/
Happy Death Day 2U 2019

Happy Death Day 2U 2019



Genre: , , , , Director: Actors: , , , Country: , Released: 13 Feb 2019 Score: 6.3 Duration: 100 min Quality: 720p Webrip Years: View: 1,273

#Unicode

Happy Death Day 2U (2019)
=========================

မြန်မာစာတန်းထိုး
=============

Review
~~~~~

Happy Death Day 2U ကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ပဲဖြစ်ပါတယ်။ Groundhog Day လို၊ Naked လို တစ်ရက်တည်းမှာပဲ Looping ပတ်နေတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။

ပထမဇာတ်ကားတုန်းက ဇာတ်ကောင်ဖြစ်တဲ့ Tree Gelbman ဟာအသတ်ခံရပြီးတိုင်းအဲ့ဒီနေ့မှာပဲပြန်ပြန်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့သူ့ကိုဘယ်သူသတ်တယ်ဆိုတာအဖြေရှာရပါတော့တယ်။

ဒါပေမယ့် Happy Death Day 2U မှာတော့ Multiverse Theory တွေပါပါလာတော့ ပထမဇာတ်ကားလောက်စိတ်ဝင်စားဖို့မကောင်းတော့တာအမှန်ပဲဖြစ်ပါတယ်။

ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဘာ့ကြောင့် တစ်ရက်တည်းမှာပဲထပ်ခါထပ်ခါလည်နေလဲဆိုတဲ့အဖြေကို ဒီဇာတ်ကားမှာဖြေရှင်းသွားခဲ့ပါတယ်။

ဒီဇာတ်ကားမှာတော့ Tree တစ်ယောက် သာမန်တစ်ရက်တည်းမှာနိုးထတာမျိုးမဟုတ်တော့ပဲ တခြားသော Dimension တစ်ခုကိုပါရောက်သွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပုံမှန်ဖြစ်ပျက်နေကျဖြစ်ရပ်အားလုံးဟာလဲပြောင်းလဲလို့သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည့်ဖို့အကောင်းဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင် Jessica Rothe ကြောင့်ပါပဲ။

ဇာတ်လမ်းက Thriller/Comedy ပုံစံဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးပဲရိုက်ပြထားတာဖြစ်ပါတယ်။ ဟာသဖောက်တဲ့တချို့အခန်းတွေကတော့ ကလိထိုးရယ်ရသလိုပါပဲ။

နောက်မျက်ရည်ချူတဲ့အခန်းတွေလဲပါဝင်ပြန်ပါသေးတယ်။ ပထမဇာတ်ကားကဇာတ်ဆောင်တွေပဲပြန်ပါဝင်တာဖြစ်ပြီး ပထမဇာတ်ကားက သိပ်အရေးမပါခဲ့တဲ့ Ryan ဟာ ဒီဇာတ်ကားမှာတော့အဓိကတာဝန်ရှိသူဖြစ်လာပြီဖြစ်ပါတယ်။

ဒီဇာတ်ကားကိုကြည့်ရင်းကြည့်ရင်း ခံစားမိလာမှာကတော့ Scooby Doo လားဆိုတဲ့ခံစားချက်ပါပဲ။ တကယ့်ကို Scooby Doo မှာတွေ့ရတဲ့အကွက်တွေလုပ်ပြထားတာအများကြီးပါပဲ။

အဆုံးသတ်ကိုလဲသောင်မတင်ရေမကျလုပ်သွားပြန်တော့ ဒါဟာ နောက်ထပ်တကားအတွက်ချန်ထားတာများလားဆိုတဲ့အတွေးပေါ်စေမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုမကြည့်ခင်တစ်ခုမှာချင်တာက ၂၀၁၇ ထွက် ပထမဇာတ်ကားကိုကြည့်ကြပါဆိုတာပါပဲ။ ပထမဇာတ်ကားမကြည့်ရသေးရင်တော့ နားလည်ဖို့တော်တေ်ာခက်ပါလိမ့်မယ်။

သေချာတာကတော့ သဲထိတ်ရင်ဖိုဇာတ်ကားကိုမျှော်လင့်နေရင်တော့ သဲထိတ်ရင်ဖိုတွေတွေ့ရမှာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေအရွှန်းဖောက်တာတွေပဲမြင်ရမှာပါ။

အဓိကမင်းသမီးကလွဲလို့ ကျန်တဲ့သရုပ်ဆောင်တွေကြည့်ရတာ ဘာလိုမှန်းမသိ လိုနေတဲ့ ခံစားချက်မျိုးကို ဒီဇာတ်ကားမှာဖောဖောသီသီတွေ့ရမှာဖြစ်ပါတယ်။

ဒီတော့ Scooby Doo လိုကားမျိုး၊ Groundhog Day လိုကားမျိုးကြိုက်တယ်၊ slasher ဇာတ်ကားမျိုးကြိုက်တယ်ဆိုရင်တော့ကြည့်သင့်တဲ့ကားပါပဲ။

Review Credit – #Zenith_Review

Translated By KunKhant And Encoded By Lin Htike Aung

IMDb – 6.2/10

Genres: Comedy | Horror | Mystery | Sci-Fi | Thriller

Download Type – Openload, Gofile, Filerocks, Archive
Download Size – 833MB (720p Webrip)
Download Link – First Comment

#Zawgyi

Happy Death Day 2U (2019)
=========================

ျမန္မာစာတန္းထိုး
=============

Review
~~~~~

