/
Game Of Thrones 2019 (Season-8)

Game Of Thrones 2019 (Season-8)



Genre: , , Actors: , , , Country: , Released: 2011-04-17Networks: Episodes: 73 Type: TVScore: 9.5Duration: 60 minQuality: Year: View: 10,775







#Unicode

Game of Thrones Season 8 (Final Season)
==================================

မြန်မာစာတန်းထိုး
==============

ဒီ season 8ကတော့GOTရဲ့နောက်ဆ‌ုံးပါပဲ။ ဒါပေမဲ့ season 7ကြည့်ပြီးတဲ့အခါ ကျန်နေတဲ့ဇာတ်ကွက်တွေက အများကြီးရှိပါ‌သေးတယ်။ ဒါတွေကို season တစ်ခုထဲနဲ့ ထိရောက်အောင်ရိုက်နိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါ။
ပြီးတော့ ဒီseason 8ကို George RR Martin ‌ကရေးလို့မပြီးသေးပေမဲ့ David and Danတို့နှစ်ယောက်က အဓိကရေးသားအဆုံးသတ်ခဲ့တာပါ။
7ကြည့်ပြီးရင်တော့ Night King လာနေပြီဆိုတာသိလောက်ပါပြီ။ အခုလာမယ့်တိုက်ပွဲက အိမ်တော်တွေကြားက တိုက်ပွဲသက်သက်မဟုတ်တော့ဘူး။ သေသူတွေနဲ့ ရှင်သူတွေကြားကတိုက်ပွဲဆိုတာ သဘောပေါက်မှာပါ။ ဆာဆီကကူတိုက်ပေးမှာ မဟုတ်တဲ့အတွက် ဝင်းတားဖဲလ်က အင်အားနည်းနေဆဲပါ။ နဂါးဘုရင်မကတော့ ကူတိုက်ပေးမယ်ဆိုပေမဲ့ ဝင်းတားဖဲလ်နဲ့ နဂါးဘုရင်မကြားမှာ မဟာမိတ်ရောရနိုင်ပါ့မလား။ ညဘုရင်ကိုရော သတ်နိုင်တဲ့နည်းရော ရှိရဲ့လားဆိုတာလည်း ဘယ်သူမှသေချာမ‌ပြောနိုင်ပါဘူး။
ဒီတိုက်ပွဲကိုနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ နိုင်ခဲ့ရင်တောင် နောက်စစ်ပွဲကရှိနေသေးတယ်။ နဂါးဘုရင်မရဲ့ ရည်ရွယ်ချက်က ညဘုရင်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ သူသတ်ချင်တာက ဆာဆီ သူလိုချင်တာက သံပလ္လင်။
ပြီးတော့ ဂျွန်စနိုးတောင်မသိသေးတဲ့ အမှန်တရားတစ်ခုကလည်း စောင့်နေပါသေးတယ်။ ဂျွန်က သံပလ္လင်ရဲ့ ဆက်ခံသူအစစ်ပါ။ အဲ့သတင်းကရော လျှို့ဝှက်စွာပဲပြီးသွားမလား ပျံ့ပဲပျံ့သွားမလား။ ဂျွန်ကရော သူချစ်ရတဲ့ သူဒူးထောက်ထားတဲ့ သူ့ဘုရင်မလေး ဒနဲရီးစ်ကို ကျော်ပြီး သံပလ္လင်ကို သိမ်းပိုက်သွားမလားလဲ စောင့်ကြည့်ရဦးမှာပါ။
Game of Thrones မှာလူတိုင်းကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေရှိမှာပါ။ ညဘုရင်နဲ့ ဆာဆီလိုမျိုး ဗီလိန်တွေရဲ့ပရိသတ်တွေတောင်ရှိပါတယ်။ အဲ့တော့ ကိုယ့်ရဲ့အကြိုက်ဆုံးဇာတ်ကောင်က သေဆုံးမလား သံပလ္လင်ပဲ သိမ်းပိုက်သွားမလားဆိုတာကို ရင်ခုန်လိုက်ပါဦး။ ဘာလို့လဲဆိုတော့ ဆာဆီပြောခဲ့တဲ့အတိုင်းပဲ “When you play Game of Thrones, you win or you die.”

အညွန်းနဲ့ဘာသာပြန်ကတော့ Game Of Thrones ကို Season 1 ကတည်းကစကြည့်ခဲ့တဲ့ ဘာသာပြန် Rashida ပဲဖြစ်ပါတယ်။

Translated By Rashida And Encoded By Lin Htike Aung

Download Type – Openload, Megaup, Filerocks
Download Size – Average 900 MB (720p Web H264)
Download Link – First Comment

#Zawgyi

Game of Thrones Season 8 (Final Season)
==================================

မြန်မာစာတန်းထိုး
==============





Game Of Thrones 2019 (Season-8) Episodes