/
Constantine

Constantine



Genre: , , , Director: Actors: , , , Country: , Released: 18 Feb 2005 Score: 7.0 Duration: 121 min Quality: 360p, 720p Years: View: 1,146

ဒီရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ အတော်လေး
ဂယက်ရိုက်သွားတဲ့ ” မီ ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာပေါ် “ဆေးလိပ်မသောက်ရ” ဆင်ဆာ စတေကာ အကပ်ခံလိုက်ရတဲ့
ကိစ္စကို လူတိုင်းလိုလို မြင်တွေ့ကြမှာပါ။

လူငယ်တွေကို အနာဂတ် ပျက်ဆီးစေမယ့်
ဆေးလိပ်သောက်ခြင်း အလေ့အထကို
တစ်ဖက်တစ်လမ်းကရော တိုက်ရိုက်ရောပါ
အားပေးအားမြှောက်ဖြစ်စေမယ့် လုပ်ရပ်မျိုးကို
အချိန်မှီတားဆီးပေးနိုင်ခဲ့တာကတော့
လူငယ်တွေရဲ့ ရှေ့ရေးအား မျှော်တွေးပြီး
ပိုစတာပေါ်ရှိ မီ ဆေးလိပ်ကိုင်ထားတဲ့ပုံကို
လူမုန်းခံ ရှုတ်ချရေးသားပေးထားတဲ့
စာတိုတစ်ပုဒ်ကြောင့်သာ ဖြစ်ပါတယ်။
ထို စာတိုတစ်ပုဒ်ပိုင်ရှင် နဲ့ ဆင်ဆာအဖွဲ့မှ
လူကြီးမင်းတွေရဲ့ လူငယ်တွေဘက်ကနေ
မားမားမတ်မတ် ရပ်တည်ပေးပုံ၊
သည်းခံနိုင်စွမ်း ကြီးမားပုံ၊ ဗဟုသုတ နှံ့စပ်ပုံ၊
မျှတစွာတွေးခေါ်နိုင်စွမ်း ရင့်သန်ပုံ တွေကြောင့်
မြန်မာ့လူငယ်ထုတစ်ခုလုံးဟာ အခုဆိုရင်
ဆေးလိပ်ဆို အနံ့ပင်မခံနိုင်လောက်တဲ့အထိ
ရွံမုန်းသွားကြပြီး မူးယစ်ဆေးဝါးပြဿ နာတွေပါ ကျဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။
ပြည်တွင်းရိုက်ခတ်မှုရဲ့ ရလာဒ်ကောင်းများဟာ ထိုမျှတင်မကဘဲ ” မြန်မာနိုင်ငံရဲ့
အကောင်းဆုံးဦးနှောက်တွေ ဆေးတက္ကသိုလ်မှာ ပုံနေ ” တဲ့ အထိဖြစ်ခဲ့ပါတယ်။

ဒီနိုင်ငံမှာ ဘယ်သူမှ ထိထိရောက်ရောက်
မလုပ်ဆောင်နိုင်သေးတဲ့ လှုပ်ရှားမှုမျိုးဟာ
ထိုလူကြီးမင်းတွေ လုပ်ဆောင်လိုက်မှသာ
အရာရောက်ခဲ့တဲ့အတွက် သမိုင်းဝင်အောင်ပွဲလို့တောင် ခေါ်ခံထိုက်နေဦးမှာပါ။
ထိုလှုပ်ရှားမှုဂယက်ဟာ ပြည်တွင်းတင်သာမက
အနောက်တိုင်းအထိပါ ရိုက်ခတ်ခဲ့ပါတယ်။

မင်းသားကြီး Keanu Reeves ဟာ
သူ့ရဲ့အထာကျကျ ဆေးလိပ်သောက်တတ်တဲ့ Constantine ဇာတ်ကောင်နဲ့ ကြည့်ရှုသူ
လူငယ်ပရိသတ်ကို အဆိပ်ခတ်ခဲ့တာ
အားလုံးလည်း သိဖူးကြမှာပါ။
ယခုအခါမှာတော့ မြန်မာနိုင်ငံရဲ့
” လူငယ်နှင့် ဆေးလိပ် ဆန့်ကျင်ရေး ” လှုပ်ရှားမှုကို WHO ကပါ အသိအမှတ်ပြုတဲ့အနေနဲ့ လူငယ်များအား အဆိပ်ခတ်ခဲ့တဲ့ Constantine ဇာတ်ကားကို ” ဆေးလိပ်မသောက်ရ ဆင်ဆာစတေကာတွေ သုံးပြီး
ပြန်ထုတ်ရင်ထုတ်၊ မထုတ်ရင် ခင်ဗျားတို့
WB ရုပ်ရှင်ထုတ်လုပ်ရေး ကို
ဒေါ်လာငါးဆယ် ဘီလီလျံ ဒဏ်ရိုက်မယ် ” လို့
သတိပေးခဲ့အတွက် WB ရုပ်ရှင်ထုတ်လုပ်ရေးမှ ဆေးလိပ်မသောက်ရ ဆင်ဆာစတေကာများ အသုံးပြုပြီး ပြန်လည်ထုတ်ဝေလိုက်ပါတယ်။
ဆင်ဆာစတေကာ အသုံးပြုထားသော
ဇာတ်ဝင်ခန်းများကိုလည်း ဓာတ်ပုံနှင့်တကွ
ဖော်ပြပေးထားပါတယ်။

#CMK #Roast_it #Nonsense_censor

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ တစ်နေ့မှာ ပယောဂနှင်သူ ဂျွန်ကွန်စတန်တင်း
တစ်ယောက် မိန်းကလေးတစ်ယောက်ကိုဝင်ပူးနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်အား
ငရဲပြန်ပို့ပြီးတဲ့အခါမှာ ကမ္ဘာကြီးမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာဦးမယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။
အစ္စဘယ်လ်ဆိုတဲ့စိတ်ဝေဒနာရှင်တစ်ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကို သူ့အစ်မဖြစ်သူ ရဲစုံထောက် အန်ဂျလာ က မယုံကြည်နိုင်ဖြစ်နေပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ တခြားကိစ္စတွေရှိနေကြောင်းကို ရိပ်မိလာပြီးတော့ ဂျွန်ကွန်စတန်တင်း ဆီကိုသွားရောက် တိုင်ပင်ကာ စုံစမ်းလာတဲ့အခါမှာတော့….

မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားတာမို့လို့ ဘယ်လိုတွေမိုက်မလဲဆိုတာကိုတော့ အထူးတလည်ညွှန်းဖို့
သိပ်မလိုတော့ဘူးလို့ထင်ပါတယ်။

 

Translated by Aung Pyae Kyaw
Encoded by Zon Myat Noe Swe

One response to “Constantine”

  1. blueray down tr file not found fit nay tal bro

Leave a Reply

Your email address will not be published. Required fields are marked *