Happy Death Day 2U ကေတာ့ ၂၀၁၇ ခုႏွစ္ကထြက္ရွိခဲ့တဲ့ Happy Death Day ရဲ႕အဆက္ပဲျဖစ္ပါတယ္။ Groundhog Day လို၊ Naked လို တစ္ရက္တည္းမွာပဲ Looping ပတ္ေနတဲ့ဇာတ္ကားမ်ိဳးပဲျဖစ္ပါတယ္။

ပထမဇာတ္ကားတုန္းက ဇာတ္ေကာင္ျဖစ္တဲ့ Tree Gelbman ဟာအသတ္ခံရၿပီးတိုင္းအဲ့ဒီေန႔မွာပဲျပန္ျပန္ႏိုးထလာခဲ့ပါတယ္။ ဒီလိုနဲ႔သူ႕ကိုဘယ္သူသတ္တယ္ဆိုတာအေျဖရွာရပါေတာ့တယ္။

ဒါေပမယ့္ Happy Death Day 2U မွာေတာ့ Multiverse Theory ေတြပါပါလာေတာ့ ပထမဇာတ္ကားေလာက္စိတ္ဝင္စားဖို႔မေကာင္းေတာ့တာအမွန္ပဲျဖစ္ပါတယ္။

ဒါရိုက္တာကေတာ့ Paranormal Activity ဇာတ္ကားေတြကိုဇာတ္ညႊန္းေရးခဲ့တဲ့ Christopher Landon ပဲျဖစ္ပါတယ္။ ပထမဇာတ္ကားတုန္းကဘာ့ေၾကာင့္ တစ္ရက္တည္းမွာပဲထပ္ခါထပ္ခါလည္ေနလဲဆိုတဲ့အေျဖကို ဒီဇာတ္ကားမွာေျဖရွင္းသြားခဲ့ပါတယ္။

ဒီဇာတ္ကားမွာေတာ့ Tree တစ္ေယာက္ သာမန္တစ္ရက္တည္းမွာႏိုးထတာမ်ိဳးမဟုတ္ေတာ့ပဲ တျခားေသာ Dimension တစ္ခုကိုပါေရာက္သြားမွာျဖစ္ပါတယ္။

သူ႕ရဲ႕ပုံမွန္ျဖစ္ပ်က္ေနက်ျဖစ္ရပ္အားလုံးဟာလဲေျပာင္းလဲလို႔သြားေတာ့မွာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ၾကည့္ဖို႔အေကာင္းဆုံးအေၾကာင္းျပခ်က္ကိုေျပာပါဆိုရင္ Jessica Rothe ေၾကာင့္ပါပဲ။

