/
Bohemian Rhapsody (2018)

Bohemian Rhapsody (2018)



Genre: , , Director: Actors: , , , Country: , Released: 02 Nov 2018 Score: 8.3 Duration: 134 min Quality: Bluray 720p Years: View: 1,561

လိင်​တူချစ်​သူတစ်​​ယောက်​ ၊
AIDS ​​ရောဂါသည်​ဘဝနဲ့ ​သေသွားတာခဲ့တာ​တောင်​မှ
ယောက်ျား မိန်းမ မ​ရွေးလက်​ခံအား​ပေးခြင်းခံရတဲ့
သူ့ရဲ့ အနုပညာနဲ့ အရည်​အ​သွေး​တွေဟာ
လူသာ​သေသွား​ပေမယ့်​ သီချင်း​တွေနဲ့ နာမည်​က​တော့
ယ​နေ့ထိတိုင်​​အောင်​ တွင်​ကျန်​ရစ်​ခဲ့ပါတယ်

ဒီဇာတ်​လမ်းဟာRock N Roll သီချင်း​တွေကိုဖန်​တီးနိုင်​ခဲ့တဲ့
Freddie ဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​အ​ကြောင်းနဲ့
သူ့ရဲ့ဂီတဝိုင်း​တော်​သား Queen ​အဖွဲ့ဖြစ်​လာ​ပေါ်ပုံကို
အရိုးရှင်းဆုံး လူပိန်းနားလည်​ချပြထားတဲ့အတွက်
Queen အဖွဲ့ကိုနားမ​ထောင်​ဖူးသူ မသိတဲ့သူ​တောင်​မှ
ရင်​ထဲထိကိုအ​ရောက်​ပို့နိုင်​မယ်​ဆို​သေချာပါတယ်
(Queenကိုမသိတဲ့သူရှားမယ်​ထင်​)

လူမျိုး​ရေးဝါဒီကြီးစိုးခဲ့တဲ့ ထို​ခေတ်​ကာလအ​ခြေအ​နေအရ
ပါကစ္စတန်​သားဖြစ်​တဲ့ Freddie ဟာ တစ်​ချို့အတွက်​​တော့
မျက်​​မှောင်​ကြုတ်​စရာဖြစ်လို့​နေမှာမလွဲပါဘူး
သာမန်​ရိုးစင်းတဲ့ မိသားစုဘဝ​လေးမှာ​မွေးဖွားပြီး
ဂီတကိုချစ်​မြတ်​နိုး ရူးသွပ်​ခုံမင်​တဲ့သူ့ဝါသနာ​ကြောင့်
သူအမြဲလိုလိုလိုက်​လံအား​ပေး​နေတဲ့ Smile ဆို​တဲ့
Band ​လေးတစ်​ခုမှာ အဆို​တော်​ကနှုတ်​ထွက်​သွားရာက
မထင်​မှတ်​ပဲ ထိုအဆို​တော်​​နေရာကို ရရှိသွားတယ်
တစ်​ချိန်​ထဲမှာပဲ ဘဝမှာပထမ​ဆုံးနဲ့ ​နောက်​ဆုံးချစ်​ရတဲ့
မိန်းက​လေးတစ်​​ယောက်​နဲ့ ချစ်​ကြိုက်​တယ်

Bar ​လေး​တွေမှာလိုက်​ဆို​နေရတဲ့ဘဝကိုငြီး​​ငွေ့လာတဲ့
Freddie ဟာဝိုင်း​တော်​သား​တွေရဲ့ကား​လေးကို​ရောင်း
အရဲစွန့်​ပြီးပုံ​အောပြီး ပထမဆုံးအကြိမ်​အဖြစ်
စတူဒီယိုတစ်​ခုမှာ အသံဖမ်း​တေးသံသွင်းခဲ့ကြရာက
ကံ​ကောင်း​ထောက်​မတယ်​ဆိုရမလား
သူတို့ရဲ့ဖန်​တီးမှု​တွေကို နာမည်​​ကျော်​ထုတ်​လုပ်​သူ​တွေမှ
မျက်​စိကျပြီး စင်​​ပေါ်တင်​ခဲ့ရာက​နေ
Rock N Roll ​လောကထဲမှာ Legend ​တွေအဖြစ်
ရပ်​တည်​နိုင်​ခဲ့ကြပါတယ်

သို့​ပေမယ့်​ ​အောင်​မြင်​မှုရဲ့​နောက်​ကွယ်​ဆိုတဲ့
စကား​အတိုင်း ​ပရိတ်​​သတ်​​တွေမသိ​ခဲ့တဲ့
Queen အဖွဲ့ရဲ့​နောက်​ခံသမိုင်းနဲ့အတွင်း​ရေး​တွေကို
မြင်​​တွေ့သိရှိခွင့်​ရမယ့်​ဇာတ်​လမ်းပါပဲ

Review by David
Translated by KY
Encoded by Myo Khant

Ray-Ray Armstrong Authentic Jersey