/
Krampus (2015)

Krampus (2015)



Genre: , , Director: Actors: , , Country: Released: 2015 Score: 6.2 Duration: 1hr 38min Quality: 1080p, 360p Years: View: 3,282

 

မိသားစုလေးတစ်ခုပါ။ Christmas ကာလတွင်းမှာ မိသားစုအတွင်း ရန်တွေဖြစ်၊ စကားတွေများပြီး ပေးကမ်းစွန့်ကြဲလိုစိတ် အနစ်နာခံလိုစိတ် စတဲ့ Christmas ရဲ့ နွေးထွေးတဲ့ အနှစ်သာရတွေကို လုံးဝမေ့ပျောက်သွားခဲ့ကြပါတော့တယ်။ အဲဒီအခါမှာတော့ လိမ္မာတဲ့ ကလေးတွေကို Christmas အတွင်းမှာ လက်ဆောင်တွေလိုက်ပေးတဲ့ Santa Claus (Saint Nicolas) ရောက်မလာဘဲနဲ့ အရမ်းဆိုးတဲ့ကလေးတွေကို အပြစ်လိုက်ပေးတဲ့ Krampus ဆိုတဲ့ မကောင်းဆိုးဝါးနဲ့ ပေါင်းအပါတွေ ရောက်လာပြီး ဒုက္ခပေးပါတော့တယ်။

Review

ဒီကားကတော့ ကျွန်တော့အတွက် (၂၀၁၅) ထဲမှာ နောက်ဆုံးကြည့်တဲ့ ရုပ်ရှင်ကြီးလို့ပြောရမှာပါပဲ။ နောက်ဆုံးကားကို Horror ကားနဲ့ သိမ်းတာတော့ တစ်မျိုးဘဲ ဟီး။ ဒီကားက Horror လို့ဆိုပေမဲ့လည်း အရမ်းကြီးခြောက်မထားပါဘူး။ (ရှေ့ခုံက မမတွေကတော့ ကြောက်လို့ အော်ဟစ်နေလေရဲ့)။ ရယ်ရတာတွေလည်းပါသလို ပျော်ရတာတွေလည်းပါတယ်။ ခြောက်တဲ့ ကြမ်းတဲ့အခါမှာဆိုတော့ နည်းနည်း gruesome ဖြစ်တယ်လို့ပြောရမှာပဲ။ ရွံစရာနည်းနည်းလေး မဖြစ်စလောက်ကောင်းတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ထဲမှာတော့ မပါဘူး။
ဒီကားထဲမှာ သဘောကျတာကတော့ Krampus ကို present လုပ်ထားတာကိုပါ။ Trailer ထဲမှာပါတဲ့ ကောင်မလေး အိမ်ခေါင်မိုးပေါ်မှာ Krampus ကြီးရပ်နေတာကို တွေ့လိုက်ရတဲ့ အခန်းထဲက သဘောကျခဲ့တယ်ပြောရမှာပဲ။ အကောင်ကြီးရဲ့ အသံ၊ လှုပ်ရှားပုံတွေက ကြည့်ဖူးတဲ့ အကောင်ပါတဲ့ ကားတွေထဲမှာ တော်တော်လေးကောင်းပါတယ်။ ကျွန်တော်ကလည်း အဲလိုပြတာမျိုးကိုမှ ကြိုက်တာလည်းပါပါတယ်။ သူ့ခြေသံကိုတော့ ရှယ်ကြိုက်ပါတယ်။ ကားထဲမှာ Jump scare လေးတွေ နည်းနည်းပါပါတယ်။

Krampus ကြီးကိုကြိုက်ပေမဲ့လည်း ဒီကားဟာ Plot က သိပ်မရှိပါဘူး။ ဇာတ်လမ်းစပြီး သိပ်မကြာခင်ပဲ ဒီကားဇာတ်သိမ်းက ဘယ်လိုလည်း မှန်းလို့ရတယ်။ မှန်းမိတဲ့အတိုင်းပါပဲ။ နောက် ကြားထဲမှာ ဇာတ်လမ်းအရ character တွေဖြစ်ပျက်နေတာတွေက တစ်ချက်တစ်ချက် အားမရဘဲ လိုနေ ဟာနေတာတွေ အများကြီးပါပဲ။ သရုပ်ဆောင်တွေကလည်း ဂရိတ်ကြီးတွေ မပါပါဘူး။ ကောင်းတယ်လို့လည်း ပြောမရသလို ဆိုးတယ်လို့လည်း ပြောမရပါဘူး။ ဒါပေမဲ့ သိပ်တော့ အားမရလှ။ ဒါရိုက်တာရဲ့ ရိုက်ချက် ရိုက်ကွက်တွေကလည်း အထူးအဆန်းအကွက်တွေ မပါပါဘူး။ တစ်ချို့ရိုက်ချက်တွေကို ကြိုက်ပြီး တစ်ချို့ခန်းတွေဆိုလည်း လုံးဝအားမရဘူး။ ကြမ်းတဲ့အခန်းတွေဆိုလည်း အော်ဟစ်ဆူညံနေတာ တကယ့် mini chaos ပဲ။

Krumpus က တခြား ကားတွေလိုမျိုး ကြည့်တဲ့သူကို မကြောက်ကြောက်အောင် ခြောက်တဲ့ကားတော့ မဟုတ်ပါဘူး။ လန့်စရာလေးတွေ အနည်းအကျဉ်းပါပြီး ဇာတ်လမ်းလေးက မဆိုးဘူး၊ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ထဲမှာ ပါပါတယ်။ Christmas spirit မပျက်ကြဖို့နဲ့ စိတ်ကောင်းရှိကြဖို့ကိုလည်း ပြောသွားတာ မဆိုးပါဘူး။ December တွင်းကြီးရုံတင်တာဆိုတော့ ပေးချင်တဲ့ message နဲ့ဘာနဲ့ ကွက်တိပဲလေ။

ကြည့်ရှုသူကို အားမရစေရင်တောင်မှ ကြည့်လိုက်ရတဲ့ အခိုက်အတန့်အတွင်းမှာတော့ တော်တော်လေး entertain ဖြစ်စေတဲ့ ကားပါ။ အရမ်း Serious ကြီးလည်း မခြောက်၊ အပြောင်အပျက် သို့မဟုတ် ပေါ့တိပေါ့ပျက်ထဲလည်းမရောက်တဲ့ horror ကားကြည့်ချင်ရင်တော့ အနေတော်ပါပဲ။
ပိတ်သတ်ကြီးရော Krampus ကြည့်ပြီးကြပြီလား။ ကြိုက်လား သဘောမကျဘူးလား။ ထင်မြင်ချက်လေးတွေ မန့်သွားကြပါဦး။

Ratings:
IMDB: 6.8/10
Rotten tomatoes: 65%
Datshin: 3.3/5

ရုပ်​ရှင်​အညွှန်း ကို DatShin page မှ ကူးယူဖော်​ပြထားပါတယ်​။

ကိုမျိုးခန့်​ မှ တင်​ဆက်​ပေးထားပါတယ်​။

Comments are closed.