/
Fast & Furious Presents: Hobbs & Shaw (2019)
Fast & Furious Presents: Hobbs & Shaw (2019)
Genre: , Director: Actors: , , , Country: Released: 02 Aug 2019 Score: 6.7 Duration: 137 min Quality: 1080p WEBrip H265, 720p WEBrip H265 Years: View: 1,750
#Unicode
Fast and Furious Presents Hobbs and Shaw (2019)
××××××××××××××××××××××××××××××××××
မြန်မာစာတန်းထိုး
××××××××××××××
Hobbs and Shaw WEBRip Version ထွက်လာလို့ အမြန်ဆုံး Encode ပေးပြီးတင်ဆက်ပေးလိုက်ပါတယ်။
Bluray မှစောင့်နေကြတဲ့သူတွေကိုလဲ Bluray Version ထွက်လာရင် အမြန်ဆုံးပြန်လည်တင်ဆက်ပေးပါ့မယ်။
720p ကကြည့်ရတာစာလုံးတွေနည်းနည်းသေးနေပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ 1080p နဲ့ပဲဒေါင်းကြည့်ပေးကြပါ။
Encode လုပ်တဲ့နေရာမှာ ကျွန်တော် အမှားလေးတွေနည်းနည်းပါသွားလို့ပါ။
Translated By KunKhant And Encoded By Lin Htike Aung
Download Type – Megaup,Archive,Filerocks,Soliddrive
Download Size – 1080p WEBRip H265 (2.13GB), 720p WEBRip H265 (1.19GB)
Plot
Virus တစ်ခုကြောင့် လူသားအားလုံး အသက်အန္တာရယ်ရှိလာတဲ့အခါမှာတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Luke Hobbs နဲ့ Deckard Shaw တို့နှစ်ယောက်ပူးပေါင်းပြီး Virus ကိုရှာ၊ ကမ္ဘာကြီးကို ကယ်တင်ဖု့ိဖြစ်လာပြန်ပါတော့တယ်။
Review
Fast and Furious Presents: Hobbs & Shaw ဟာ FF franchise ရဲ့ ပထမဆုံး Spinoff ကားတစ်ကားဖြစ်လာပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံတွေအရ နောက်ဆို Fast and Furious Universe လိုမျိုးတွေသွားလာနိုင်သလို Hobbs & Shaw လည်း 2 တွေ 3 တွေ ထပ်လာနိုင်ချေရှိနေပါတယ်။
H&S ကို trailer မှာကတည်းက နည်းနည်းသတိထားမိတာက Fast and Furious နဲ့ မတူလောက်ဘူးဆိုတာပါ။ တကယ်လည်း ရုပ်ရှင်ဟာ action ပိုင်းမှာ အရမ်းကြမ်းသလောက် ပြသချိန်အများစုဟာ comedic ပိုင်းကိုပိုသွားထားခဲ့တာတွေ့ရပါတယ်။ F8 မှာကတည်းက မတည့်ဘဲ စကားများနေတဲ့ H&S ကို ပရိတ်သတ်တွေက ကြိုက်ခဲ့ကြတာဆိုတော့ ဒီမှာလည်း ဒီ ၂ ယောက်မတည့်တာက အဓိက theme တစ်ခုဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ဇာတ်လမ်းအရ FF နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ မခံစားရလောက်အောင်ကို ကွဲထွက်နေခဲ့ပါတယ်။ အဲမှာ ကျွန်တော်တစ်ခုသဘောကျတာက ဒီလိုလွှတ်ပျော် လွှတ်ကြမ်းနေတဲ့ကားမျိုးက