/
Gravity

Gravity




Gravity ရုပ်ရှင်ဟာ တကယ့်ကို Simple and Awesome ပါဘဲ။ ဇာတ်လမ်းကတော့ အာကာသယာဉ်ပျက်စီးသွားတဲ့ လူတစ်ယောက်ဟာ အမိကမ္ဘာမြေကိုပြန်လာဖို့ကြိုးစားတာ … ဒါပါဘဲ။

ဒေါက်တာရိုင်ယန်ဟာ ကျန်းမာရေးအင်ဂျင်နင်ယာတစ်ယောက်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ပထမဦးဆုံး အာကာသခရီးစဉ်တစ်ခု။
မတ်ကတော့ ဒီခရီးစဉ်ဟာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်တစ်ခု။ ဒါပြီးရင် သူကအနားယူပြီ။ သူတို့တွေ Open Space လို့ခေါ်တဲ့ ယာဉ်ပြင်ပမှာ ပစ္စည်းတပ်ဆင်နေတုန်း ရုရှားတို့ပစ်ခွင်းလိုက်တဲ့ ဂြိုလ်တုရဲ့ အပိုင်းအစတွေဟာ သူတို့ရှိရာလမ်းဘက်ကိုလာစင်ခဲ့တယ်။
သူတို့ ဗဟိုတည်ရာယာဉ်ရော အပေါင်းအပါတို့ရော သေဆုံးသွားခဲ့ရပြီး မတ်နဲ့ရိုင်ယန်ဘဲကျန်ပါတော့တယ်။
အရာအားလုံးဟာ သိပ်ကိုမြန်ဆန်လွန်းတယ်။
မိနစ် ၉၀တိတိကြာတဲ့ ဒီဇာတ်ကားမှာ သူတို့ကို အပိုင်းအစတွေလာမှန်တဲ့အထိဆို ၁၃ မိနစ်လောက်ဘဲရှိလိမ့်မယ်။ ကျန်တဲ့အပိုင်းမှာ ရိုင်ယန်နဲ့မတ်တို့ ကမ္ဘာမြေကိုပျံဖို့ကြိုးစားတာပါဘဲ။
ဒီတော့ နှစ်ယောက်လုံးပြန်ရောက်မလား မရောက်ဘူးလား ဒါမှမဟုတ် တစ်ယောက်ယောက်များ တစ်ခုခုဖြစ်မလားဆိုတာကတော့ ဇာတ်ကားမှာဘဲစောင့်ကြည့်ပါလေ
Gravity ကိုဘဲကြည့် Ryan (Sandra Bullock) —
Matt (George Clooney) နှစ်ယောက်တည်းရယ် မှောင်မဲနေတဲ့ ကမ္ဘာ့ပြင်ပရယ်နဲ့တင် အကောင်းဆုံးသော သမိုင်းဝင် ရုပ်ရှင်ကားတစ်ချပ်ကို ထွင်းထုပြခဲ့တယ်။
ဒီအတွက်လည်း သူဟာ ဒီဇာတ်ကားအတွက် ၂၀၁၄ မှာ အကောင်းဒါရိုက်တာဆုအတွက် အောစကာရခဲ့ပါသေးတယ်။
ဒါ့အပြင် Gravity ဟာ ထိုနှစ်က အောစကာ ၇ ဆုတိတိနဲ့ အိမ်ပြန်ခဲ့နိုင်တဲ့အထိ အောင်မြင်ခဲ့တယ်။
ဒီတော့ ရိုင်ယန်နဲ့မတ်တို့ ကမ္ဘာအပြင်ရောက်သွားတဲ့အခါ အရာကြီးတစ်ခုမရှိတော့ပါဘူး။ ဟုတ်ပါတယ် ကမ္ဘာ့ဆွဲအားပါ။ ဒီတော့ ဒါရိုက်တာလည်းဖြစ်
Co writer လည်းဖြစ်တဲ့ Alfonso ဟာ Gravity ကို သတိပေးချင်တာ မဆန်းပါဘူး။
Steve ဟာ Gravity မှာ သူ့ရဲ့ အတိုင်းအထက်အလွန် ကောင်းလွန်းတဲ့ Score ကြောင့် အောစကာရခဲ့ပါသေးတယ်။
Fury / Suicide Squad / Baby Driver တို့ရဲ့ Score တွေကို ဖန်တီးပေးခဲ့တဲ့ Steve ဟာ Gravity အတွက် အပြစ်ပြောစရာမရှိတဲ့ Score တစ်တွဲကို ဖန်တီးခဲ့တယ်ဆ်ုလည်း မမှားပါဘူး။
စ လယ် ဆုံး မျက်တောင်မခတ်ရဲလောက်အောင် ဒါမှမဟုတ် အသက်ရှုဖို့မေ့လောက်တဲ့ Scene တွေကို ပေးဆပ်နိုင်ခဲ့တဲ့ Lubezki ရဲ့ ဒီလက်ရာဟာ ၂၀၁၄ အောစကာညက သူ့ကို ရွှေစင်ရုပ်တုတစ်ခု အိမ်သယ်ပေးသွားနိုင်ခဲ့ပါသေးတယ်။
ဇာတ်ကားအစကနေ အဆုံးအထိ
Alfonso ရဲ့ ဒါရိုက်တာပညာ …
Steve ရဲ့ အသက်ပါတဲ့ Score တွေ ……
Lubezki ရဲ့ မှော်ဆန်တဲ့ Scene ဖန်တီးချက်တွေ
Sandra Bullock ရဲ့ အပိုအလိုကင်းတဲ့ သရုပ်ဆောင်မှုတွေပေါင်းလိုက်တဲ့အခါမှာတော့
Gravity ဟာ သိပ်ကိုလှပတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်။
အညွန်းကို#SilverScreen #Three65Moviesမှကူးယူထားတာဖြစ်ပါတယ်
Encoded by Zerokyaw Soelwin
Myandrive, Mega