/
In the Tall Grass 2019

In the Tall Grass 2019



Genre: , , Director: Actors: , , , Country: Released: 04 Oct 2019 Score: 5.5 Duration: 101 min Years: View: 2,073

In the Tall Grass’

အ​​မေရိကန်နိုင်ငံ အလယ်ပိုင်း​ဒေသ ပြည်နယ်တစ်ခုရဲ့ အ​ဝေး​​​​​​ပြေးလမ်းမ ​​တစ်​နေရာမှာ ခရစ်ယာန် ဘုရား​ကျောင်းပျက်တစ်လုံး ရှိပါတယ်။ အဲဒီဘုရား​ကျောင်းပျက်​တစ်ဝိုက်မှာ မိုင်​ပေါင်းများစွာ ကျယ်​ပြောလှတဲ့ မြက်ရိုင်းရှည်​တောတွေသာ ကြီးစိုး မင်းမူ​​နေပြီး အခြား ဘယ်စိုက်ပင်ပျိုးပင်ကိုမှ ဒီဧရိယာအနှံ့ မ​တွေ့ရှိနိုင်ပါဘူး။

‘The Church of the Black Rock of the Redeemer’ ဆိုတဲ့ ဆိုင်းဘုတ်​ ထောင်ထားတဲ့ ဘုရား​ကျောင်းပျက်ကြီးဟာ အဲဒီ​နေရာမှာ ​တွေ့ရှိနိုင်တဲ့ တစ်ခုတည်း​သော အ​ဆောက်အဦဖြစ်ပြီး အဲဒီဝန်းထဲမှာ ဖုန်မှုန်သဲ​တွေ ​ပေ​ရေလူး​နေတဲ့ ပိုင်ရှင်မဲ့ ကား​အဟောင်း​အချို့လည်း ပြည့်နှက်လို့​နေ​လေရဲ့။

ဘုရား​ကျောင်းပျက်​​ရှေ့ ဆိုင်းဘုတ်မှာ ပါတဲ့ ‘Black Rock’ ဆိုတဲ့ ဒီ​ဒေသရဲ့ အမှတ်သညာတစ်ခု ဖြစ်ခဲ့ဖူးတဲ့ ​ကျောက်တုံးနက်ကြီးဟာလည်း ဆယ်စုနှစ်တစ်ခုမက ကြာ​အောင် မခုတ်မသင် မရှင်းမလင်း ထားခဲ့တဲ့ မြက်ရိုင်းရှည်​တောကြီး​တွေအထဲ တိမ်မြှုပ် ​ပျောက်ကွယ်​နေပါတယ်။ သေချာတာတစ်ခုက​တော့ ဒီ​ရပ်ဝန်းဟာ အ​ကြောင်းတစ်ခုခု​ကြောင့် လူ​​​​တွေ စွန့်ပစ်သွားခဲ့ကြပုံ ရတဲ့ ​နေရာတစ်ခုပါပဲ။

Becky နဲ့ Cal တို့ ​မောင်နှမနှစ်ဦးဟာ မိသားစုပြဿ နာတစ်ခုကို အ​ကြောင်းပြုပြီး ဒီနယ်​မြေကို ကားတစ်စီးနဲ့ ဖြတ်သန်းလာခဲ့ကြရင်းက ဘုရား​ကျောင်းပျက်ရဲ့ အ​ရှေ့ ​ရောက်ရှိလာခဲ့တယ်။ ဒီအချိန်မှာ ​ကိုယ်ဝန်​​ ခုနှစ်လ လွယ်ထားတဲ့ Becky ဟာ ရုတ်တရက် ပျို့အန်ချင်လာတာကြောင့် Cal က ဘုရား​ကျောင်းပျက်​ရှေ့တင်ပဲ ကားကို အမြန် ထိုးရပ်လိုက်​ပေးလိုက်ရပါတယ်။

ကတ္တရာလမ်း​ပေါ် Becky အန်ချပြီးနောက် ကားကို Cal က ပြန်လည် ​မောင်းနှင်ရန် ပြင်ဆင်​နေစဥ်မှာပဲ မြက်ရိုင်းရှည်​တော​တွေထဲက​နေ က​လေးငယ်တစ်ဦးရဲ့ အကူအညီ ​တောင်းခံသံတစ်သံဟာ စတင် ထွက်​ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ ထွက်​ပေါ်​နေတဲ့ က​လေးငယ်အသံအတိုင်း ​မောင်နှမနှစ်ဦးဟာ လူတစ်ရပ်​ကျော်စာ မြင့်မားလွန်းလှတဲ့ ကားလမ်းနံ​ဘေးက မြက်ရိုင်းရှည်​တောကြီး​တွေထဲ ဦးတည် ဝင်​ရောက်သွားကြချိန်မှာ​တော့…

