/
Despicable Me 3 (2017)

Despicable Me 3 (2017)

2017 ခုနှစ်ရဲ့ နှစ်အစပိုင်းတွေမှာပဲ .. အွန်းလိုင်းတစ်ခွင်နဲ့ . ယူကျူမှာ Traillar များစွာထွက်ရှိခဲ့ပြီး .. ပရိသတ်တွေက တခုတ်တရနဲ့ မျှော်လင့်စောင့်စားခဲ့ရတဲ့ Despicable ME 3 ပါ .. ME ဆိုလိုက်တာနဲ့ သိတဲ့အတိုင်း .. ချစ်စရာ Minions(ဘာနားနား)လေးတွေကိုပြေးမြင်မိကြမှာပဲမဟုတ်လား .. တကယ်တမ်းလည်း ကမ္ဘာ့ပရိသတ်ရဲ့ စိတ်နှလုံးကိုညှို့ယူ ဖမ်းစားနိုင်ခဲ့ကြတဲ့ ဇာတ်ကောင်လေးတွေပါ .. . ဒီကားမှာဆိုရင် .. * ကမ္ဘာ့အဆိုးရွားဆုံး ဗီလိန်တစ်ယောက်အဖြစ်ကနေ .. အဆိုးရွားဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာတဲ့ .. Gru ရဲ့ စွန့်စားခန်းတွေ .. * ငယ်စဉ်ကတည်းက ညီငယ် Gru နဲ့ ကွဲကွာခဲ့ရပြီးပြန်လည်ဆုံတွေ့ချိန်မှာ .. မိဘရဲ့လက်ငုတ်လက်ရင်း ဗီလိန်လုပ်ရတာကို ..သဘောကျနှစ်သက်​ပေမယ့်​ တစ်သက်လုံး သကြားလုံးတောင်ဖြောင့်ဖြောင့်မြည်အောင်မခိုးနိုင်တဲ့ အကိုကြီး Dru က ညီငယ် Gru နဲ့အတူ ဗီလိန်လုပ်ကြတာတွေ … (အခွီတွေချည်း) *အန်တီလူစီက ကလေးငယ်တွေရဲ့အမေတစ်ယောက်အဖြစ် မိခင်ပညာ၊ နည်းနာတွေကို လေ့လာသင်ယူရင်း .. စွန့်စားခန်းတွေထဲမှာ ပါဝင်သွားခဲ့ရပုံတွေ .. အစရှိတာတွေအပြင် … အဓိက လူဆိုးကောင် ဘယ်သဇာဘရက်ရဲ့ .. ကလိမ်ကျ၊ ဗီလိန်လုပ်၊ ခိုးဝှက် . ဘာတစ်ခုမှကောင်းတာမလုပ်ပဲ … ဗီလိန်မှ ဗီလိန် . ဗီလိန် လုပ်ရတာကို အသွေးထဲအသားထဲကနေ တောင့်တပြီး အသားတွေပါတဆတ်ဆတ်တုန်အောင် ဗီလိန်မလုပ်ရမနေနိုင်မှုများနှင့်အတူ … ကမ္ဘာ့အသည်းကျော် . ချစ်စရာ Minions (ဘာနားနား)လေးတွေရဲ့ သီချင်းဆိုပြိုင်ပွဲကိုမထင်မှတ်ပဲရောက်ရှိသွားမှု ၊ အကျဉ်းထောင်က ဖောက်ပြေးမှုတွေကို တဝကြီးခံစားကြည့်ရှုနိုင်ဖို့အတွက် … ကျွန်တော်တို့ Admin Team ကနေပြီးတော့ ကြိုးစားတင်ဆက်ပေးလိုက်ပါတယ် .. ဒီတော့ချစ်ဖို့ကောင်းတဲ့မန်ဘာတွေရေ .. ချစ်စရာ Minions (ဘာနားနား) လေးတွေပါဝင်တဲ့ DESPICABLE ME3 ကြည့်ရင်း ရယ်မောပျော်ရွှင်လိုက်ကြပါဦးနော်

အညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော်တို့ mmsubtitles.co ရဲ့ ဘာတာဝန်ယူထားမှန်းမသိသူ ကို Lay Cho မှ ဘာသာပြန်ပေးထားပါတယ်။ ပထမဆုံးဘာသာပြန်တဲ့ကားလေးမို့ အမှားပါရင် ခွင့်လွှတ်ပေးပါဦးတဲ့။

Score: 6.3 Duration: 89 min Quality: 1080p Years: View: 1,341