FF ထဲက ကွဲထွက်ပြီးသူ့ဟာသူ သီးသန့်ထွက်နေတာမျိုးဖြစ်နေလို့ပါ။ ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြိုက်ခဲ့ရတဲ့ ရပ်ကွက်ထဲ မြို့ထဲမှာ ကားတွေပစ္စည်းတွေ ခိုးပြီး ရဲနဲ့ ပြဿနာတွေတက်၊ မိသားစုကိုမထိနဲ့ဆိုပြီး ရန်တွေရှာနေတတ်တဲ့ Dominic တို့ဇာတ်လမ်းက မရှိတော့ပါဘူး။ Super soldier တွေ၊ super secret organization တွေရန်ကနေ ကမ္ဘာကြီးကိုကာကွယ်နေရတဲ့ Avengers level ရုပ်ရှင်တွေဖြစ်လာနေပါတယ်။ အဲအတွက် FF ရဲ့ အနှစ်သာရကြီးက ပျက်ကုန်တာပေါ့။ ဒီကားမှာ ဇာတ်လမ်းတင်ဆက်မှုအရ လုံးဝမဆိုင်သလိုနီးပါးဖြစ်နေတော့ FF ကားတွေထက် အများကြီးလွတ်လွတ်လပ်လပ် ခံစားလို့ရခဲ့ပါတယ်။
ကဲ ရုပ်ရှှုင်ဘက်ပြန်လှည့်ရအောင်။ အဓိက ကွာသွားတဲ့အချက်တစ်ခုက H&S ဟာ FF လိုမျို တစ်ခုခုဆို ကားနဲ့ပဲဖြေရှင်းနေတတ်တဲ့ကားမဟုတ်တော့ပါဘူး။ ပြိုင်ကားတွေ လိုတာထက်ပိုသုံးတယ်ဆိုပေမဲ့ FF8 တို့ 7 တို့တုန်းကလောက် စစ်စခန်းဝင်စီးလည်း ပြိုင်ကားပဲ၊ လူဆိုးဖမ်းချင်လည်း ပြိုင်ကားပဲ ဆိုတာမျိုးတွေ မပါတော့ဘူး။ သာမန် Action အသားပေးရုပ်ရှင်မှာကိုက ဇာတ်ကောင်တွေက ကားတွေကို ပိုကျွမ်းပိုသုံးတာပဲ ဆိုတာလောက်ပဲ ပါတော့တယ်။
ရုပ်ရှင်က ဟာသဘက်ကို ပိုသွားခဲ့တာ တစ်ကားလုံးရယ်နေတာမဟုတ်ပေမဲ့ ရယ်ရတဲ့အခန်းတော်တော်များပါတယ်။ အထူးသဖြင့် ဘယ်လိုမှမထင်ထားတဲ့ မင်းသားတွေရဲ့ cameo တွေကလည်း ပါလာတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်ရဲ့ အကြိုက်ဆုံးအချက်တစ်ချက်ကတော့ ပြင်ပလောက ရုပ်ရှင်တွေအကြောင်း၊ ဒီ The Rock နဲ့ Jason Statham တို့ရဲ့ အကြောင်းတွေကို တတ်နိုင်သလောက် reference တွေ nod တွေထည့်ထားပါတယ်။ သူတို့အကြောင်းနဲ့ ရုပ်ရှင်တွေကိုကြည့်ဖူးထား ရင်းနီးထားတဲ့ပရိတ်သတ်တွေအတွက်တော့ ပျော်ဖို့ကောင်းတဲ့ အခိုက်အတန့််လေးတွေ တော်တော်များများပါပါတယ်။ FF spinoff ဆိုတော့ ထုံးစံအတိုင်း Family က မပါမဖြစ်ပေါ့။ ဒါပေမဲ့ ဒီကားက family ဆိုတာက recent FF ရုပ်ရှင်တွေထဲက Family BS တွေထက် ပိုကောင်း ပိုသဘာဝကျပါတယ်။ Trailer မှာတွေ့ရမဲ့အတိုင်း Luke Hobbs က သူ့အမေရှိရတဲ့ Samoa ကျွန်းကိုပြန်ပါတယ်။ (Samoa ဆိုတာ The Rock ရဲ့ အမေဘက်က အမျိုးတွေရဲ့ ကျွန်းပါ။ The Rock ဘယ်ဘက်က tattoo အကြီးကြီးက Samoan tattoo ကြီးပေါ့)။ The Rock ကတော့ ဒီကားထဲမှာ Luke Hobbs ထက် The Rock နဲ့ ပိုတူနေသလိုတော့ ခံစားရတယ်။