ဒီဇာတ်ကားဟာ Horror, Thriller ပရိသတ်​တွေ အကြိုက်​တွေ့​စေနိုင်မယ့် သည်းထိတ်ရင်ဖို ဇာတ်ကား​​ကောင်းတစ်ကားလို့ ​​ပြောလို့ရပါတယ်။ ကြည့်ဖူး​နေကျ Horror ကား​တွေက​နေ တစ်မျိုးခွဲထွက်ပြီး ကြည့်လို့​ကောင်း​​​တဲ့ ဒီဇာတ်ကားက သည်းထိတ်ရင်ဖိုဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုကို Netflix က ပြန်လည် အသက်သွင်း ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်း တစ်ကားလုံး အစ,အဆုံး မြက်ရိုင်းရှည်​တောထဲ​ အ​ခြေတည်ထားပေမယ့် အဲဒီအထဲက ထိတ်လန့်​ တုန်လှုပ် ချောက်ချားဖွယ်ရာ အံ့ဖွယ်ဘနမ်း အဖြစ်အပျက်​ဆန်းတွေက မျက်​တောင် မခတ်ချင်​အောင် ကြည့်ရှုသူကို မြက်ရိုင်း​​ရှည်တောထဲ ဆွဲ​ခေါ် သွားပါလိမ့်မယ်။

 

အ​​ေမရိကန္နိုင္ငံ အလယ္ပိုင္း​ေဒသ ျပည္နယ္တစ္ခုရဲ့ အ​ေဝး​​​​​​ေျပးလမ္းမ ​​တစ္​ေနရာမွာ ခရစ္ယာန္ ဘုရား​ေက်ာင္းပ်က္တစ္လုံး ရွိပါတယ္။ အဲဒီဘုရား​ေက်ာင္းပ်က္​တစ္ဝိုက္မွာ မိုင္​ေပါင္းမ်ားစြာ က်ယ္​ေျပာလွတဲ့ ျမက္ရိုင္းရွည္​ေတာေတြသာ ႀကီးစိုး မင္းမူ​​ေနၿပီး အျခား ဘယ္စိုက္ပင္ပ်ိဳးပင္ကိုမွ ဒီဧရိယာအႏွံ့ မ​ေတြ႕ရွိနိုင္ပါဘူး။

‘The Church of the Black Rock of the Redeemer’ ဆိုတဲ့ ဆိုင္းဘုတ္​ ေထာင္ထားတဲ့ ဘုရား​ေက်ာင္းပ်က္ႀကီးဟာ အဲဒီ​ေနရာမွာ ​ေတြ႕ရွိနိုင္တဲ့ တစ္ခုတည္း​ေသာ အ​ေဆာက္အဦျဖစ္ၿပီး အဲဒီဝန္းထဲမွာ ဖုန္မႈန္သဲ​ေတြ ​ေပ​ေရလူး​ေနတဲ့ ပိုင္ရွင္မဲ့ ကား​အေဟာင္း​အခ်ိဳ႕လည္း ျပည့္ႏွက္လို႔​ေန​ေလရဲ့။

ဘုရား​ေက်ာင္းပ်က္​​ေရွ႕ ဆိုင္းဘုတ္မွာ ပါတဲ့ ‘Black Rock’ ဆိုတဲ့ ဒီ​ေဒသရဲ့ အမွတ္သညာတစ္ခု ျဖစ္ခဲ့ဖူးတဲ့ ​ေက်ာက္တုံးနက္ႀကီးဟာလည္း ဆယ္စုႏွစ္တစ္ခုမက ၾကာ​ေအာင္ မခုတ္မသင္ မရွင္းမလင္း ထားခဲ့တဲ့ ျမက္ရိုင္းရွည္​ေတာႀကီး​ေတြအထဲ တိမ္ျမႇုပ္ ​ေပ်ာက္ကြယ္​ေနပါတယ္။ ေသခ်ာတာတစ္ခုက​ေတာ့ ဒီ​ရပ္ဝန္းဟာ အ​ေၾကာင္းတစ္ခုခု​ေၾကာင့္ လူ​​​​ေတြ စြန္႔ပစ္သြားခဲ့ၾကပုံ ရတဲ့ ​ေနရာတစ္ခုပါပဲ။

