/
Ditto (2000)

Ditto (2000)



Genre: , , Director: Actors: , , , Country: Released: 27 May 2000 Score: 7.2 Duration: 110 min Quality: 720p Years: View: 1,747

ထပ်တူ
=====
သာယာလှပပြီးကြယ်တွေစုံလွန်းတဲ့ည တစ်ညမှာပြူတင်းပေါက်ကနေ ထွန်းလင်းနေတဲ့ လမင်းကြီးကိုငေးကြည့်ဖူးလား?
မိုးတွေ အပြင်မှာ အရမ်းသည်းနေချိန် ကော်ဖီဆိုင်မှန်တံတိုင်းက တဆင့် အပြင်က မိုးစက်တွေကို ကြည့်နေဖြစ်ခဲ့လား?
မိုးကြီးလေကြီးတွေသည်းထန်နေတဲ့ ကာလမျိုးမှာ ကမ်းဘေးမှာ တစ်ယောက်တည်းထိုင်ပြီး လှိုင်းတွေ လှေတွေနဲ့မြစ်ပြင်ကျယ်ကြီးကို ထိုင်ငေးဖူးလား?
ချစ်ခြင်းတရားဟာ စစ်မှန်လွန်းတဲ့အခါ ကိုယ့်နေ့စဉ် သွားလာနေထိုင်မှုကိုက အချစ်ဖြစ်ခဲ့တာပါပဲ။
.
ရယူပိုင်ဆိုင်လိုမှုတွေအရေးမပါတော့သလို။ အမြဲတမ်း အတူရှိနေဖို့မလိုအပ်။ ဟိုးဝေးဝေးက ရပ်ငေးရုံသက်သက်နဲ့လဲ ရင်ထဲမှာ နွေးထွေးစေနိုင်တယ်ဆိုရင်

Yoon So-eun (Kim Ha-neul) ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Silla တက္ကသိုလ်ရဲ့ ကျောင်းသူမလေးတစ်ယောက်။ သူ့ ခရပ်ရှ်
တပ်မတော်တာဝန်ထမ်းပြီး ပြန်အလာကိုဇွဲရှိရှိနဲ့စောင့်နေခဲ့တာ။ သူ့ ခရပ်ရှ်ပြန်လာတယ် သူ့ကို သတိထားမိတယ်။ သတိထားမိအောင် လုပ်နိုင်ခဲ့တဲ့
အကျိုးဆက်အဖြစ် ရေဒီယို ကြေးနန်းတစ်လုံး အိမ်ကို ပါလာတယ်။
.
သုံးစားမရတော့ပါဘူးလို့ သူ့ ဘော်ဒါကပြောခဲ့တဲ့ ရေဒီယို ကြေးနန်းလေးက အသံတွေထမြည်လာတယ်။ သူပြန်ဖြေတယ်။
ကောင်လေးတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။ အဲ့ဒီကောင်လေးဟာ သူနဲ့ တစ်ကျောင်းထဲ တက်နေတဲ့သူ။ သူ့ကို
ဒီစက်လေး မသုံးတတ်မှာစိုးရိမ်လို့ ဒီစက်ကို ဘယ်လိုသုံးရမလဲဆိုတဲ့ လမ်းညွှန်စာအုပ်ကို လာပို့ပေးမယ်ဆိုပြီး
ကျောင်းရှေ့က နာရီစင်မှာ သူတို့ ချိန်းဖြစ်ခဲ့ကြတယ်။ နှစ်ယောက်လုံး အဲ့ဒီ နာရီစင်ရှေ့မှာအချိန်အကြာကြီး စောင့်ခဲ့ရတယ်။
ကောင်မလေး စောင့်ဆိုင်းနေတဲ့ အချိန်မှာ နေပူကြဲတဲဖြစ်နေပြီး။ ကောင်လေး စောင့်နေခဲ့တဲ့ အချိန်မှာတော့ မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့တော့။
.
သူတို့ ရေဒီယိုလေးကနေစကားတွေ ဆက်ပြောဖြစ်တယ်..။ ဆက်ပြောဖြစ်တဲ့ စကားတွေ ခေတ်ရှေ့ကို ရောက်နေတဲ့ကောင်လေးရဲ့
သက်သေပြနိုင်မှုတွေအရ ကောင်မလေးဟာ ၁၉၇၉ ကကျောင်းသူ တစ်ယောက်ဖြစ်ပြီးကောင်လေးကတော့ လက်ရှိခေတ် ၂၀၀၀ ခုနှစ်ရဲ့
ကျောင်းသား တစ်ယောက်ဆိုတာပါပဲ။ သူတို့နှစ်ယောက်ဟာ ဘယ်အရာလဲ ဖြေရှင်းမပြနိုင်တဲ့ အရာတစ်ခုရဲ့ စွမ်းအားတစ်ခုအောက်
ကံတရားရဲ့ လှည့်စားမှုအောက် လှပလွန်းသလို ရက်စက်စွာကံကြမ္မာက ရေဒီယိုလေး တစ်လုံးနဲ့ ဆုံဆည်းစေခဲ့တယ်။
.
သူတို့ ဆုံဖြစ်ခဲ့တယ်ဆိုတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ခဲ့ပါဘူး။ အားလုံးဟာ ကံကြမ္မာရေးတဲ့ပြဇာတ်အတိုင်းကနေရတဲ့
လူတွေ အတွက် မထူးဆန်းတဲ့ ဆန်းကြယ်မှုတစ်ခုသက်သက်ပါပဲ။ သူနဲံ့ လွန်ခဲ့တဲ့ နှစ်တွေက ကောင်မလေးနဲ့ ဆက်သွယ်မှုတွေမှာ
တစ်ဖြည်းဖြည်းသိလာရတဲ့ နောက်ကြောင်းဇာတ်လမ်းမှာ သူ့ မိဘတွေပါ ပတ်သက်ဆက်နွယ်နေတာကို သိလိုက်ရချိန်မှာ..?
.
ဘ၀မှာကြည်နူးစရာ အကောင်းဆုံး ဒါမှမဟုတ်ကြေကွဲစရာ အကောင်းဆုံးဇာတ်လမ်း တစ်ပုဒ်ကြည့်ခဲ့ဖူးပြီလို့ ထင်နေကြရင် ဒီကားလေးကို
ဆက်ဆက်ကြည့်စေချင်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်သူ ကိုဝေဟံလင်းထင် ဖြစ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *