Advertise here
/
Devil’s Tree: Rooted Evil (2018)

Devil’s Tree: Rooted Evil (2018)

ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ ကောလိပ်ကျောင်းသူလေး ဆမန်သာက စာတမ်းပြုစုဖို့အတွက်
သူငယ်ချင်း ရော့ဘ်နဲ့အတူ ပန်းခြံထဲကသစ်ပင်ကြီးတစ်ပင်ဆီကို ရောက်ရှိလာခဲ့ပါတယ် ဒီသစ်ပင်ကသာမန်မဟုတ်ဘဲ
သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကလဲ အခိုင်အမာဆိုနေကြပါတယ် ဒေသခံတွေက ဒီသစ်ပင်ကြီးကို
နတ်ဆိုးသစ်ပင်လို့နာမည်ပေးထားကြပြီး သစ်ပင်အနီးမှာ လူပေါင်းများစွာသေခဲ့ရဖူးတဲ့ ရာဇဝင်တွေလဲရှိနေပါတယ်
သစ်ပင်ရဲ့ဖြစ်ရပ်မှန်ကို ပိုပြီးတူးဆွလေလေ ဆမန်သာရဲ့အတိတ်က မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ရာရောက်လေလေဆိုတာ
ဆမန်သာရော ရော့ဘ်ရော မသိခဲ့ကြပါဘူး နောက်ဆုံး နတ်ဆိုးသစ်ပင်ရဲ့နောက်ကွယ်ဇာတ်လမ်းကို ဆမန်သာသိရှိသွားမလားဆိုတာကို
ပရိတ်သတ်ကပါ ဆမန်သာနဲ့အတူတူ ရင်ခုန်စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်
သာမန်သည်းထိတ်ရင်ဖိုကားတွေမှာ ရလေ့မရှိတဲ့ IMDb rating 6.5/10 အထိရရှိထားပြီး ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်
အကယ်၍ သင်တို့သာစိတ်ဝင်စားမယ်ဆိုရင် ယနေ့ထိတည်ရှိနေဆဲဖြစ်တဲ့ နတ်ဆိုးသစ်ပင်ရဲ့တည်နေရာကို တကယ်ကြုံတွေ့ခဲ့ရတဲ့
ဂျာနယ်လစ်မလေးက ဇာတ်လမ်းအဆုံးမှာ ပြောပြပေးထားလို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ပါတယ်

Translated by Myo Khant

Score: 5.0 Duration: 76 min Quality: 720p Years: View: 1,139