ထွေလာမှာ တွေ့ခဲ့ကြသလိုပဲ ရုပ်ရှင်မှာတော်တော်လေး silly ဖြစ်တဲ့ အကွက်တွေလည်း များပါတယ်။ Fall damage zero နီးပါးဖြစ်နေတာတွေက မသိရင် ကျွန်တော်တို့ game မှာ hack လုပ်ပြီးဆော့သလိုပါပဲ။ ရုပ်ရှင်တစ်ကားလုံးနီးပါးက non stop action နဲ့ ပျော်ဖို့ကောင်းတဲ့ အခိုက်အတန့်တွေများနေတော့ တချို့ဟာတွေက သည်းခံလို့ရပေမဲ့ ဇာတ်သိမ်းခါနီး final showdown ဖြစ်လာတဲ့အခါမှာတော့ တော်တော်လေး extreme ဖြစ်လာခဲ့တယ်။ ပြောရရင် ရုပ်ပေါက်လာတယ်ပေါ့။ Luke Hobbs က Captain America ထက်ပိုသန်နေတာလား ဘာလား။ တစ်ကားလုံးရဲ့ physics က မရှိသလောက်ကို လုပ်ထားတယ်။
H&S ဟာ ကျွန်တော့်အတွက်တော့ FF ကားတွေထက် ပိုပြီးကြည့်ပျော်ခဲ့ပါတယ်။ လူများပြီးပွဲမစည်တဲ့ ဇာတ်ကောင်တွေ အုပ်လိုက်ပြီးမသုံးထားလို့လည်းပါမယ်၊ အဲလို ကြည့်စရာမျက်နှာတွေမပါလို့ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးထားလို့လည်းပါမယ်။ Physics တွေက ပေါနေတယ်၊ ပေါက်ကရဖြစ်နေတယ်ဆိုပေမဲ့ FF လောက်မဆိုးခဲ့ဘူး။ ဇာတ်လမ်းကလည်း အဲလောက်မပေါခဲ့ဘူး။ ဒီဟာတွေကို ထည့်မတွက်ဘူး၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ကြီးကြည့်ချင်တယ်ဆိုရင်တော့ H&S က အဆင်ပြေပါလိမ့်မယ်။
ကြည့်ပြီးတဲ့သူတွေရော ဘယ်လိုလဲ။ မန့်သွားကြပါဦး။
Admin KPK
DatShin: 3/5
IMDB: 7.5/10
Rottentomatoes: 71%
#Zawgyi
Fast and Furious Presents Hobbs and Shaw (2019)
××××××××××××××××××××××××××××××××××
မြန်မာစာတန်းထိုး
××××××××××××××
Plot
Virus တစ်ခုကြောင့် လူသားအားလုံး အသက်အန္တာရယ်ရှိလာတဲ့အခါမှာတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Luke Hobbs နဲ့ Deckard Shaw တို့နှစ်ယောက်ပူးပေါင်းပြီး Virus ကိုရှာ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပြန်ပါတော့တယ်။
Review
Admin KPK
DatShin: 3/5
IMDB: 7.5/10
Rottentomatoes: 71%
2 responses to “Fast & Furious Presents: Hobbs & Shaw (2019)”
  1. Like!! Great article post.Really thank you! Really Cool.
  2. And that’s a great idea! It sure shows support even after all these years.
    But I think bryan is still hoping to get a s4 deal rather than a movie,
    and that takes a lot of $$$. I think with 5m you can make a couple of episodes at most. https://mynewbusiness.org/
Leave a Reply
Your email address will not be published. Required fields are marked *