/
Home Alone 2: Lost in New York (1992)

Home Alone 2: Lost in New York (1992)

ဒီဇာတ်​ကားမှာတော့ ဇာတ်​လမ်းကျောရိုးကို

ကွဲထွက်​အောင်​ အနည်းငယ်​ ပြုပြင်ထားပါတယ်​။

ခရစ်​စမတ်​ကာလရောက်​တိုင်း

အခြားမြို့တွေကို အလည်​အပတ်​သွားလေ့ရှိတဲ့ ကယ်​ဗင်​ တို့မိသားစုဟာ

ဖလော်​ရီဒါ ကို ထွက်​လာခဲ့ကြပါတယ်​။

ဒီတစ်​ခါမှာတော့ ကယ်​ဗင်​ကို မမေ့ခဲ့ပါဘူး။

သို့ပေမယ့်​ မိသားစုနဲ့ပက်​သက်​ရင်​ အမြဲတစေ
တလွဲတွေ လုပ်​တတ်​တဲ့ ကယ်​ဗင်​တစ်​ယောက်

လေယာဉ်​ကွင်းအရောက်​မှာပဲ မိသားစုနဲ့

လူစုကွဲသွားပြီး လေယာဉ်​မှားစီးမိသွားပါတယ်​။

မိသားစုတစ်​ခုလုံး ဖလော်​ရီဒါ ရောက်​နေတဲ့အချိန်

ကယ်​ဗင်​ လေးကတော့ နယူးယောက်​ခ်​ ဆိုတဲ့ မြို့ကြီးပြကြီးထဲမှာ တစ်​ကောင်​ထဲ ရွာလည်​နေပြီပေါ့။

ဖြစ်​ချင်​တော့ Home Alone 1 ထဲက ကယ်​ဗင့်​ ရန်​သူတော်​ကြီးနှစ်​ယောက်​လည်း ထောင်​ကနေ လွတ်​မြောက်​ပြီး နယူးယောက်​ခ်​ မြို့ဆီ
ရောက်​ရှိနေတဲ့အခါ….

ကယ်​ဗင့်​ကို ဘယ်​လိုဒုက္ခတွေ ပေးကြလေမလဲ။

အရင်​ကလို ကိုယ့်​မြို့ခံလည်း မဟုတ်​၊

အကျွမ်းတ၀င်​လည်း မရှိသေးတဲ့ မြို့ပြအသစ်​မှာ

ကလေးတစ်​ယောက်​ အင်​အားနဲ့
ကယ်​ဗင်​ ဘယ်​လိုများ ရှင်​သန်​မလဲ။

ရန်​သူတော်​ကြီးတွေကို ဘယ်​လိုပြန်​ နှိပ်​စက်​မှာတုန်း။

Home Alone ရဲ့ ထုံးစံအတိုင်း တစ်​ကားလုံးကို
ဟာသတွေ၊ ထောင်​ချောက်​ အလန်းတွေနဲ့
ထည့်​သွင်းရိုက်​ကူးထားပါတယ်​။

ဘာသာပြန်​သူကတော့ စိုးမင်းဦး ဖြစ်​ပါတယ်​။

Translated by Soe Min Oo
Encoded by Ye Yink

Genre: , , Director: Actors: , , Country: Released: 20 November 1992 (USA)
Score: 6.7 Duration: 2h Quality: 1080p Years: View: 1,802