/
Halloween (1978)

Halloween (1978)

ယနေ့ အောက်တိုဘာ (၃၁) ရက် မှာ ကျရောက်တဲ့ Halloween day အဖို့ အမှတ်တရအနေနဲ့ ကျွန်တော်တို့ Mmsubtitles ကနေ
Halloween day special 🎃 အစီအစဉ်လေးကို တင်ဆက်လိုက်ပါတယ်။
ထို Halloween day special 🎃 အစီအစဉ်လေးကို Halloween day မှာ ကြည့်ရှုသင့်တဲ့
တစ်ခေတ်တစ်ခါက ထပ်ပေါ်ကျော်ကြားခဲ့ပြီး Halloween (1978) လို့ အမည်ရတဲ့ ခြောက်ခြားဖွယ်ကောင်းလှတဲ့
ဂန္တဝင် Slasher ဇာတ်ကားကောင်းတစ်ကားနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

Rotten Tomatoes … 95%
IMDb… 7.8

ယခုရုံတင်ပြသနေတဲ့ Halloween (2018) ဟာ ဒီ 1978 ထွက် မူလ Halloween ဇာတ်ကားနဲ့ပဲ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။
ဆိုတော့ကာ 1978 မှာဖြစ်ပျက်ခဲ့တဲ့ ဟောလိုးဝင်းလူသတ်မှုတွေရဲ့ နောက်ဆက်တွဲဟာ
ယခုရုံတင်ပြသနေဆဲ 2018 ဇာတ်ကားပဲဖြစ်ပါတယ်။

[1978 နောက်ပိုင်း ထပ်ထွက်ခဲ့တဲ့ Halloween sequel တွေဟာ Halloween (2018) နဲ့ ပက်သက်မှုမရှိတော့ပါဘူး၊
ဒီ့အတွက် 1978 ဇာတ်ကားကို စကြည့်ထားရုံနဲ့
2018 ထွက် ဇာတ်ကားမှာ အချိတ်အဆက်
မိနေမှာပါ။]

ဇာတ်​လမ်းအကျဉ်းအနေနဲ့ကတော့
ဟဒ်​ဒန်​ဖီးလ်​ဆိုတဲ့ မြို့​လေးတစ်​မြို့ရဲ့
ဟောလိုးဝင်းပွဲ​တော်​ညမှာ
ချစ်​သူနဲ့ ချိန်း​တွေ့မိတဲ့ ဂျူးဒစ်​ဟာ
အသက် ​၆ နှစ်​သာရှိ​သေးတဲ့ ​မောင်​အရင်းဖြစ်​သူ မိုက်ကယ်​ရဲ့ ရက်​စက်​စွာသတ်ဖြတ်​ခြင်းကိုခံခဲ့ရပါတယ်​။
ဒီအဖြစ်​အပျက်​​ကြောင့်​ မိုက်​ကယ်​ ဟာ
ထောင်​ကျခဲ့ပြီး ၁၅ နှစ်​အကြာမှာ​တော့
ထွက်​​ပြေးလွန်​​မြောက်​လာပါ​တော့တယ်​။

မိုက်​ကယ် ​ရဲ့ စိတ်​​ရောဂါကုဆရာဝန်​ဖြစ်​သူ
ဒေါက်​တာဆမ်​မြူရယ်​ဟာ မိုက်​ကယ်​ရဲ့ အ​ကြောင်းကို​ကောင်း​ကောင်းသိ​နေတဲ့အတွက်
အပူတပြင်းလိုက်လံရှာ​ဖွေခဲ့ပါ​တော့တယ်​။
တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊
မိုက်ကယ်​ ပြန်​လွတ်​​မြောက်​လာတဲ့​နေ့ဟာလည်း
ဟောလိုးဝင်းပွဲ​တော်​​နေ့မှာပါ။
ငယ်စဉ်က အစ်မအရင်းဖြစ်သူကို သတ်ပြီး
သူ့အတွက် လူသတ်ခြင်းအလုပ်နဲ့ စတင်ယဉ်ပါးခဲ့တဲ့ နေထူးတစ်နေ့ပေါ့။

လွတ်​​မြောက်​လာတဲ့ မိုက်​ကယ်​ တစ်​​ယောက်​ သူ့ရဲ့နေ့ထူး ဟောလိုးဝင်းနေ့ မှာ
ဘာ​တွေထပ်လုပ်ဦးမှာလဲ။
ဒေါက်​တာဆမ်​မြူရယ်​က​ရော မိုက်​ကယ့်​ကို
အချိန်​မီရှာတွေ့ပါ့မလား။

Low budget နဲ့ရိုက်​ကူးခဲ့​ပေမဲ့ Box Office မှာ​ ဝင်​​ငွေအ​တော်​ကို​ကောင်းပြီး
ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ချီးကျူးထောပနာပြုမှုတွေကို တစ်သီကြီး ရရှိခဲ့တဲ့ ဂန္တ၀င်​​မြောက်​ Slasher ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

R-rated စစ်စစ်ဖြစ်လို့ သွေးသံရဲရဲ
လူသတ်ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့အတွက်
17 နှစ်အောက် ကလေးသူငယ်တွေတော့
မိဘနှင့်အတူ ကြည့်ရှုမှ သင့်တော်ပါမယ်။

Halloween day မှာ Halloween (1978) ကို
ကြည့်ရင်းနဲ့ ကြောက်မက်ခြင်းရသကို
ခံစားလိုက်ရအောင်။

ရုပ်ရှင်အညွှန်းနှင့် ဘာသာပြန်သူကတော့
Chue Tint Khaing ဖြစ်ပါတယ်။

Translated by Chue Tint Khaing
Encoded by Aung Myat Thu

Genre: , Director: Actors: , , , Country: Released: 27 Oct 1978
Score: 7.8 Duration: 91 min Quality: 1080p Years: View: 1,935