/
Lakshmi (2018)

Lakshmi (2018)

ခပ်ငယ်ငယ်အရွယ်မှာ ကိုယ့်ရဲ့ရင်ထဲအသည်းထဲကနေ တစ်ခုခုကို ဝါသနာပါခဲ့ဘူးလား…
သီချင်းဆိုတာ… ကတာ…ဆရာဝန်ဖြစ်ချင်တာ… သရုပ်ဆောင်ဖြစ်ချင်တာ စသည်ဖြင့်ပေါ့…

ဒီကားထဲက Lakshmi ကတော့ အကကို လုံးဝရူးသွပ်တဲ့ကလေးလေး…
သီချင်းသံကြားရရင် မကဘဲမနေနိုင်တဲ့ကလေး
ဒါပေမဲ့ အမေဖြစ်တဲ့သူက အတိတ်က ဒဏ်ရာတစ်ခုကြောင့် သမီးဖြစ်သူကို ဆိုတာကတာကို မလုပ်ရဘူးလို့တားမြစ်ထားတယ်…
အမေကတစ်စုံတစ်ခုကို မကြိုက်ဘူးဆိုရင် သမီးကလည်း အဲ့ဒီအရာကိုမကြိုက်ရဘူး လို့လည်းပြောတယ်…

ဝါသနာဆိုတာ လွယ်လွယ်နဲ့ တားလို့ရနိုင်ပါ့မလား…
စာသင်ခန်းထဲမှာ လမ်းပေါ်မှာ ကားပေါ်မှာ
ဒါတွေဟာ Lakshmiရဲ့ ကစရာနေရာတွေဖြစ်ခဲ့တယ်…
တစ်နေ့တော့
TVမှာ ကြော်ငြာတစ်ခုကို သူတွေ့လိုက်ရတယ်..` Pride of India´ပြိုင်ပွဲတဲ့… ဆုကြေးက RS. 2500000

အကကိုမှ ရူးရူးသွပ်သွပ်ဝါသနာပါတဲ့ Lakshmiတစ်ယောက် တစ်ချိန်တုန်းက အကမှာနာမည်ကြီးတဲ့ V.K ဆိုတဲ့သူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရတယ်…
ဒါပေမဲ့ သူနဲ့ဆုံတဲ့အချိန်မှာ V.Kက အကကို လုံးဝကျောခိုင်းထားပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ဖွင့်ထားတဲ့သူဖြစ်နေပြီ… V.K ကို အကူအညီတောင်းပြီး အကဝင်ပြိုင်ဖို့ Lakshmiဆုံးဖြတ်ခဲ့တယ်… သူ့အမေကိုတော့ ဒီကိစ္စပေးသိလို့မဖြစ်…
ဒီလိုနဲ့ Lakskmi တို့အဖွဲ့ဟာ ဆန်ကာတင်စာရင်းထဲ ပါခဲ့တယ်… Final ပွဲက မွမ်ဘိုင်းမှာ…
ဒီတော့ အကဝါသနာပါတဲ့ ကျောင်းအုပ်ကြီးကိုပါ သူ့အမေကိုလိမ်ပေးဖို့ ထပ် အကူအညီတောင်းတယ်… မွမ်ဘိုင်းကို လေ့လာရေးခရီးထွက်ရမယ် ဘာညာပေါ့…

