/
Elseworlds (2018)

Elseworlds (2018)

CW ရဲ့ Arrowverse ဟာဆိုရင်ရှေ့မှာ
စီးရီးတစ်​ခုနဲ့ တစ်​ခု Crossover အနေနဲ့
Flash vs. Arrow, Heroes Join Forces, Invasion, Crisis on Earth-X တို့ကို
ထုတ်လွှင့်ခဲ့ပြီးပါပြီ။
ဒီနှစ် December မှာတော့
“Elseworlds” ဆိုတဲ့ ငါးခုမြောက်​ Crossover ကို
သုံးညဆက်တိုက် ထုတ်လွှင့်ပေးသွားမှာပါ။

ဒီ Crossover ကိုတော့ မြန်​မာစံတော်​ချိန်​ ယနေ့ December 10 ရက်​နေ့ မနက်​ပိုင်းမှာ​Flash ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်​။
မနက်​ဖြန်​ မနက်​မှာတော့ Arrow ကို
ဆက်​လက်​ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး၊
သဘက်​ခါညမှာတော့ Supergirl ကို
Crossover ရဲ့ နောက်ဆုံးအပိုင်းအနေနဲ့
ထုတ်လွှင့်ပေးသွားမှာပါ။

ထူးခြားတဲ့တစ်​ချက်​ကတော့
အရင်​ Crossover တွေတုန်းကလို
DC’s Legends Of Tomorrow ပါဝင်​လာခြင်း
မရှိပါဘူး။

သို့ပေမယ့်​လို့ Batwoman နဲ့ Lois Lane တို့လို နာမည်​ကြီး Character အသစ်​တွေနဲ့၊
Gotham လို စူပါဟီးရိုးပရိသတ်​တွေရဲ့
အထင်​ကရမြို့ကို Arrowverse ထဲမှာ
ထည့်​သွင်း မိတ်​ဆက်​ပေးလိုက်​ပါပြီ။
ဒါ့အပြင် Easter Egg တွေလည်း
တစ်လှေကြီးသုံးထားပါသေးတယ်။

“Elseworlds” မှာ Supergirl, Flash နဲ့ Arrow တို့ဟာ Gotham မြို့ရဲ့
အထင်​ကရ Arkham Asylum ကို
သွားကြမှာဖြစ်လို့ Batman ရဲ့
တကယ့် Villain တွေလည်း ပါဝင်လာမှာဖြစ်တဲ့အတွက် ဒီစိတ်လှုပ်ရှားစရာ Crossover
event ကို သုံးညလောက် ရင်​ခုန်​စွာ
စောင့်​မျှော်​ ကြည့်​ရှုလိုက်​ရအောင်​။

Team Arrow မှ ဘာသာပြန်​တင်​ဆက်ပေးထားပြီး ဇာတ်​လမ်းအညွှန်းကိုတော့
David မှ ရေးသားပေးထားပါတယ်​။

Type: TVDuration: 42minQuality: Year: View: 2,978

Elseworlds (2018) Episodes