/
Ki & Ka (2016)

Ki & Ka (2016)

ကီယာ ဟာရည်မှန်းချက်ကြီးမားပြီး စီးပွားရေးနယ်ပယ်မှာ တစ်နေ့နေ့ထိပ်ဆုံးကို ရောက်ရမယ်ဆိုတဲ့ မိန်းမတစ်ယောက်။ ထက်မြက်တယ် စိတ်ထားလဲခိုင်မာပြတ်သားတယ်။ တစ်နေ့ သူသွားတဲ့ ခရီးတစ်ခု လေယာဉ်ပေါ်မှာ ရှိုက်သံသဲ့သဲ့ကြားလို့ လိုက်ရှာကြည့်မိတော့ သူ့ဘေးချင်းကပ် တစ်ခုံကျော်က ယောက်ျား ရင့်မာကြီးတစ်ယောက်ဖြစ်နေခဲ့တယ်။

အဲ့ဒီတစ်ယောက်ကတော့ ကဘီရ် ဖြစ်ပါတယ်။ ဘာလို့ငိုနေရတဲ့အကြောင်းရင်းကို မေးစမ်းကြည့်လိုက်တော့ သူ့အမေရဲ့ မွေးနေ့တဲ့.သူ့အမေက လေယာဉ်ပျံစီးရမှာ ကြောက်တယ် ရုတ်တရက် စိတ်ထဲမှာပေါ်လာတာတွေ တွေးပြီး ၀မ်းနည်းလာလို့တဲ့။ ကီယာ ကောင်လေးအပေါ် ဂရုဏာသက်သွားတယ်။ မွေးနေ့ဆိုတာ ၀မ်းနည်းစရာ မဟုတ်ဘူး အောင်ပွဲခံစရာ လို့ သူပြောတယ်။ အဲ့ဒီကောင်လေးနဲ့ ဘားတစ်ခုမှာ အတူထိုင်ဖြစ်ခဲ့တယ်။

စကားပြောကြည့်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိလာတော့မှ ကဘီရ်ဟာ ဆောက်လုပ်ရေးနယ်ပယ်မှာ ထိပ်ဆုံးဆိုတဲ့ သူဌေးကြီး တစ်ယောက်ရဲ့ တစ်ဦးတည်းသောသားဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့် သူက သူ့အဖေရဲ့ အမွေကို ဘယ်တော့မှ မယူဘူး။ သူဖြစ်ချင်တာက သူ့အဖေကို ဒီလိုအောင်မြင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပေမယ့် ဘယ်သူမှ မသိခဲ့တဲ့ နောက်ကွယ်က သူသိပ်ချစ်တဲ့ သူ့အမေလိုနေရာ..။

သူတို့နှစ်ယောက် မကြာခဏဆုံဖြစ် စကားတွေ အတူတူပြောဖြစ် နောက်ဆုံးလက်ထပ်ဖြစ်သွားကြတယ်။ ဒါပေမယ့် အိန္ဒိယ လူ့အဖွဲ့အစည်း ( ဒါမှမဟုတ် ကျွန်တော်တို့ အရှေ့တိုင်း) နဲ့ဆန့်ကျင်ဘက် အိမ်ထောင်ရေး မျိုးကို ထူထောင်လိုက်ကြတယ်။ အောင်မြင်လွန်းချင်တဲ့ မိန်းမက အလုပ်လုပ် ငွေရှာ ယောက်ျားကတော့ အိမ်မှာနေ ထမင်းဟင်းချက် အ၀တ်လျှော် အိမ်ထောင်မှုကို ထိန်းသိမ်း ပေါ့။

ရှေးရိုးဆန်လွန်းတဲ့ပတ်ဝန်းကျင်မှာ သူတို့နေထိုင်ရတဲ့အတိုင်း အထစ်အငေါ့လေးတွေရှိတယ်။ ပတ်ဝန်းကျင်က မေးငေါ့တာတွေ အထိုက်အလျောက်ရှိမယ်။ဒါပေမယ့် သူတို့နှစ်ယောက်တည်ဆောက်ထားတဲ့ ဒေါက်တိုင်တွေဟာ ချစ်ခြင်းတရားနဲ့ နားလည်မှုဖြစ်တယ်။ အဲ့ဒါတွေကို ဘယ်လိုအရာက ယိမ်းယိုင်စေနိုင်မလဲ…။

Translated by Waihan Lin Htin

Genre: , Director: Actors: , , , Country: Released: 01 Apr 2016
Score: 5.8 Duration: 126 min Quality: 720p Years: View: 1,610