံးဝဖြစ်မလာပဲ စာအုပ်ရဲ့အရသာကိုအပြည့်အဝကြီးကို ခံစားနိုင်ပါတယ်ဆိုပြီး ထောက်ခံထားကြတဲ့ဇာတ်ကားလေးလဲဖြစ်ပါတယ်
အထက်တန်းမှာ စခဲ့တဲ့ ချောင်ရိနဲ့ရန်းမိုတို့ရဲ့ ပတ်သတ်မှုက တက္ကသိုလ်အထိ အတူရှိနေနိုင်မလား ကံကြမ္မာကြောင့် ခွဲကြရဦးမှာလား
ပြန်လည်ပေါင်းစည်းခဲ့ရင်ရော အရင်လိုပြန်အဆင်ပြေနိုင်ပါ့မလား တကယ့်အချစ်စစ်ဟာ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကိုကျော်ဖြတ်ခဲ့ရသလဲဆိုတာတွေကို သိရှိနိုင်ဖို့
ဒီဇာတ်လမ်းတွဲလေးကိုကြည့်ရှုပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်
ဇာတ်ဝင်တေးသီချင်းလေးတွေကလဲ အရမ်းကိုနားထောင်လို့ကောင်းလွန်းတာမလို့ သေချာပေါက်ကြည့်သင့်ပါတယ်လို့ ထပ်ပြီးပြောကြားချင်ပါတယ်

အညွန်းကိုZay Hset Paingရေးထားတာပါ

Translated by Zay Hset Paing

Encoded by ZeroKyaw Soelwin

ServerLanguageQualityLinks

Le Coup de Foudre

3 responses to “Le Coup De Foudre”

  1. Adam says:

    နောက်ထက်အပိုင်းတွေဆက်မတင်တော့ဘူးလား

  2. oprolevorter says:

    I got what you mean ,saved to fav, very decent web site.

Leave a Reply

Your email address will not be published. Required fields are marked *