/
Justice League: Throne of Atlantis (2015)

Justice League: Throne of Atlantis (2015)



Genre: , , Director: Actors: , , Country: Released: Video 13 January 2015 Score: 6.7 Duration: 1h 12min Quality: 720p Years: View: 9,703

IMDb – 6.7/10
Genre – Animation | Action | Sci-Fi
Duration – 1hr 12min

DC ရဲ့ အကောင်းဆုံး Animation တွေထဲက တစ်ကားကို တင်ဆက်ပေးပါရစေ။

2018 မှာရုံတင်​ပြသမယ့်​ Aquaman ရုပ်ရှင် အတွက် မေးခွန်းတွေများနေမယ်ဆို
ဒီ animation လေးကိုကြည့်လိုက်ပါ။

ကျွန်တော်တို့လူသားတိုင်းဟာ မြေပြင်ပေါ်မှာပဲ နေထိုင်ကြပါတယ်။

ဒါပေမယ့် ရေအောက်မှာနေတဲ့ လူသားတွေရော
ရှိတယ်ဆိုရင် ယုံနိုင်မလား?

ရေအောက်​တိုင်းပြည်​ကြီး ခမ်းခမ်းနားနားနဲ့ကို
တည်​ရှိတယ်​ဆိုရင်​ အံ့သြကုန်​ကြလေမလား။

အာသာကယ်ရီ ဟာ ငယ်ငယ်လေးထဲက မိခင်ဖြစ်သူရဲ့ ထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။

ဖခင်ကပဲ မီးပြတိုက်မှာ အလုပ်လုပ်နေရင်း သူ့ကိုအရွယ်ရောက်တဲ့အထိစောင့်ရှောက်ထားခဲ့ပါတယ်။

ရုတ်တရက် သူ့အဖေဆုံးပါးသွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။

အာသာကယ်ရီ ကလေးဘဝတုန်းက ကမ်းစပ်မှာ ရေကူးနေတုန်း သူ့ကိုရေသူမတစ်ယောက်က လာနှုတ်ဆက်ပြီး အနမ်းတစ်ခုပေးသွားခဲ့ဖူးတယ်​။

အဲ့ရေသူမကရော ဘယ်သူများဖြစ်နေမလဲ။

ကြည့်​ရင်းနဲ့ အတ္တလန်တစ်ဆိုတဲ့ ရေအောက်မြို့တော်ကြီးရဲ့ အကြောင်းတွေကို ရင်းနှီးသွားပါလိမ့်မယ်။

Justice League: War (2014) နဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ Justice League အဖွဲ့မှာ Aquaman ကပါဝင်ခဲ့ခြင်းမရှိသေးတော့ ဒီ animation မှာ ဘယ်ကဏ္ဍကနေ အဖွဲ့ထဲပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Epic fighting scene တွေလည်း တပုံတပင်​ကို ပါဝင်​သေးတာမို့ အကြိုက်​တွေ့စေမှာပါ။

Aquaman (2018) ရုပ်​ရှင်​ကိုလည်း ကြည့်​ချင်​။
အတ္တလန်​တစ်​အကြောင်း၊ ကာရိုက်​တာတွေအကြောင်းလည်း မသိသေး။
Comic ဖတ်​ဖို့ကလည်း ပျင်းနေသေးရင်
ဒီ Animation လေးကို ဇိမ်​ခံပြီး ကြည့်​ရင်း
ကာရိုက်​တာတွေနဲ့ ရင်းနှီးအောင်​ လုပ်​ထားလိုက်​ရအောင်​။

ဇာတ်​လမ်းအညွှန်း နှင့်​ ဘာသာပြန်သူ ကတော့ Chan Myae Kyaw ဖြစ်ပါတယ်။

Translated by Chan Myae Kyaw
Encoded by Zon Myat Noe Swe

Comments are closed.