ဇာတ္လမ္းက Thriller/Comedy ပုံစံျဖစ္တာနဲ႔အညီ ေပါ့ေပါ့ပါးပါးပဲရိုက္ျပထားတာျဖစ္ပါတယ္။ ဟာသေဖာက္တဲ့တခ်ိဳ႕အခန္းေတြကေတာ့ ကလိထိုးရယ္ရသလိုပါပဲ။

ေနာက္မ်က္ရည္ခ်ဴတဲ့အခန္းေတြလဲပါဝင္ျပန္ပါေသးတယ္။ ပထမဇာတ္ကားကဇာတ္ေဆာင္ေတြပဲျပန္ပါဝင္တာျဖစ္ၿပီး ပထမဇာတ္ကားက သိပ္အေရးမပါခဲ့တဲ့ Ryan ဟာ ဒီဇာတ္ကားမွာေတာ့အဓိကတာဝန္ရွိသူျဖစ္လာၿပီျဖစ္ပါတယ္။

ဒီဇာတ္ကားကိုၾကည့္ရင္းၾကည့္ရင္း ခံစားမိလာမွာကေတာ့ Scooby Doo လားဆိုတဲ့ခံစားခ်က္ပါပဲ။ တကယ့္ကို Scooby Doo မွာေတြ႕ရတဲ့အကြက္ေတြလုပ္ျပထားတာအမ်ားၾကီးပါပဲ။

အဆုံးသတ္ကိုလဲေသာင္မတင္ေရမက်လုပ္သြားျပန္ေတာ့ ဒါဟာ ေနာက္ထပ္တကားအတြက္ခ်န္ထားတာမ်ားလားဆိုတဲ့အေတြးေပၚေစမွာျဖစ္ပါတယ္။

ဒီဇာတ္ကားကိုမၾကည့္ခင္တစ္ခုမွာခ်င္တာက ၂၀၁၇ ထြက္ ပထမဇာတ္ကားကိုၾကည့္ၾကပါဆိုတာပါပဲ။ ပထမဇာတ္ကားမၾကည့္ရေသးရင္ေတာ့ နားလည္ဖို႔ေတာ္ေတ္ာခက္ပါလိမ့္မယ္။

ေသခ်ာတာကေတာ့ သဲထိတ္ရင္ဖိုဇာတ္ကားကိုေမွ်ာ္လင့္ေနရင္ေတာ့ သဲထိတ္ရင္ဖိုေတြေတြ႕ရမွာမဟုတ္ပါဘူး။ ေပါ့ေပါ့ပါးပါးနဲ႔ ဟာသေတြအရႊန္းေဖာက္တာေတြပဲျမင္ရမွာပါ။

အဓိကမင္းသမီးကလြဲလို႔ က်န္တဲ့သရုပ္ေဆာင္ေတြၾကည့္ရတာ ဘာလိုမွန္းမသိ လိုေနတဲ့ ခံစားခ်က္မ်ိဳးကို ဒီဇာတ္ကားမွာေဖာေဖာသီသီေတြ႕ရမွာျဖစ္ပါတယ္။

ဒီေတာ့ Scooby Doo လိုကားမ်ိဳး၊ Groundhog Day လိုကားမ်ိဳးၾကိဳက္တယ္၊ slasher ဇာတ္ကားမ်ိဳးၾကိဳက္တယ္ဆိုရင္ေတာ့ၾကည့္သင့္တဲ့ကားပါပဲ။

Review Credit – #Zenith_Review

Translated By KunKhant And Encoded By Lin Htike Aung

IMDb – 6.2/10

Genres: Comedy | Horror | Mystery | Sci-Fi | Thriller

Download Type – Openload, Gofile, Filerocks, Archive
Download Size – 833MB (720p Webrip)
Download Link – First Comment

2 responses to “Happy Death Day 2U 2019”

  1. Your place is valueble for me. Thanks!…

  2. Crave Canada says:

    Excellent read, I just passed this onto a friend who was doing a little research on that. And he actually bought me lunch since I found it for him smile So let me rephrase that: Thank you for lunch!

Leave a Reply

Your email address will not be published. Required fields are marked *