Advertise here
/
Fullmetal Alchemist (2017)

Fullmetal Alchemist (2017)

ဒီဇာတ်ကားလေးဟာ နာမည်ကျော်ဂျပန်မန်ဂါ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Fullmetal Alchemist ကို Live Action အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ကားလေးပါ။
အီတလီနိုင်ငံမှာ ငွေကုန်ကြေးကျခံကာ ဆက်တင်ဆင်ပြီး ရိုက်ထားတာဖြစ်ပြီး CGI သုံးထားတာလဲ သေရပ်တဲ့အတွက် ကြည့်ဖူးသမျှ Live Actionကားထဲမှာတော့ အတော်လေးမိုက်တဲ့ကားလို့သတ်မှတ်ပါရစေ။
မန်ဂါနဲ့မရင်းနှီးသူတွေအတွက်လဲ​ ကြည့်လို့အဆင်ပြေပြီး မန်ဂါဖတ်ပြီးသားသူတွေအတွက်လဲ မန်ဂါအတိုင်းထပ်တူနီးပါးရိုက်ထားတဲ့အတွက် အာသာပြေမယ့်ကားလေးပါ.
(အသေးစိတ်မန်ဂါနဲ့ယှဉ်ပြီး အပြစ်ရှာဝေဖန်ရင်တော့တစ်မျိုးပေါ့) ကဲ ဇာတ်လမ်းပုံစံအကျဉ်းလေးပြောပြမယ်

Edward Elric နဲ့ Alphonse Elric တို့ ညီအစ်ကိုနှစ်ဦးဟာ အဂ္ဂိရတ်ပညာကို ငယ်ငယ်ကတည်းက တတ်ကျွမ်းနေတဲ့ ညဏ်ကြီးရှင် နှစ်ယောက်ပါ ။
သေဆုံးသွားတဲ့ မိခင်ဖြစ်သူကို အဂ္ဂိရတ်ပညာနဲ့ ပြန်အသက်သွင်းနိုင်ဖို့ ကြိုးစားရင်း တစ်ခုလိုချင်တစ်ခုပြန်ပေးရမယ့် အဂ္ဂိရတ် ဥပဒေသစည်းမျဉ်းကြောင့် ညီဖြစ်သူ Alphonse Elric ဟာ ခန္တာကိုယ်ဆုံးရှုံးလိုက်ရပါတော့တယ်။
ဒါကြောင့် အကိုဖြစ်သူ Edward ဟာ ညီဖြစ်သူရဲ့ ဝိညဉ်ကို သံချပ်ကာဝတ်စုံကြီးထဲကို ထည့်ပြီး ညီဖြစ်သူရဲ့ခန္တာကိုယ်ကိုပြန်ရအောင် ကြိုးစားပါတော့တယ်.
အဲ့လိုကြိုးစားရင်းနဲ့ အရမ်းအစွမ်းထက်တဲ့ ဖီလော်ဆိုဖာကျောက်တုံးရှိနေတယ်ဆိုတာသိရတော့ ညီဖြစ်သူရဲ့ခန္တာကိုယ်ကိုပြန်ရဖို့အတွက် ကျောက်တုံးကို အသဲအသန်လိုက်ရှာပါတော့တယ်
အဲ့လိုလိုက်ရှာရင်းနဲ့ပဲ ကျောက်တုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့…….

Translator: Myo Khant
Encoder: Zon Myat Noe Swe

Genre: , , Director: Actors: , , , Country: Released: 01 Dec 2017
Score: 5.9 Duration: 135 min Quality: 720p Years: View: 1,632