/
Jab Tak Hai Jaan (2012)

Jab Tak Hai Jaan (2012)

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒါရိုက်တာကြီး Yash Chopra ရိုက်ကူးထားတဲ့
ဆုပေါင်း ၁၅ ဆုတိတိ ရရှိထားပြီး ဝင်ငွေတွေလဲအရမ်းကောင်းခဲ့တဲ့
အချစ်ဒရမ်မာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
King of Romance, King of Bollywood လို့ အများက
တင်စားခေါ်ဝေါ်ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီး ရှရွတ်ခန်းနဲ့ အတူ
အလှဘုရင်မလို့ ပြောရလောက်အောင် နုနုရွရွလေးနဲ့ လှပတဲ့
ကတ်သရီနာကတ်ဖ် ရယ် သရုပ်ဆောင်အရမ်းပီပြင်တဲ့ မင်းသမီးချော
အနူရှကာရှာမား တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ကဲ အညွှန်းလေးဖတ်ကြည့်လိုက်ရအောင်..

ဆမား အနန်းဟာ လန်ဒန်မြို့က အလုပ်ကြိုးစားတဲ့ ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး သူ့ဘ၀ရဲ့ အချစ်ဖြစ်လာမယ့်
နတ်သမီးလေးလို လှတဲ့ မီရာ နဲ့ မကြာခဏတွေ့ဆုံမှုလေးတွေကနေ အချစ်ဖြစ်ပေါ်လာခဲ့ပါတယ်။
ဇာတ်လမ်းလေးမစခင် မှာ အဆုံးသတ်သွားရတဲ့ အကြောင်းကတော့
မီရာဟာ ဘုရားသခင်ကို စူးစူးနစ်နစ်ယုံကြည်သူဖြစ်ပြီး ဘုရားသခင်နဲ့ ကတိတွေ အပေးအယူတွေ လုပ်လေ့ရှိပါတယ်။
တစ်နေ့မှာ ဆမား မတော်တဆမှုတစ်ခုနဲ့ သေရေး ရှင်ရေး ကြုံနေရချိန်မှာ စိတ်ဖိစီးနေတဲ့ မီရာဟာ ဘုရားသခင်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။
အဲ့ဒါကတော့ ဆမားကိုသာ အသက်ရှင်ခွင့်ပေးမယ်ဆိုရင် ဆမားနဲ့သူ တစ်သက်လုံးဝေးဝေးနေပါ့မယ်ဆိုတာပါ။
မီရာ့ရဲ့ တစ်ဇွတ်ထိုးဆုံးဖြတ်ချက်ကို စိတ်နာသွားတဲ့ ဆမားဟာ ဘုရားသခင်ကိုစိန်ခေါ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဝေးဝေးနေတိုင်းသာ တကယ် အသက်ရှင်ရကြေးဆို သေခြင်းရဲ့ နူတ်ခမ်းဝကို နေ့တိုင်း ခုန်ဆင်းပြမယ်ဆိုပြီးတော့
ဗုံးတွေကိုအသက်မဲ့အန္တရာယ်ကင်းအောင်လုပ်တဲ့ တပ်ဖွဲ့မှာ အကာအကွယ်မယူပဲ လုပ်ငန်းဆောင်ရွက်တတ်တဲ့ မသေနိုင်တဲ့သူတစ်ယောက်ဆိုပြီး
နာမည်ကြီးလာခဲ့ပါတော့တယ်။
အဲ့ဒီမှာ ဆမားရဲ့ဘ၀ကို ၀င်ရောက်လာတော့ ကောင်မလေးတစ်ယောက်ကတော့ သူ့အကြောင်းကိုစိတ်ဝင်တစား မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့
သတင်းထောက်မလေး အကီရာပါပဲ။ မီရာရဲ့ ရှေးရိုးစွဲ အယူသီးမှုဟာ တကယ်မှန်နေခဲ့တာလား။
ဆမား ကိုယ်တိုင်ရော သူ့စိန်ခေါ်မှုမှာ သူအနိုင်ရမှာလား။ အကီရာ တစ်ယောက်ဝင်ရောက်လာတဲ့အခါ
သူတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲဆိုတာ……

Translated by Waihan Lin Htin
Encoded by Myo Khant

Genre: , , Director: Actors: , , , Country: Released: 13 Nov 2012
Score: 6.8 Duration: 176 min Quality: 720p Years: View: 4,694