ဘယ်လိုပဲလိမ်ထားပေမဲ့ Finalပွဲ မတိုင်ခင်တစ်ရက်အလိုမှာ Lakshmiရဲ့ အမေ အကြောင်းစုံကိုသိသွားတဲ့အခါ…
Lakshki ရဲ့ အိပ်မက်တွေတကယ်ဖြစ်လာနိုင်မှာလား?
Lakshmi ရဲ့အမေဖြစ်သူ အကကို စိတ်နာရတဲ့အကြောင်းရင်းကရော ဘာများဖြစ်နေမလဲ?
အကလောကကို V.K ဘာကြောင့်ကျောခိုင်းခဲ့တာလဲ?
ကုလားကားဆို အကတွေ စိတ်ပျက်တယ်ဆိုတဲ့သူတွေအဖို့ ဒီကားလေးကို မကြည့်ဖို့ပြောပါရစေ… ဘာလို့လဲဆိုတော့ ဒီကားက အကကားဖြစ်နေလို့ပါ…
တစ်ခုရှိတာက အကကားဆိုပေမဲ့ ရသစုံတာမို့ ကြည့်ရတာ အကြိုက်တွေ့စေမှာသေချာပါတယ်… အကတွေလည်း တကယ်မိုက်တယ်…
( ၂ ခန်းဆိုရင် ကိုယ့်ကိုမျက်ရည်ဝဲစေခဲ့တယ်… တကယ်ပါ )

(၇)ကြိမ်လဲရင် (၇)ကြိမ် ပြန်ထပါဆိုတဲ့ စကားလေးရှိတယ်… ဘဝမှာ ခဏခဏ လဲကျဖူးလား…လဲကျတဲ့အခါတိုင်း ပြန်ထဖို့ကြိုးစားခဲ့ဘူးလား…
ကိုယ့်ရဲ့ ဝါသနာကိုပြောပြရင် မင်းနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ အကြည့်တွေအပြောတွေ ခံရဖူးလား…
ကလေးဘဝမှာရော ကိုယ်ဝါသနာပါတဲ့အရာကို မိဘတွေကို ရဲရဲဝံ့ဝံ့ပြောပြရဲခဲ့ဖူးလား… ကလေးဘဝမှာ စိတ်ဟာ သိပ်ဖြူစင်ပါတယ်… သူတို့ရဲ့အိပ်မက်တွေကလည်း ပြတ်ပြတ်သားသားရှိတယ်… ဒါပေမဲ့ မိဘတွေရဲ့ အတ္တတွေ ပြိုင်ဆိုင်လိုမှုတွေများလာတဲ့အခါ ကလေးတွေရဲ့ အိပ်မက်တွေဟာလည်း အကုန်ဝေဝါးခဲ့ရတယ်… မိဘက ဖြစ်စေချင်လို့သာ ဆရာဝန်လုပ်လိုက်ရတယ်… ကိုယ်ဝါသနာပါတာမဟုတ်တဲ့အတွက် အဲ့ဒီနေရာမှာ ပျော်နေရဲ့လား… အင်ဂျင်နီယာဘွဲ့ကြီးပိုက်ပြီး အဲ့ဒီဘွဲ့နဲ့မသက်ဆိုင်တဲ့ နေရာတစ်ခုမှာအလုပ်တွေ လုပ်နေရလား… လုပ်နေတဲ့သူတွေကိုရော မြင်ဖူးလား…
တကယ်တမ်းကျတော့ ဒါတွေက ကိုယ်တွေရဲ့ခပ်ငယ်ငယ်ဘဝနဲ့ အများကြီးသက်ဆိုင်ပါတယ်…
ကလေးတွေက သူတို့ဖြစ်ချင်တဲ့ပုံလေးကို မိဘတွေကိုဆွဲပြတာပါ… သူတို့လေးတွေကို သူတို့စိတ်ကြိုက် ဆေးရောင်လှလှ ခြယ်ခိုင်းလိုက်တာက အကောင်းဆုံးဖြစ်မယ်မဟုတ်လား…
ကလေးတွေကို ပျော်ခွင့်ပေးလိုက်ကြပါ…
အိပ်မက်တွေက ဈေးကြီးပေမဲ့ သူတို့မှာဝယ်နိုင်တဲ့အစွမ်းတွေဆိုတာ ကိုယ်စီရှိကြပါတယ်…….

Review by Aung Zin Phyo
Encoded by Myo Khant

Genre: Director: Actors: , Country: Released: 23 Aug 2018
Score: 8.8 Duration: 130 min Quality: 720p Years: View: 2,618