/
Justice League Dark (2017)

Justice League Dark (2017)



Genre: , , , , Director: Actors: , , , Country: Released: 07 Feb 2017 Score: 7.1 Duration: 75 min Quality: 1080p Years: View: 4,835

Justice League Dark ဆိုတဲ့အတိုင်း
ဒီဇာတ်​ကားဟာ အတော်​လေးကို Dark ဖြစ်​ပါတယ်​။
မဖြစ်​ခံနိုင်​ရိုးလား၊ ကျွန်​တော်​တို့ရဲ့
အောက်​လမ်းဆရာ ဇာတ်​လိုက်​ကျော်​ကြီး
ကိုစံသိန်း ခေါ် Constantine ပါဝင်​နေတာကိုး။

Flashpoint အပြီးမှာ DC က​နေ တကားနဲ့တကားအချိတ်​အဆက်​မိမိနဲ့ Animated Universe တခုပုံစံတည်​​ဆောက်​ခဲ့ပြီး​နောက်
ယခု Justice League Dark ဟာလည်း
ထို Universe ထဲမှာပါဝင်​​နေပါတယ်​။
DCAU ပေါ့လေ။

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့ အနှစ်ငါးရာက မှော်ဆရာ Destiny ဟာ Dreamstone ကိုသုံးပြီး ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြံစည်​နေတုန်းမှာပဲ မှော်ဆရာ Merlin နဲ့ Etrigan တို့​ကြောင့်​မအောင်မြင်ဘဲ ကျောက်တုံးထဲမှာ Destiny ဟာ ပိတ်မိ​နေခဲ့ပါတယ်​။ ယခုအချိန်မှာတော့ သူဟာ အနှစ်ငါးရာကြာ အစီအရင်​တွေနဲ့ ကမ္ဘာကြီးကို
ပြန်သိမ်းပိုက်ဖို့ လုပ်​ဆောင်​ပါတော့တယ်​။

JL အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Superman , Wonderman , Flash နဲ့ Green Lantern တို့ မှော်ပညာကိုမကိုင်တွယ်နိုင်တဲ့အခါမှာ​တော့ ထုံးစံအတိုင်း ဂေါ်သမ်​ သူရဲကောင်းကြီး Batman ကပဲ မှော်ပညာကို ကိုင်တွယ်နိုင်တဲ့ သူရဲ​ကောင်း တွေစုစည်းပြီး Destiny ကို
ရင်ဆိုင်ပုံကို ရှုစားရမှာဖြစ်​ပါတယ်​။

ဒီလိုမှော်​သူရဲကောင်းတွေ စုစည်းလိုက်​တဲ့အခါမှာ Comic ပရိသတ်​တွေ အသည်းစွဲ
JLD team ဖြစ်​ပေါ်လာပါတော့တယ်​။

ကိုအောင်​ပြည့်​ကျော်​ မှ ဘာသာပြန်​တင်​ဆက်​ထားပြီး ရုပ်​ရှင်​အညွှန်းကို Arrow မှ
ရေးသားပေးထားပါတယ်​။

Translated by Aung Pyae Kyaw (Prometheus)
Encoded by Myo Khant

Comments are closed.