/
Devdas (2002)

Devdas (2002)

Zamindar Narayan Mukherjee ရဲ့သား Devdas (Shahrukh Khan) ဟာ ငွေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူဖြစ်ပါတယ်။
သူဟာ Taj Sonapur ကကြွယ်ဝတဲ့ ရွာတစ်ရွာမှာနေထိုင်တယ်။ သူ့ကလေးဘ၀ကို အဲ့ဒီနေရာမှာ ကစားဖော် Paro (Aishwarya) နဲ့
အတူဖြတ်သန်းကြီးပြင်းခဲ့ပါတယ်။ သူတို့ဟာ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ကျွမ်းဝင်ကြသူတွေဖြစ်တယ်။
နောက်ခံအသိုင်းအ၀ိုင်း အခြေအနေ ကွာခြားချက်တွေရှိပေမယ့် သူတို့ကြားမှာ ဘယ်လိုမှမဖြတ်တောက်နိုင်တဲ့သံယောဇဉ်ရှိတယ်။
စကားတစ်ခွန်းမှ ပြောစရာမလိုပဲ တစ်ဖြည်းဖြည်းနဲ့ အဲ့ဒီသံယောဇဉ်ဟာ အချစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့် Devdas လန်ဒန်ကို ပညာသင်ဖို့ထွက်သွားတဲ့ အချိန်မှာ သူတို့စိတ်ကူးယဉ်အိမ်မက်လေး ပျောက်ပျက်သွားတယ်။ သူ့ရဲ့
Devdas ထွက်သွားပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ Paro ကမ္ဘာပျက်ခဲ့ရတယ်။ အဲ့ဒီမှာ ဒီယာ ဆီမီးခွက်ကလေးကို သူထွန်းညှိခဲ့ပါတယ်။
သူ့ ချစ်သူ မြန်မြန်ပြန်လာစေဖို့သင်္ကေတအနေနဲ့ပါ။

Devdas ပြန်လာမှာလား။ ပြန်လာရင်ကော သူ့အပေါ် သံယောဇဉ် အရင်လိုပဲလား ဒါမှမဟုတ် မတူညီတဲ့ အသိုင်းအ၀ိုင်းတွေ အခြေအနေတွေက
သူတို့ အချစ်ဇာတ်လမ်းကို ထိပါးလာမှာလားဆိုတာ..

Devdas ဟာ သမိုင်းနောက်ခံဇာတ်လမ်းတွေကို ဆက်တင်ခမ်းခမ်းနားနားတွေနဲ့ ရင်သပ်ရှုမော ဖြစ်ရလောက်အောင်ရိုက်ပြတတ်တဲ့ ဒါရိုက်တာ
Sanjay Leela Bhansali ရဲ့ အစောပိုင်းလက်ရာတွေထဲက တစ်ခုဖြစ်ပြီး သူ့ကိုတန်းဝင်အဖြစ် အသိအမှတ်ပြုစရာလဲဖြစ်ခဲ့ပါတယ်။ ဆုပေးပွဲတိုင်းနီးပါးမှာ
အဓိက ဆုကြီတွေ ဆွတ်ခူးခဲ့ပြီး အိန္ဒိယမှာကော နိုင်ငံတကာဈေးကွက်မှာပါ ၂၀၀၂ ရဲ့ ၀င်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။

ဘာသာပြန်သူကတော့ ကို Min Zaw Htwe ဖြစ်ပြီး အညွှန်းကိုတော့ ကို Waihan Lin Htin မှ ရေးပေးတာဖြစ်ပါတယ်

Score: 7.6 Duration: 185 min Quality: 720p Years: View: 2,212