Becky နဲ႔ Cal တို႔ ​ေမာင္ႏွမႏွစ္ဦးဟာ မိသားစုျပႆ နာတစ္ခုကို အ​ေၾကာင္းျပဳၿပီး ဒီနယ္​ေျမကို ကားတစ္စီးနဲ႔ ျဖတ္သန္းလာခဲ့ၾကရင္းက ဘုရား​ေက်ာင္းပ်က္ရဲ့ အ​ေရွ႕ ​ေရာက္ရွိလာခဲ့တယ္။ ဒီအခ်ိန္မွာ ​ကိုယ္ဝန္​​ ခုႏွစ္လ လြယ္ထားတဲ့ Becky ဟာ ႐ုတ္တရက္ ပ်ိဳ႕အန္ခ်င္လာတာေၾကာင့္ Cal က ဘုရား​ေက်ာင္းပ်က္​ေရွ႕တင္ပဲ ကားကို အျမန္ ထိုးရပ္လိုက္​ေပးလိုက္ရပါတယ္။

ကတၱရာလမ္း​ေပၚ Becky အန္ခ်ၿပီးေနာက္ ကားကို Cal က ျပန္လည္ ​ေမာင္းႏွင္ရန္ ျပင္ဆင္​ေနစဥ္မွာပဲ ျမက္ရိုင္းရွည္​ေတာ​ေတြထဲက​ေန က​ေလးငယ္တစ္ဦးရဲ့ အကူအညီ ​ေတာင္းခံသံတစ္သံဟာ စတင္ ထြက္​ေပၚလာခဲ့ပါတယ္။ ဒီအခါမွာ ထြက္​ေပၚ​ေနတဲ့ က​ေလးငယ္အသံအတိုင္း ​ေမာင္ႏွမႏွစ္ဦးဟာ လူတစ္ရပ္​ေက်ာ္စာ ျမင့္မားလြန္းလွတဲ့ ကားလမ္းနံ​ေဘးက ျမက္ရိုင္းရွည္​ေတာႀကီး​ေတြထဲ ဦးတည္ ဝင္​ေရာက္သြားၾကခ်ိန္မွာ​ေတာ့…

ဒီဇာတ္ကားဟာ Horror, Thriller ပရိသတ္​ေတြ အႀကိဳက္​ေတြ႕​ေစနိုင္မယ့္ သည္းထိတ္ရင္ဖို ဇာတ္ကား​​ေကာင္းတစ္ကားလို႔ ​​ေျပာလို႔ရပါတယ္။ ၾကည့္ဖူး​ေနက် Horror ကား​ေတြက​ေန တစ္မ်ိဳးခြဲထြက္ၿပီး ၾကည့္လို႔​ေကာင္း​​​တဲ့ ဒီဇာတ္ကားက သည္းထိတ္ရင္ဖိုဆရာႀကီး စတီဖင္ကင္းရဲ့ ဝတၳဳကို Netflix က ျပန္လည္ အသက္သြင္း ရိုက္ကူးထားျခင္း ျဖစ္ပါတယ္။ ဇာတ္ကားနာမည္အတိုင္း တစ္ကားလုံး အစ,အဆုံး ျမက္ရိုင္းရွည္​ေတာထဲ​ အ​ေျခတည္ထားေပမယ့္ အဲဒီအထဲက ထိတ္လန္႔​ တုန္လႈပ္ ေခ်ာက္ခ်ားဖြယ္ရာ အံ့ဖြယ္ဘနမ္း အျဖစ္အပ်က္​ဆန္းေတြက မ်က္​ေတာင္ မခတ္ခ်င္​ေအာင္ ၾကည့္ရႈသူကို ျမက္ရိုင္း​​ရွည္ေတာထဲ ဆြဲ​ေခၚ သြားပါလိမ့္မယ္။

Crd#​ေဇာ္မင္း​ေအာင္

#​ဇော်မင်း​အောင်

Translated By Aung Myint Oo

Encoded By Aung Myint Oo

Genres:

Drama | Horror | Thriller

Runtime:

HD

1080p.NF.WEBRip.6CH (1.98 GB)